နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 9 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

“ ရုရှား ယူကရိန်းတစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်သည်” ကျူးကျော်မှုအတွက် ရုရှားတွင် တာဝန်ရှိမှုကို ထရန့် အသိအမှတ်မပြုဟုဆို

ဖေဖော်ဝါရီလ (၂၂) ရက်။

၂၁ ရက်နေ့က ထုတ်လွှင့်တဲ့ ရေဒီယိုအင်တာဗျူးတစ်ခုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းကို ရုရှား ကျူးကျော်မှုမှာ သမ္မတပူတင်တွင် တာဝန်ရှိကြောင်း အသိအမှတ်ပြုရန် ငြင်းဆိုခဲ့ပြီး ပူတင်ဟာ “ ယူကရိန်းတစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ရှုပ်ထွေးအောင်လုပ်ခဲ့တယ်လို့ ဝေဖန်ခဲ့ပြီး ယူကရိန်းနိုင်ငံက မြေရှားသတ္တုအရင်းအမြစ်တွေကို အမေရိကန်အားပေးရန် ထပ်မံ တောင်းဆိုခဲ့ပါတယ်။

ဇလန်းစကီးမှာ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုတွေမှာ ကစားဖို့ အားသာချက် မရှိကြောင်းနဲ့ ဆွေးနွေးပွဲတွေမှာ ဇလန်းစကီး ပါဝင်မှုဟာ “ ရိုးရိုးသားသားပြောရရင် အရေးမပါပါဘူး” လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တာ ဒီလ ၂၄ ရက်နေ့ ဆိုရင် ၃ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အမေရိကန်က ရုရှားလိုလားတဲ့ ရပ်တည်ချက်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ထရမ့်က ယူကရိန်းအပေါ် ပြင်းထန်တဲ့ ဝေဖန်မှုများနှင့် တုံ့ပြန်မှုများကို ပြုလုပ်နေပါတယ်။

ဓာတ်သတ္တုအရင်းအမြစ်များ ပံ့ပိုးပေးရန် သဘောမတူပါက ယူကရိန်းစစ်တပ်က ဆက်သွယ်ရေးအတွက် အသုံးပြုသော အမေရိကန်ဂြိုဟ်တုအင်တာနက်ချိတ်ဆက်မှု Starlink ဝန်ဆောင်မှုကို ဖြတ်တောက်နိုင်ကြောင်း ထရမ့်အစိုးရက ယူကရိန်းကို သတိပေးထားကြောင်း ရိုက်တာသတင်းမှာ ၂၁ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

ထရမ့်က “ ရုရှားကို တိုက်ခိုက်ခဲ့တယ်” ဟု ပြောကြားနေတာတို့ ကျူးကျော်မှုအတွက် ပူတင်မှာ တာဝန်ရှိတာတို့တွေ ကြားနေရတာ စိတ်ပျက်တယ်လို့ ပြောဆိုခဲ့ပြီး ပူးတင်မှာ တာဝန်ရှိတယ်ဆိုတာကို ငြင်းဆိုခဲ့ပါတယ်။

[ကျိုဒိုသတင်း၊ ဝါရှင်တန်]

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 30 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 56 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 39 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”