နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ဖမ်းဆီးခံထားရသော အစ္စတန်ဘူလ်မြို့တော်ဝန်အတွက် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ကြီးထွားလာနေခြင်းကို တူရကီအစိုးရ သတိပေး

မတ်လ (၂၁) ရက်။

တက္ကသိုလ်ကျောင်းများနှင့် အခြားနေရာများတွင် စတင်ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများတွင် လူ ၅၃ ဦး ဖမ်းဆီးခံခဲ့ရပြီး ရဲအရာရှိ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အလီယာလစ်ကာရာ (Ali Yerlikaya) က ပြောကြားခဲ့သည်။

လွန်ခဲ့သောနှစ်ရက်က အစ္စတန်ဘူလ်မြို့တော်ဝန် “ အီကရမ်အီမာမိုဂလူ” ကို ဖမ်းဆီးထိန်းသိမ်းခြင်းကြောင့် ထောင်နှင့်ချီသောလူများ ဆန္ဒပြခဲ့ကြပြီး အတိုက်အခံ ခေါင်းဆောင်များထံမှ လမ်းမပေါ်ထွက်ဆန္ဒပြကြရန် တောင်းဆိုမှုကို “တရားမ၀င်သော တောင်းဆိုမှု” ဖြစ်ကြောင်း သောကြာနေ့တွင် တူရကီအစိုးရက သတိပေးခဲ့သည်။

တက္ကသိုလ်ကျောင်းဝင်းများ၊ အစ္စတန်ဘူလ် မြူနီစီပယ်ရုံးချုပ်နှင့် အခြားနေရာများတွင် ကြာသပတေးနေ့က စတင်ခဲ့သော ဆန္ဒပြမှုများတွင် လူ ၅၃ ဦးကို ထိန်းသိမ်းခဲ့ပြီး ရဲအရာရှိ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အလီယာလစ်ကာရာက ပြောကြားခဲ့သည်။

သမ္မတ တာရစ်အာဒိုဂန် (Tayyip Erdogan) ၏ အဓိက နိုင်ငံရေးပြိုင်ဘက်ဖြစ်ပြီး အချို့သော ရွေးကောက်ပွဲများတွင် ဦးဆောင်နေသည့် အီမာမိုဂလူကို အကျင့်ပျက်ခြစားမှုနှင့် အကြမ်းဖက်အဖွဲ့အား ကူညီထောက်ပံ့မှုတို့ အပါအဝင် စွဲချက်များဖြင့် ဗုဒ္ဓဟူးနေ့တွင် ထိန်းသိမ်းခဲ့သည်။

အဓိက အတိုက်အခံပါတီဖြစ်သည့် မြို့တော်ဝန်၏ ရီပတ်ဘလီကန် ပြည်သူ့ပါတီ (CHP) က အဆိုပါ ဖမ်းဆီးမှုကို နိုင်ငံရေးအရ ရည်ရွယ်လှုံ့ဆော်မှုအဖြစ် ရှုတ်ချခဲ့ပြီး လူများကို တရားဥပဒေအတိုင်း ဆန္ဒပြရန် တိုက်တွန်းခဲ့သည်။ ဥရောပခေါင်းဆောင်များက ထိုသို့ထိန်းသိမ်း လိုက်ခြင်းကို ဒီမိုကရေစီ နောက်ပြန်ဆုတ်မှုအဖြစ် ဝေဖန်ခဲ့သည်။

ယာလစ်ကာရာ (Yerlikaya) နှင့် တရားရေးဝန်ကြီး ရီလ်မာ့ဇ်တွန်စ် (Yilmaz Tunc) တို့က လေးရက်အတွင်း လူစုလူဝေး မလုပ်ရန် တားမြစ်ပိတ်ပင်ထားပြီး လမ်းပေါ်ထွက်ဆန္ဒပြခြင်းကို တရားမဝင်ဟု ဆိုထားသည်။ CHP ခေါင်းဆောင် အော့ဇ်ဂါ အိုဇယ် (Ozgur Ozel) ကကမူ လမ်းပေါ်ထွက်ပြီး ဆန္ဒပြရန် တောင်းဆိုထားမှုကို အစိုးရအဖွဲ့က ဝေဖန်အပြစ်တင်ခဲ့သည်။

“စုရုံးခြင်းနှင့် ချီတက်ဆန္ဒပြခြင်းများသည် အခြေခံအခွင့်အရေးများဖြစ်သည်။ သို့သော် ဆက်လက်လုပ်ဆောင်နေသည့် တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုအပေါ် လမ်းမပေါ်ထွက် တောင်းဆိုခြင်းသည် တရားမ၀င်ဖြစ်ပြီး လက်မခံနိုင်ပါ” ဟု တွန်စ် က သောကြာနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

တွန်စ်က တရားခွင်သည် မည်သည့်တရားရေးလုပ်ငန်းစဉ်ကိုမဆို တုံ့ပြန်ရန်နေရာဖြစ်ပြီး တည်ငြိမ်မှုရှိရန် တောင်းဆိုခဲ့ပြီး “ လွတ်လပ်ပြီး ဘက်မလိုက်သောတရားစီရင်ရေး” ဖြင့် အမှုအား အကဲဖြတ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမတ အာဒိုဂန်အား အီမာမိုဂလူ (Imamoglu) ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဆက်နွယ်ခြင်း မပြုရန် ၎င်းက သတိပေးထားသည်။

အန်ကာရာ၊ အစ်ဇ်မီအာ (Izmir) နှင့် အစ္စတန်ဘူလ် အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ အခြား ပြည်နယ်များတွင် ကြာသပတေးနေ့တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အဓိကလမ်းများပေါ်တွင် ရဲများက အတားအဆီးများ စိုက်ထူထားသည်။

‘လှည့်စားမှု’

အတိုက်အခံများက အစိုးရအတွင်း အမှားအယွင်းတွေကို အာရုံပြောင်းစေရန် “လှည့်စားမှုများ” နှင့် “ဝါဒဖြန့်မှုများ” ကို ပြုလုပ်နေသည်ဆိုသည့် ဝေဖန်မှုကို အာဒိုဂန်က ပယ်ချခဲ့သည်။

ကြာသပတေးနေ့နှောင်းပိုင်းတွင် အဓိကအစ္စတန်ဘူလ်လူထုစုဝေးပွဲ၌ CHP ၏ အိုဇယ် (Ozel) က “ ဟေး အာဒိုဂန်၊ လမ်းတွေပေါ်မှာ လူတွေစုဝေးလာမှာကို ခင်ဗျား အကြောက်ဆုံးပဲ။ ငါတို့ အခုလမ်းတွေပေါ်မှာ၊ ရင်ပြင်တွေပေါ်မှာရှိနေပြီ။ ဆက်ပြီးကြောက်နေလိုက်ပါ။”

“ငါတို့ ရွေးကောက်ထားသူကို ဖမ်းထားတာ ငါတို့က အိမ်မှာ ထိုင်နေမှာ မဟုတ်ပါဘူး” ဟု ထောက်ခံသူ ထောင်ပေါင်းများစွာရှေ့တွင် ၎င်းက ပြောကြားခဲ့သည်။

“ မစ္စတာတေရစ် (အာဒိုဂန်) ခင်ဗျား ကြောက်နေတယ်မလား၊ ခင်ဗျားက မေးတယ် ‘မင်းတို့က လူတွေကို လမ်းမပေါ်ကို ခေါ်နေတာလားလို့’ မင်းတို့က ရင်ပြင်ပေါ်ကို လူတွေ ခေါ်နေတာလားလို့’ ဟုတ်တယ်၊ ဒီရင်ပြင်တွေ၊ ဒီလမ်းတွေကို ငါတို့က လူတွေကို မခေါ်ခဲ့ဘူး။ အဲ့ဒီဖြစ်အောင် ခင်ဗျားက လုပ်ခဲ့တာ”

အီမာမိုဂလူ အဖမ်းခံရပြီးကတည်းက၊ ထောက်ခံသူအများအပြားသည် CHP မှ ပိုမိုခိုင်မာပြီး စနစ်တကျလုပ်ဆောင်ရန် တောင်းဆိုခဲ့ကြပြီး အိုဇယ် (Ozel) ၏တောင်းဆိုမှုသည် အစိုးရအပေါ် သိသိသာသာဖိအားများတိုးလာစေခဲ့သည်။

CHP သည် သက်တမ်းနှစ်ဆက် သက်တမ်းရှိ အသက် ၅၄ နှစ်အရွယ် မြို့တော်ဝန် အီမာမိုဂလူကို ၎င်း၏ သမ္မတလောင်းအဖြစ် တနင်္ဂနွေနေ့တွင် ကြေညာရန် စီစဉ်ထားခဲ့သည့်အချိန်တွင် အရေးယူမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ပါတီဝင်မဟုတ်သည့် ပါတီဝင်များကို နိုင်ငံတဝှမ်းရှိ မဲပုံးများတွင် မဲပေးကြဖို့ CHP လူထုက ခုခံသည့် လက္ခဏာတစ်ရပ်အနေနှင့် တောင်းဆိုထားပါသည်။

၂၀၂၈ ခုနှစ်အထိ သမ္မတရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသော်လည်း အသက် ၇၁ နှစ် အရွယ် အာဒိုဂန်သည် ထပ်မံအရွေးခံရန် ဆုံးဖြတ်ပါက နှစ်သက်တမ်းကန့်သတ်ချက်ကို ကျော်လွန်သွားမည်ဖြစ်သည်။

ဖြိုခွင်းခြင်း

+++++

အီမာမိုဂလူကို ထိန်းသိမ်းမှုသည် ၎င်းတို့၏ ရွေးကောက်ပွဲ အလားအလာကို ထိခိုက်စေရန် ကြိုးပမ်းမှုဖြစ်ကြောင်း အတိုက်အခံများက ပြောကြားခဲ့သည်။ အတိုက်အခံပုဂ္ဂိုလ်များကို တရားဝင် ဖြိုခွင်းမှုတစ်ခုဖြစ်ပြီး သဘောထားကွဲလွဲမှုများကို နှုတ်ပိတ်ခြင်းဖြစ်ကြောင်း စွပ်စွဲချက်ကို အာဒိုဂန်အစိုးရက ငြင်းဆိုထားသည်။

အာဒိုဂန်အစိုးရကို ဆန့်ကျင်သည့် လူထုအာဏာဖီဆန်မှုကို ပြင်းထန်သော ဖြိုခွင်းမှု ဖြစ်စေခဲ့သည့် ၂၀၁၃ ခုနှစ် နိုင်ငံတစ်ဝန်း ဂီဇီ ပန်းခြံ (Gezi Park) ဆန္ဒပြပွဲမှစ၍ အန်ကာရာသည် အာဏာဖီဆန်မှုများကို သိသာစွာ တားဆီးခဲ့သည်။

ကြာသပတေးနေ့ အင်တာဗျူးတစ်ခုတွင် အိုဇယ် (Ozel) က ၎င်း၏ပါတီသည် ခုခံဆန့်ကျင်သော်လည်း လူထုစည်းကမ်းညီညွတ်မှုကို မထိခိုက်စေကြောင်း ရိုက်တာသို့ ပြောကြားခဲ့သည်။

အီမာမိုဂလူ အထိန်းသိမ်းခံရပြီးကတည်းက ၎င်းတို့နေခဲ့သည့် မြူနီစပယ်ဌာနချုပ်မှ အာဏာပိုင်များနှင့် CHP အရာရှိများကို ဖယ်ရှားရန် အာဏာပိုင်များ၏ ဖြစ်နိုင်ချေရှိသော ကြိုးပမ်းမှုများကို တွန်းလှန်သွားမည်ဟု သူက ကတိပြုခဲ့သည်။ ပါတီသည် အီမာမိုဂလူနေရာကို မတရားသော အစားထိုးမှုမှန်သမျှကို ဆန့်ကျင်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

အီမာမိုဂလူသည် တူရကီနှင့် ၎င်း၏အနောက်တိုင်းမဟာမိတ်တို့မှ အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ခံထားရသော ကာဒစ်စတန် အလုပ်သမားပါတီ (PKK) ကို အကူအညီပေးနေသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားပြီး တရားစွဲခံရပါက အစိုးရခန့်အပ်ခံရသူနှင့် အီမာမိုဂလူကို အစားထိုးနိုင်မည်ဖြစ်သည်။

အီမာမိုဂလူ၏ တက္ကသိုလ်မှ ဘွဲ့ကိုဖျက်သိမ်းလိုက်ပြီးနောက် တစ်ရက်အကြာတွင် အီမာမိုဂလူ အထိန်းသိမ်းခံရခြင်း ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေစည်းမျဉ်းများအရ လေးနှစ်ကျောင်းတက်ပြီး ဘွဲ့ရထားသော ကိုယ်စားလှယ်လောင်းများကသာ သမ္မတအဖြစ် အရွေးခံခွင့် ရှိသဖြင့် အီမာမိုဂလူအနေနှင့် ဘွဲ့ဖျက်သိမ်းခံလိုက်ရသဖြင့် ဝင်ရောက်ရွေးချယ်ခွင့် ပိတ်ပင်ခံရမည့်သဘော ဖြစ်သည်။

သတင်းရင်းမြစ်။ ရိုက်တာ၊ NBC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

၂၀၂၃ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂက်စ် မိုဟာမက်ဒီကို အီရန်တွင် ဖမ်းဆီး၊ ထောက်ခံသူများက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 21 Views
BBC- ၂၀၂၅ခုနှစ်ဒီဇင်ဘာလ ၁၃ရက် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ နာဂက်စ် မိုဟာမက်ဒီ ကို “ အကြမ်းဖက်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်ခြင်းကြောင့် ဘီလာရုစ်က အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးလိုက်ခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 20 Views
BBC-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် သဘောတူပြီးနောက် ဘီလာရုစ်က ထင်ရှားသော အတိုက်အခံလှုပ်ရှားသူ မာရီယာ
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကမ္ဘောဒီးယားက နယ်စပ်ဂိတ်များကို ပိတ်ချထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 19 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ထရန့်က အိမ်နီးချင်းနှစ်နိုင်ငံအကြား တိုက်ပွဲများရပ်တန့်ရန် သဘောတူညီချက်ကို ကြေညာခဲ့ပြီးဖြစ်သော်လည်းတိုက်ခိုက်မှုဆက်လက်ဖြစ်ပွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း စနေနေ့တွင်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားက စွမ်းအင်ကွန်ရက်ကို တိုက်ခိုက်ပြီးနောက် ယူကရိန်းတွင် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 14 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် တစ်ညတာလုံး ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်းရှိ အိမ်ထောင်စု တစ်သန်းကျော် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း အရာရှိများက ပြောကြားခဲ့ပြီး၊ ရုရှားက စွမ်းအင်နှင့် စက်မှုလုပ်ငန်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း ဆုတ်ခွာပြီးနောက် ဒွန်ဘတ်စ်ဒေသ အချို့နေရာများတွင် “လွတ်လပ်သော စီးပွားရေးဇုန်” ဖန်တီးရန် အမေရိကန်က အဆိုပြု ဇီလန်စကီး ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 32 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်စကီးက ကြာသပတေးနေ့တွင် ပြောကြားသည်မှာ၊ ယူကရိန်း သည် ရုရှား နှင့် ညှိနှိုင်းထားသော ငြိမ်းချမ်းရေးအရ ဆုတ်ခွာပေးရမည့် အရှေ့ဘက် ဒွန်ဘတ်စ်ဒေသ၏
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

“အနုတင်” က အန်ဝါက ယနေ့ည ၁၀ နာရီတွင် တိုက်ပွဲရပ်ရန် တောင်းဆိုပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရှိကြောင်း အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 26 Views
နေးရှင်းသတင်းစာ – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် ဝန်ကြီးချုပ်က မည်သည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မဆို အခြားနိုင်ငံ ခေါင်းဆောင် ၏ ဖိအားပေးမှုမှ မဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံမှ တိုက်ရိုက် လာရမည်ဖြစ်ကြောင်း အလေးအနက်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းလေတပ် F-16 ဂျက်လေယာဉ်များက ကမ္ဘောဒီးယားစစ်တပ်အခြေစိုက်စခန်းအဖြစ် အသုံးပြုသည့် “ချိုင်ချမ်နီယာ” တံတားနှင့် ကာစီနိုအား ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 27 Views
နေးရှင်းသတင်းစာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် ထိုင်းနိုင်ငံမှ F-16 ဂျက်လေယာဉ်များက ထိုင်းနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်ရန် အသုံးပြုသည့် လမ်းကြောင်းများနှင့် ကွပ်ကဲမှုဗဟိုဌာနများကို ထိမှန်စေရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ ပူရဆတ် (Pursat) ရှိ “
ကမ္ဘောဒီးယား ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထရမ့်၏ အပစ်ရပ်စဲရေး တောင်းဆိုမှု ထွက်ပေါ်ပြီး နာရီပိုင်းအကြာတွင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကတိပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 13 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက် ဘန်ကောက်၊  ရိုက်တာသတင်း — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း ပြောကြားပြီး နာရီပိုင်းအကြာတွင် တိုက်လေယာဉ်များက ပစ်မှတ်များ ကို စနေနေ့တွင် တိုက်ခိုက်နေချိန်၌ ထိုင်းခေါင်းဆောင်က