နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

နေတန်ယာဟုက မြင့်တက်လာသော အစွန်းရောက် အကြမ်းဖက်မှုဖြစ်လာမှုများအတွက် အစည်းအဝေး ခေါ်ယူနေချိန်တွင် အနောက်ဖက်ကမ်းရှိ ကားဂိုဒေါင်ဟောင်းကို အစ္စရေးအခြေချနေထိုင်သူများက မီးရှို့တိုက်ခိုက်ဖျက်ဆီးခဲ့

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက်

ဂျေရုဆလင် —အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေးအခြေချနေထိုင်သူများ၏ အကြမ်းဖက် လုပ်ဆောင်မှုများအပေါ် လုံခြုံရေးအစည်းအဝေးတစ်ခု ကျင်းပနေချိန်တွင် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) ဒေသ၌ အစ္စရေးအခြေချနေထိုင်သူများသည် ပါလက်စတိုင်းသားများ၏ ကားများကို မီးရှို့ဖျက်ဆီးခဲ့သည်။

မျက်မြင်သက်သေများနှင့် တရားဝင် ပါလက်စတိုင်းသတင်းအေဂျင်စီ WAFA တို့၏ အဆိုအရ အနောက်ဖက်ကမ်း မြောက်ပိုင်းရှိ Huwara မြို့တွင် အခြေချနေထိုင်သူများသည် ကားဂိုဒေါင်ဟောင်းတစ်ခုကို မီးရှို့ခဲ့ကြသည်။

အစ္စရေးစစ်တပ်က အစ္စရေးအရပ်သားများသည် ပါလက်စတိုင်းယာဉ်များဆီသို့ ကျောက်ခဲများ ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းနှင့် ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်းများ ပြုလုပ်ကြောင်း သတင်းများရရှိပြီးနောက် ၎င်း၏စစ်သားများကို Huwara သို့ စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

CNN မှ ရရှိသော ရုပ်သံမှတ်တမ်းတွင် မီးသတ်သမားများက မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေစဉ် ကားအများအပြား မီးလောင်နေသည်ကို ပြသထားသည်။ ကြီးမားသော ဧရိယာတစ်ခုအပေါ် ပျံ့နှံ့နေပုံရသည့် မီးမှ အနက်ရောင် မီးခိုးလုံးကြီးများသည် ညကောင်းကင်သို့ တက်နေသည်။

ကားဂိုဒေါင်ဟောင်းပိုင်ရှင် မိုဟာမက် ဒါလယ်လ်က အခြေချနေထိုင်သူ တစ်ဒါဇင်ကျော်သည် ထိုနေရာသို့ ဆင်းလာပြီး ကားများကို ရိုက်ခွဲကာ မီးစတင်ရှို့ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုအချိန်က ကားဂိုဒေါင်ဟောင်းတွင် မည်သူမျှ မရှိကြောင်း ၎င်းက ပြောသော်လည်း ကားအစီးရေ ၁၅၀ ခန့် မီးရှို့ခံရခြင်း သို့မဟုတ် ပျက်စီးသွားကြောင်း ခန့်မှန်းခဲ့သည်။

“ ကျွန်တော့်မှာ တက္ကသိုလ်တက်နေတဲ့ ကလေးတွေရှိတယ်၊ မြေးတွေရှိတယ်၊ မိသားစုရှိတယ်၊ ကျွန်တော်တို့အားလုံး ဒီကားဂိုဒေါင်ဟောင်းပေါ်မှာ မှီခိုနေကြတာ” ဟု ဒါလယ်လ်က CNN သို့ ပြောသည်။ “ ပါလက်စတိုင်းတွေ အများစုလိုပဲ ကျွန်တော့်မှာ သံလွင်ပင်တွေ ရှိပေမဲ့ ကျွန်တော့်ရဲ့ သံလွင်သီးတွေကို မခူးဆွတ်နိုင်သေးတာကြောင့် ဒါက ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ဝင်ငွေအရင်းအမြစ်ပါ။ ကျွန်တော် လုပ်နိုင်တာက ဘုရားသခင်ကို လျော်ကြေးပေးဖို့ ဆုတောင်းရုံပါပဲ” ။

CNN မှ ရရှိသည့် ရုပ်သံမှတ်တမ်းအရ ကြာသပတေးနေ့တွင် သိမ်းပိုက်ထားသော West Bank ရှိ Huwara မြို့၌ အစ္စရေးအခြေချနေထိုင်သူများသည် ကားများစွာကို မီးရှို့ခဲ့သည်။

အစ္စရေးအရာရှိနှစ်ဦး၏ အဆိုအရ အဆိုပါတိုက်ခိုက်မှုသည် မကြာသေးမီ ရက်သတ္တပတ်များနှင့် လများအတွင်း မြင့်တက်လာခဲ့သည့် West Bank ရှိ အစ္စရေးအခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုဆိုင်ရာ လုံခြုံရေးအစည်းအဝေးကို နေတန်ယာဟု ကျင်းပသည့် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုးမြှင့်လာနေသော တိုက်ခိုက်မှုများကို မည်သို့တုံ့ပြန် ရမည်ကို ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်ခဲ့ခြင်း ရှိ၊ မရှိ မရှင်းလင်းပေ။ တနင်္လာနေ့တွင် ရှားရှားပါးပါးအစ္စရေး အခြေချ နေထိုင်သူများ၏ အကြမ်းဖက်မှုကို ရှုတ်ချပြောကြားရာ၌ နေတန်ယာဟုက ထိုတိုက်ခိုက်မှုများကို “ အစွန်းရောက်အဖွဲ့ ငယ်လေးတစ်ခု” က ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ်က အစ္စရေးသည် အစ္စရေးအခြေချနေထိုင်သူများအပေါ် အုပ်ချုပ်ရေးဆိုင်ရာ ထိန်းသိမ်းရေး (administrative detention) ကို ဆက်လက်အသုံးပြုတော့မည် မဟုတ်ကြောင်း ကြေညာခဲ့သဖြင့်၊ နိုင်ငံ၏လုံခြုံရေးယန္တရားသည် ပါလက်စတိုင်းများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် အသုံးပြု နေသော်လည်း အစ္စရေးအခြေချနေထိုင်သူများကို ဖမ်းဆီးထိန်းသိမ်းရန် ၎င်း၏ အစွမ်းထက်ဆုံးကိရိယာများထဲမှ တစ်ခုကို အသုံးပြုခြင်းမှ တားဆီးထားသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က စွန်းရောက်ဝါဒကြောင့် လူသိများသော Yitzhar အခြေချနေထိုင်ရာအနီးရှိ ပါလက်စတိုင်းမြို့ငယ်လေးတွင် ကားများ မီးရှို့ခံရကြောင်း အသိအမှတ်ပြုသည်။ ဖြစ်စဉ်အပြီးတွင် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းနှင့် ရှာဖွေမှုများပြုလုပ်သည့် စစ်သားများက သံသယရှိသူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိခဲ့ကြောင်း IDF က ပြောကြားခဲ့သည်။

ဤနောက်ဆုံးတိုက်ခိုက်မှုသည် အခြေချနေထိုင်သူ ဒါဇင်နှင့်ချီ၍ ဘက်သလီဟမ်တောင်ဘက်ရှိ ပါလက်စတိုင်းအိမ်များနှင့် ယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ဒုတိယအကြိမ်မြောက် အကြီးစားမီးရှို့ဖျက်ဆီးမှု ဖြစ်သည်။ ပြီးခဲ့သည့်အပတ်ကလည်း အခြေချနေထိုင်သူများသည် West Bank မြောက်ပိုင်းရှိ စိုက်ပျိုးရေးနယ်မြေ တစ်ခု အား ကြီးမားသော မီးရှို့တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ပြီး ကုန်တင်ကားများ၊ သတ္တုဂိုဒေါင်များနှင့် အခြားအရာများကို မီးရှို့ခဲ့သည်။

Huwara သည် ယခင်ကလည်း အစ္စရေးအခြေချနေထိုင်သူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးသည်။ ၂၀၂၃ ခုနှစ် ဇွန်လတွင် အစ္စရေးအခြေချနေထိုင်သူများသည် မြို့ကို ဖျက်ဆီးခဲ့ပြီး ပါလက်စတိုင်းအမျိုးသားတစ်ဦးကို သတ်ဖြတ်ကာ ရာပေါင်း များစွာကို ဒဏ်ရာရစေခဲ့ရာ ယင်းကို ယခင် IDF စစ်ဘက်အကြီးအကဲက နောက်ပိုင်းတွင် “ ပူဂရမ်” (လူအုပ်စုဖြင့် အကြမ်းဖက်ဖျက်ဆီးမှု) ဟု ခေါ်ဆိုခဲ့သည်။ ထိုကြီးမားသော တိုက်ခိုက်မှုကို အနီးနားတွင် နေထိုင်သော ညီအစ်ကိုနှစ်ဦးကို ပါလက်စတိုင်းသေနတ်သမားတစ်ဦးက သတ်ဖြတ်ခဲ့ပြီးနောက် “ လက်စားချေမှု” အဖြစ် သတ်မှတ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ F-15E ၏ လေယာဉ်မှူးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံအတွင်း ပျောက်ဆုံးနေသော အမေရိကန် လေယာဉ် အမှုထမ်းကို ရှာဖွေရာတွင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ‘ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော’ အခြေအနေများနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ရန်သူ့နယ်မြေအတွင်း ပျက်ကျသွားသော လေယာဉ်အမှုထမ်းများကို ပြန်လည်ကယ်တင်ရန် အမေရိကန်လေတပ်မှ Pararescue (လေထီးခုန်ကယ်ဆယ်ရေး) တပ်ဖွဲ့ဝင်များသည် အထူးလေ့ကျင့်ထားကြသူများဖြစ်သည်။ အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသည့် အမေရိကန် F-15
ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 24 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းဆိုမှု၏ အစိတ်အပိုင်းအဖြစ် ကာကွယ်ရေးအတွက် ခန့်မှန်းခြေ