နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ဖမ်းဆီးခံထားရသော အစ္စတန်ဘူလ်မြို့တော်ဝန်အတွက် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ကြီးထွားလာနေခြင်းကို တူရကီအစိုးရ သတိပေး

မတ်လ (၂၁) ရက်။

တက္ကသိုလ်ကျောင်းများနှင့် အခြားနေရာများတွင် စတင်ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများတွင် လူ ၅၃ ဦး ဖမ်းဆီးခံခဲ့ရပြီး ရဲအရာရှိ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အလီယာလစ်ကာရာ (Ali Yerlikaya) က ပြောကြားခဲ့သည်။

လွန်ခဲ့သောနှစ်ရက်က အစ္စတန်ဘူလ်မြို့တော်ဝန် “ အီကရမ်အီမာမိုဂလူ” ကို ဖမ်းဆီးထိန်းသိမ်းခြင်းကြောင့် ထောင်နှင့်ချီသောလူများ ဆန္ဒပြခဲ့ကြပြီး အတိုက်အခံ ခေါင်းဆောင်များထံမှ လမ်းမပေါ်ထွက်ဆန္ဒပြကြရန် တောင်းဆိုမှုကို “တရားမ၀င်သော တောင်းဆိုမှု” ဖြစ်ကြောင်း သောကြာနေ့တွင် တူရကီအစိုးရက သတိပေးခဲ့သည်။

တက္ကသိုလ်ကျောင်းဝင်းများ၊ အစ္စတန်ဘူလ် မြူနီစီပယ်ရုံးချုပ်နှင့် အခြားနေရာများတွင် ကြာသပတေးနေ့က စတင်ခဲ့သော ဆန္ဒပြမှုများတွင် လူ ၅၃ ဦးကို ထိန်းသိမ်းခဲ့ပြီး ရဲအရာရှိ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အလီယာလစ်ကာရာက ပြောကြားခဲ့သည်။

သမ္မတ တာရစ်အာဒိုဂန် (Tayyip Erdogan) ၏ အဓိက နိုင်ငံရေးပြိုင်ဘက်ဖြစ်ပြီး အချို့သော ရွေးကောက်ပွဲများတွင် ဦးဆောင်နေသည့် အီမာမိုဂလူကို အကျင့်ပျက်ခြစားမှုနှင့် အကြမ်းဖက်အဖွဲ့အား ကူညီထောက်ပံ့မှုတို့ အပါအဝင် စွဲချက်များဖြင့် ဗုဒ္ဓဟူးနေ့တွင် ထိန်းသိမ်းခဲ့သည်။

အဓိက အတိုက်အခံပါတီဖြစ်သည့် မြို့တော်ဝန်၏ ရီပတ်ဘလီကန် ပြည်သူ့ပါတီ (CHP) က အဆိုပါ ဖမ်းဆီးမှုကို နိုင်ငံရေးအရ ရည်ရွယ်လှုံ့ဆော်မှုအဖြစ် ရှုတ်ချခဲ့ပြီး လူများကို တရားဥပဒေအတိုင်း ဆန္ဒပြရန် တိုက်တွန်းခဲ့သည်။ ဥရောပခေါင်းဆောင်များက ထိုသို့ထိန်းသိမ်း လိုက်ခြင်းကို ဒီမိုကရေစီ နောက်ပြန်ဆုတ်မှုအဖြစ် ဝေဖန်ခဲ့သည်။

ယာလစ်ကာရာ (Yerlikaya) နှင့် တရားရေးဝန်ကြီး ရီလ်မာ့ဇ်တွန်စ် (Yilmaz Tunc) တို့က လေးရက်အတွင်း လူစုလူဝေး မလုပ်ရန် တားမြစ်ပိတ်ပင်ထားပြီး လမ်းပေါ်ထွက်ဆန္ဒပြခြင်းကို တရားမဝင်ဟု ဆိုထားသည်။ CHP ခေါင်းဆောင် အော့ဇ်ဂါ အိုဇယ် (Ozgur Ozel) ကကမူ လမ်းပေါ်ထွက်ပြီး ဆန္ဒပြရန် တောင်းဆိုထားမှုကို အစိုးရအဖွဲ့က ဝေဖန်အပြစ်တင်ခဲ့သည်။

“စုရုံးခြင်းနှင့် ချီတက်ဆန္ဒပြခြင်းများသည် အခြေခံအခွင့်အရေးများဖြစ်သည်။ သို့သော် ဆက်လက်လုပ်ဆောင်နေသည့် တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုအပေါ် လမ်းမပေါ်ထွက် တောင်းဆိုခြင်းသည် တရားမ၀င်ဖြစ်ပြီး လက်မခံနိုင်ပါ” ဟု တွန်စ် က သောကြာနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

တွန်စ်က တရားခွင်သည် မည်သည့်တရားရေးလုပ်ငန်းစဉ်ကိုမဆို တုံ့ပြန်ရန်နေရာဖြစ်ပြီး တည်ငြိမ်မှုရှိရန် တောင်းဆိုခဲ့ပြီး “ လွတ်လပ်ပြီး ဘက်မလိုက်သောတရားစီရင်ရေး” ဖြင့် အမှုအား အကဲဖြတ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမတ အာဒိုဂန်အား အီမာမိုဂလူ (Imamoglu) ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဆက်နွယ်ခြင်း မပြုရန် ၎င်းက သတိပေးထားသည်။

အန်ကာရာ၊ အစ်ဇ်မီအာ (Izmir) နှင့် အစ္စတန်ဘူလ် အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ အခြား ပြည်နယ်များတွင် ကြာသပတေးနေ့တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အဓိကလမ်းများပေါ်တွင် ရဲများက အတားအဆီးများ စိုက်ထူထားသည်။

‘လှည့်စားမှု’

အတိုက်အခံများက အစိုးရအတွင်း အမှားအယွင်းတွေကို အာရုံပြောင်းစေရန် “လှည့်စားမှုများ” နှင့် “ဝါဒဖြန့်မှုများ” ကို ပြုလုပ်နေသည်ဆိုသည့် ဝေဖန်မှုကို အာဒိုဂန်က ပယ်ချခဲ့သည်။

ကြာသပတေးနေ့နှောင်းပိုင်းတွင် အဓိကအစ္စတန်ဘူလ်လူထုစုဝေးပွဲ၌ CHP ၏ အိုဇယ် (Ozel) က “ ဟေး အာဒိုဂန်၊ လမ်းတွေပေါ်မှာ လူတွေစုဝေးလာမှာကို ခင်ဗျား အကြောက်ဆုံးပဲ။ ငါတို့ အခုလမ်းတွေပေါ်မှာ၊ ရင်ပြင်တွေပေါ်မှာရှိနေပြီ။ ဆက်ပြီးကြောက်နေလိုက်ပါ။”

“ငါတို့ ရွေးကောက်ထားသူကို ဖမ်းထားတာ ငါတို့က အိမ်မှာ ထိုင်နေမှာ မဟုတ်ပါဘူး” ဟု ထောက်ခံသူ ထောင်ပေါင်းများစွာရှေ့တွင် ၎င်းက ပြောကြားခဲ့သည်။

“ မစ္စတာတေရစ် (အာဒိုဂန်) ခင်ဗျား ကြောက်နေတယ်မလား၊ ခင်ဗျားက မေးတယ် ‘မင်းတို့က လူတွေကို လမ်းမပေါ်ကို ခေါ်နေတာလားလို့’ မင်းတို့က ရင်ပြင်ပေါ်ကို လူတွေ ခေါ်နေတာလားလို့’ ဟုတ်တယ်၊ ဒီရင်ပြင်တွေ၊ ဒီလမ်းတွေကို ငါတို့က လူတွေကို မခေါ်ခဲ့ဘူး။ အဲ့ဒီဖြစ်အောင် ခင်ဗျားက လုပ်ခဲ့တာ”

အီမာမိုဂလူ အဖမ်းခံရပြီးကတည်းက၊ ထောက်ခံသူအများအပြားသည် CHP မှ ပိုမိုခိုင်မာပြီး စနစ်တကျလုပ်ဆောင်ရန် တောင်းဆိုခဲ့ကြပြီး အိုဇယ် (Ozel) ၏တောင်းဆိုမှုသည် အစိုးရအပေါ် သိသိသာသာဖိအားများတိုးလာစေခဲ့သည်။

CHP သည် သက်တမ်းနှစ်ဆက် သက်တမ်းရှိ အသက် ၅၄ နှစ်အရွယ် မြို့တော်ဝန် အီမာမိုဂလူကို ၎င်း၏ သမ္မတလောင်းအဖြစ် တနင်္ဂနွေနေ့တွင် ကြေညာရန် စီစဉ်ထားခဲ့သည့်အချိန်တွင် အရေးယူမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ပါတီဝင်မဟုတ်သည့် ပါတီဝင်များကို နိုင်ငံတဝှမ်းရှိ မဲပုံးများတွင် မဲပေးကြဖို့ CHP လူထုက ခုခံသည့် လက္ခဏာတစ်ရပ်အနေနှင့် တောင်းဆိုထားပါသည်။

၂၀၂၈ ခုနှစ်အထိ သမ္မတရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသော်လည်း အသက် ၇၁ နှစ် အရွယ် အာဒိုဂန်သည် ထပ်မံအရွေးခံရန် ဆုံးဖြတ်ပါက နှစ်သက်တမ်းကန့်သတ်ချက်ကို ကျော်လွန်သွားမည်ဖြစ်သည်။

ဖြိုခွင်းခြင်း

+++++

အီမာမိုဂလူကို ထိန်းသိမ်းမှုသည် ၎င်းတို့၏ ရွေးကောက်ပွဲ အလားအလာကို ထိခိုက်စေရန် ကြိုးပမ်းမှုဖြစ်ကြောင်း အတိုက်အခံများက ပြောကြားခဲ့သည်။ အတိုက်အခံပုဂ္ဂိုလ်များကို တရားဝင် ဖြိုခွင်းမှုတစ်ခုဖြစ်ပြီး သဘောထားကွဲလွဲမှုများကို နှုတ်ပိတ်ခြင်းဖြစ်ကြောင်း စွပ်စွဲချက်ကို အာဒိုဂန်အစိုးရက ငြင်းဆိုထားသည်။

အာဒိုဂန်အစိုးရကို ဆန့်ကျင်သည့် လူထုအာဏာဖီဆန်မှုကို ပြင်းထန်သော ဖြိုခွင်းမှု ဖြစ်စေခဲ့သည့် ၂၀၁၃ ခုနှစ် နိုင်ငံတစ်ဝန်း ဂီဇီ ပန်းခြံ (Gezi Park) ဆန္ဒပြပွဲမှစ၍ အန်ကာရာသည် အာဏာဖီဆန်မှုများကို သိသာစွာ တားဆီးခဲ့သည်။

ကြာသပတေးနေ့ အင်တာဗျူးတစ်ခုတွင် အိုဇယ် (Ozel) က ၎င်း၏ပါတီသည် ခုခံဆန့်ကျင်သော်လည်း လူထုစည်းကမ်းညီညွတ်မှုကို မထိခိုက်စေကြောင်း ရိုက်တာသို့ ပြောကြားခဲ့သည်။

အီမာမိုဂလူ အထိန်းသိမ်းခံရပြီးကတည်းက ၎င်းတို့နေခဲ့သည့် မြူနီစပယ်ဌာနချုပ်မှ အာဏာပိုင်များနှင့် CHP အရာရှိများကို ဖယ်ရှားရန် အာဏာပိုင်များ၏ ဖြစ်နိုင်ချေရှိသော ကြိုးပမ်းမှုများကို တွန်းလှန်သွားမည်ဟု သူက ကတိပြုခဲ့သည်။ ပါတီသည် အီမာမိုဂလူနေရာကို မတရားသော အစားထိုးမှုမှန်သမျှကို ဆန့်ကျင်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

အီမာမိုဂလူသည် တူရကီနှင့် ၎င်း၏အနောက်တိုင်းမဟာမိတ်တို့မှ အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ခံထားရသော ကာဒစ်စတန် အလုပ်သမားပါတီ (PKK) ကို အကူအညီပေးနေသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားပြီး တရားစွဲခံရပါက အစိုးရခန့်အပ်ခံရသူနှင့် အီမာမိုဂလူကို အစားထိုးနိုင်မည်ဖြစ်သည်။

အီမာမိုဂလူ၏ တက္ကသိုလ်မှ ဘွဲ့ကိုဖျက်သိမ်းလိုက်ပြီးနောက် တစ်ရက်အကြာတွင် အီမာမိုဂလူ အထိန်းသိမ်းခံရခြင်း ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေစည်းမျဉ်းများအရ လေးနှစ်ကျောင်းတက်ပြီး ဘွဲ့ရထားသော ကိုယ်စားလှယ်လောင်းများကသာ သမ္မတအဖြစ် အရွေးခံခွင့် ရှိသဖြင့် အီမာမိုဂလူအနေနှင့် ဘွဲ့ဖျက်သိမ်းခံလိုက်ရသဖြင့် ဝင်ရောက်ရွေးချယ်ခွင့် ပိတ်ပင်ခံရမည့်သဘော ဖြစ်သည်။

သတင်းရင်းမြစ်။ ရိုက်တာ၊ NBC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 47 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 77 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 54 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 55 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 50 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”