နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက

ဗင်နီဇွဲလားသမ္မတ မာဒူရို တစ်ပတ်အတွင်း မဟာမိတ်နှစ်နိုင်ငံ ဆုံးရှုံးသွားခြင်း – ဒေသတွင်းတွင် မည်သည့်မိတ်ဖက်များ ကျန်ရှိနေသေး သနည်း?

CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်

ကာရစ်ဘီယံပင်လယ်အတွင်း ဝါရှင်တန်၏ ရေတပ်အင်အားတိုးချဲ့မှုကို ရင်ဆိုင်နေရစဉ် အတွင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုသည် ယခုတစ်ပတ် ရွေးကောက်ပွဲ ရလဒ်များ ကြောင့် ဒေသတွင်းမဟာမိတ်များဖြစ်သည့် ဟွန်ဒူးရပ်စ် နှင့် စိန့်ဗင်းဆင့်နှင့် ဂရီနေဒင်း (St. Vincent and the Grenadines) တို့ကို ဆုံးရှုံးလိုက်ရပြီးနောက် ပိုမိုအထီးကျန်လာပုံရသည်။

ဟွန်ဒူးရပ်စ်တွင် တနင်္ဂနွေနေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲ အကြိုရလဒ်များအရ လက်ဝဲယိမ်းသမ္မတ ရှိုမာရာ ကတ်စထရို၏ လူယုံဖြစ်သူ ရစ်ဆီ မွန်ကာဒါသည် သမ္မတ လောင်း ပြိုင်ပွဲတွင် မဲကွာဟချက်အများအပြားဖြင့် တတိယနေရာသို့ ရောက်ရှိသွားပြီး အနိုင်ရရန် မျှော်လင့်ချက်မရှိသလောက် ဖြစ်သွားခဲ့သည်။ မဲစာရင်းများ ဆက်လက် ရေတွက် နေဆဲဖြစ်သော်လည်း ဗင်နီဇွဲလားအစိုးရနှင့် အဆက်အသွယ်ဖြတ်တောက်မည်ဟု ကတိပြု ထားသည့် လက်ယာယိမ်းသမ္မတလောင်း နှစ်ဦးဖြစ်သော ဆာဗေးဒိုး နာစရဲလား နှင့် ပြီးခဲ့သည့်အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ထောက်ခံမှုကို ရရှိခဲ့သူ နာစရီ အက်စ်ဖူရာ တို့နှစ်ဦးကြားသာ ပြိုင်ပွဲက ကျဉ်းမြောင်းသွားခဲ့သည်။

စိန့်ဗင်းဆင့်နှင့် ဂရီနေဒင်းတွင်လည်း မာဒူရိုကို အခိုင်အမာထောက်ခံသူ ဝန်ကြီးချုပ် ရပ်ဖ် ဂွန်ဆာဗေးစ်သည် အာဏာရယူခဲ့သည့် ၂၅ နှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့်အပတ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ ယခုအခါ ထိုနိုင်ငံကို ပါလီမန်အမတ်နေရာ ၁၅ နေရာတွင် ၁၄ နေရာအထိ အပြတ်အသတ်အနိုင်ရရှိခဲ့သည့် ဗဟိုလက်ယာယိမ်း နိုင်ငံရေး သမား ဂေါ်ဒဝင် ဖရိုင်းဒေး က ဦးဆောင်တော့မည်ဖြစ်သည်။

ဤရလဒ်များသည် လက်တင်အမေရိကတစ်ဝှမ်း ဖြစ်ပေါ်နေသော နိုင်ငံရေး အပြောင်းအလဲ များနှင့်အတူ ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သော သမ္မတ ဟူဂို ချားဗက်စ် စတင်ခဲ့ပြီး မာဒူရိုက ဆက်ခံခဲ့သည့် “Chavismo” ဟုခေါ်သော လူထုအခြေပြုဝါဒမှ ဒေသတွင်းနိုင်ငံများ ဝေးကွာ သွားပြီဖြစ်ကြောင်း ပြသနေသည်။ ဘရာဇီး၊ ချီလီ၊ မက္ကဆီကိုနှင့် ကိုလံဘီယာတို့ကဲ့သို့ လက်ဝဲယိမ်း သို့မဟုတ် ဗဟိုလက်ဝဲယိမ်း ခေါင်းဆောင်များ အုပ်ချုပ်သည့် နိုင်ငံများပင်လျှင် အငြင်းပွားဖွယ်ရာဖြစ်ခဲ့သော ၂၀၂၄ ဗင်နီဇွဲလားရွေးကောက်ပွဲနောက်ပိုင်း မာဒူရိုအစိုးရနှင့် ဆက်ဆံရေးကို ကန့်သတ်ထားကြသည်။

ပြောင်းလဲလာသော အခင်းအကျင်း

ဗင်နီဇွဲလားသည် Chavismo ဝါဒအောက်တွင် ၂၅ နှစ်ကျော်ကြာ တန့်နေသော်လည်း ဒေသတွင်းနိုင်ငံများမှာမူ လက်ဝဲနှင့် လက်ယာအစိုးရများအကြား ကူးချည်သန်းချည် ဖြစ်နေခဲ့သည်။

ဗင်နီဇွဲလားနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုမှု ပြဿနာကို အတူရင်ဆိုင်နေရသော ကိုလံဘီယာသည် အမြဲတမ်းပင် အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေး အဖုအထစ် ရှိခဲ့သည်။ လက်ရှိသမ္မတ ဂတ်စတာဗို ပက်ထရို လက်ထက်တွင် ထိုဆက်ဆံရေးမှာ မရေမရာဖြစ်လာသည်။ ပက်ထရိုသည် အစောပိုင်းတွင် သံတမန် ဆက်သွယ်ရေး ပြန်လည်တည်ဆောက်ခဲ့သော်လည်း ယခုအခါ မာဒူရိုနှင့် ခပ်ခွာခွာနေပုံ ရသည်။ မာဒူရိုတွင် မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် ဆက်နွှယ်မှုမရှိကြောင်း ပက်ထရိုက ပြောကြားခဲ့သော်လည်း မာဒူရို၏ ပြဿနာမှာ “ ဒီမိုကရေစီနည်းပါးခြင်းနှင့် ဆွေးနွေးညှိနှိုင်းမှု ကင်းမဲ့နေခြင်း” ဖြစ်ကြောင်း ဝန်ခံခဲ့သည်။

အာဂျင်တီးနားနှင့် ဆက်ဆံရေးမှာလည်း အချိန်နှင့်အမျှ ဆိုးရွားလာခဲ့သည်။ လက်ဝဲယိမ်း သမ္မတများဖြစ်သော ခရစ်ချ်နာ ဇနီးမောင်နှံ လက်ထက်တွင် ဆက်ဆံရေး ကောင်းမွန် ခဲ့သော်လည်း လက်ယာယိမ်းသမ္မတ မော်ရီစီယို မက်ခရီ လက်ထက်တွင် ပြတ်တောက် လုနီးပါး ဖြစ်ခဲ့သည်။ အထူးသဖြင့် ဆိုရှယ်လစ်ဝါဒကို မုန်းတီးကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့ရှိသည့် ဟာဗီယာ မီလိုင် ၂၀၂၃ ခုနှစ်တွင် သမ္မတဖြစ်လာပြီးနောက် ဆက်ဆံရေး မှာ လုံးဝဆိုးရွားသွားခဲ့သည်။ အလားတူပင် အီကွေဒေါ၊ အယ်ဆာဗေးဒိုး နှင့် ဘိုလီးဗီးယား နိုင်ငံတို့သည်လည်း မာဒူရိုနှင့် ဝေးကွာသွားခဲ့ကြသည်။

ဘရာဇီးနှင့် ဆက်ဆံရေးမှာမူ လူလာဒါဆေးလ်ဗား အာဏာပြန်ရလာချိန်တွင် ပြန်လည် တည်ဆောက်ခဲ့သော်လည်း ယခင်ကဲ့သို့ ရင်းနှီးသည့်အဆင့်သို့ ပြန်မရောက်တော့ပေ။

ကျန်ရှိနေသော မဟာမိတ်များ၏ အခြေအနေ

အကယ်၍ ကာရစ်ဘီယံတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာပါက မာဒူရိုတွင် ဒေသတွင်း၌ သူငယ်ချင်းအနည်းငယ်သာ ကျန်ရှိတော့မည်ဖြစ်ပြီး ထိုသူများမှာလည်း အားကိုးရဖွယ်မရှိပေ။

ကျူးဘား။ အစဉ်အလာ မဟာမိတ်ဖြစ်သော်လည်း လက်ရှိတွင် အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသဖြင့် ဗင်နီဇွဲလားကို စစ်ရေးအရ ကူညီနိုင်စွမ်းမရှိပေ။ အမေရိကန်က တိုက်ခိုက်လာပါက မည်သို့တုံ့ပြန်မည်နည်းဟူသော မေးခွန်းကို ကျူးဘား နိုင်ငံခြားရေးဝန်ကြီးက တိုက်ရိုက်ဖြေကြားရန် ရှောင်လွှဲခဲ့သည်။

နီကာရာဂွါ။ သမ္မတ ဒန်နီရယ် အော်တီဂါသည် အမေရိကန်၏ စစ်ရေးပြင်ဆင်မှုကို ပြစ်တင် ရှုတ်ချခဲ့သော်လည်း လက်တွေ့တွင်မူ ဗင်နီဇွဲလားအတွက် မည်သည့်အကူအညီမျှ ပေးနိုင်ခြင်း မရှိဘဲ ငြိမ်သက်နေဆဲဖြစ်သည်။

မာဒူရို၏ စောင့်ကြည့်ကစားနည်း

မာဒူရိုသည် အမေရိကန်၏ ဖိအားပေးမှုများကို တုံ့ပြန်ရာတွင် “ ပိတ်ဆို့မှုတွေ၊ ခြိမ်းခြောက်မှု တွေ ကြားမှာ ဗင်နီဇွဲလားပြည်သူတွေဟာ နောက်ဆုတ်မသွားဘူး” ဟု ခပ်ပြတ်ပြတ် ပြောဆို ထားသည်။ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်ဟောင်းဖြစ်ခဲ့သူ မာဒူရိုသည် အမေရိကန် ပြည်သူ့သဘောထားနှင့် အထူးသဖြင့် ထရမ့်၏ အမာခံထောက်ခံသူများသည် နိုင်ငံခြားစစ်ပွဲ များ တွင် ပါဝင်ပတ်သက်ရန် စိတ်အားထက်သန်မှု မရှိသည်ကို ကောင်းစွာသိရှိထားသည်။

၎င်းသည် လာမည့် ဆွေးနွေးပွဲများအတွက် ပြင်ဆင်နေပြီး ဖိအားပေးခြင်းမခံရသရွေ့ မိမိ လက်ထဲရှိ ဖဲချပ်များကို အလွယ်တကူ ထုတ်သုံးမည်မဟုတ်ကြောင်း သံတမန် အသိုင်းအဝိုင်း က သုံးသပ်ထားကြသည်။

အမေရိကန်အစိုးရသည် “ Operation Southern Spear” (တောင်ဘက်လှံသွား စစ်ဆင်ရေး) ဟု အမည်ပေးထားသည့် စစ်ရေးလှုပ်ရှားမှုဖြင့် ဗင်နီဇွဲလားကမ်းရိုးတန်းနှင့် ကာရစ်ဘီယံ ပင်လယ် အတွင်း ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးသော ရေတပ်အင်အား တိုးချဲ့မှုကို လုပ်ဆောင်နေသည်။

အဓိက အချက်အလက်များကို အောက်တွင် အသေးစိတ် ဖော်ပြထားပါသည်။

၁။ စစ်ဆင်ရေး၏ အဓိက ရည်ရွယ်ချက်များ

ရေနံပိတ်ဆို့မှု (Naval Blockade) သမ္မတ ထရမ့်သည် ဗင်နီဇွဲလားနိုင်ငံမှ ထွက်ခွာသော သို့မဟုတ် ဝင်ရောက်လာသော “ ပိတ်ဆို့အရေးယူခံထားရသည့်” ရေနံတင်သင်္ဘောအားလုံးကို “ အလုံးစုံ ပိတ်ဆို့ရန်” အမိန့်ပေးထားသည်။ မာဒူရိုအစိုးရ၏ အဓိက ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ရန် ရည်ရွယ်သည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး။ အမေရိကန်က မာဒူရိုအစိုးရကို “ နိုင်ငံခြား အကြမ်းဖက် အဖွဲ့အစည်း” (Foreign Terrorist Organization) အဖြစ် သတ်မှတ်ထားပြီး၊ ရေနံမှရရှိသော ငွေများကို မူးယစ်ဆေးဝါးမှောင်ခိုမှုတွင် အသုံးပြုနေသည်ဟု စွပ်စွဲကာ ၎င်းတို့ကို နှိမ်နင်းရန် ဖြစ်ကြောင်း ပြောဆိုထားသည်။

၂။ ဖြန့်ကြက်ထားသော စစ်အင်အား (The Armada)

ယခုအခါ ကာရစ်ဘီယံဒေသတွင် ၁၉၆၂ ကျူးဘားဒုံးပျံအရေးအခင်းနောက်ပိုင်း အင်အားအကြီးဆုံးသော အမေရိကန် ရေတပ်စုဝေးမှုကို တွေ့မြင်နေရသည်။

စစ်သင်္ဘောများ။ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော USS Gerald R. Ford အပါအဝင် ဖျက်သင်္ဘော (Destroyer) ၅ စီး၊ ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးသင်္ဘော (Amphibious Assault Ships) ၃ စီးနှင့် ခရူဇာ (Cruiser) ၂ စီး၊ စုစုပေါင်း စစ်သင်္ဘော ၁၁ စီးခန့် ရှိနေသည်။

စစ်သည်အင်အား: ရေတပ်သားများနှင့် မရိန်းတပ်သားများ အပါအဝင် စုစုပေါင်း အင်အား ၁၅,၀၀၀ ခန့် ဖြန့်ကြက်ထားသည်။

လေကြောင်းအင်အား။ F-35B တိုက်လေယာဉ်များ၊ B-52 ဗုံးကြဲလေယာဉ်များ၊ MQ-9 Reaper ဒရုန်းများနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးသုံး EA-18G Growler ဂျက်လေယာဉ် များကို ပေါ်တိုရီကို (Puerto Rico) ကျွန်းရှိ စစ်အခြေစိုက်စခန်းများတွင် အသင့်ပြင်ထားသည်။

၃။ မကြာသေးမီက ဖြစ်ပွားခဲ့သော အခြေအနေများ

သင်္ဘောများ သိမ်းဆည်းခြင်း။ ဒီဇင်ဘာလအတွင်းမှာတင် ဗင်နီဇွဲလားရေနံတင်သင်္ဘော နှစ်စီး (M/T Skipper နှင့် M/T Centuries) ကို အမေရိကန် ကမ်းခြေစောင့်တပ်က ရဟတ်ယာဉ်များ အသုံးပြု၍ ဝင်ရောက်စီးနင်း သိမ်းဆည်းခဲ့သည်။

တိုက်ခိုက်မှုများ။ စက်တင်ဘာလမှစတင်၍ အမေရိကန်တပ်ဖွဲ့များသည် မူးယစ် ဆေးဝါး တင်ဆောင်သည်ဟု ယူဆရသော စက်လှေငယ်ပေါင်း ၂၀ ကျော်ကို လေကြောင်းမှ တိုက်ခိုက် ခဲ့ရာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

အချက်ပြစနစ်များ နှောက်ယှက်ခြင်း။ အစီရင်ခံစာများအရ အမေရိကန်နှင့် ဗင်နီဇွဲလား နှစ်ဖက်စလုံးသည် ကာရစ်ဘီယံပင်လယ်အတွင်း GPS အချက်ပြစနစ်များကို နှောက်ယှက်မှု (GPS Jamming) များ ပြုလုပ်နေကြပြီး တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

၄။ အနာဂတ် အလားအလာ

သမ္မတ ထရမ့်သည် ဗင်နီဇွဲလားနှင့် စစ်ဖြစ်ပွားနိုင်ခြေကို ပယ်ချခြင်းမရှိဘဲ၊ မာဒူရိုအစိုးရက အမေရိကန်ပိုင်ဆိုင်မှုများကို ပြန်မပေးသရွေ့ ဤပိတ်ဆို့မှုမှာ ဆက်ရှိနေမည်ဟု ပြောကြား ထားသည်။ မာဒူရိုကမူ ဤလုပ်ရပ်များကို “ ပင်လယ်ဓားပြဆန်သော လုပ်ရပ်” ဟု တုံ့ပြန်ရှုတ်ချထားသည်။

ဗင်နီဇွဲလားသမ္မတ မာဒူရို (ပုံ)

ကိုလံဘီယာ သမတ ဂစ်စတာဗို (Colombia’s President Gustavo Petro ) (ပုံ)

ကျူးဘား နိုင်ငံခြားရေးဝန်ကြီးဘရူနီ ရော့ဒရီးဂတ်စ် (Cuban Foreign Minister Bruno Rodriguez ) (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 54 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 48 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု