နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

MNRF စခန်း စီးနင်းတိုက်ခိုက်ခံရပြီး တော်လှန်ရေးရဲဘော် (၁)ဦးကျဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့

ဖေဖော်ဝါရီလ (၂၂)ရက်။

ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နံနက် (၃)နာရီအချိန်က Moe Nyo Revolution Force(MNRF)တပ်စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ဖြစ်စဉ်က (၁၇)ရက်နေ့ မနက်(၃)နာရီ တော်လှန်ရေးရဲဘော် (၃)ဦး တာဝန်ထမ်းဆောင်နေချိန် စကစတပ်သားတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ခဲ့တာ။ အဲ့ဒီမှာ ရဲဘော်ဘိုမင်းချီက သူ့ရဲ့တပ်သားတွေကို ကာပစ်ပေးရင်း ကျဆုံးခဲ့တာ”လို့ ဆိုပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့က ရဲဘော်ဘိုမင်းချီ၊ ရဲဘော်ဒိုးကြီးနဲ့ ရဲဘော်ပြည့်စုံတို့ တာဝန်ထမ်းဆောင်နေချိန် စစ်ကောင်စီတပ်သားတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ရာက ရဲဘော်ဘိုမင်းချီဟာ ကျဆုံးခဲ့ပြီး ကျန် (၂)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ ကျဆုံးခဲ့တဲ့ ရဲဘော်ဘိုမင်းချီဟာ အသက် (၁၈)နှစ်အရွယ်ရှိပြီး MNRF တပ်ဖွဲ့ရဲ့ တပ်ခွဲမှူး မိုးညိုနဲ့ ညီအကိုအရင်းတော်စပ်ကာ အကိုဖြစ်သူ တပ်မှူး မိုးညိုကို ကာကွယ်ဖို့ မကြာသေးခင်ကမှ တာဝန်ထမ်းဆောင်ခဲ့တာလို့ ရေးသားထားပါတယ်။

ရဲဘော်ဘိုမင်းချီရဲ့ ပေးဆပ်တာဟာ MNRF တပ်ဖွဲ့အတွက်သာမက ပြည်သူတရပ်လုံးနဲ့ တော်လှန်ရေးအတွက်ပါ အများကြီး ဆုံးရှုံးနစ်နာခဲ့ရပြီး ဘိုမင်းချီနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီအရာရှိတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရဲဘော်ဘိုမင်းချီဟာ ကာပစ်နေချိန် ပြေးရင်လွတ်တဲ့အနေအထားရှိခဲ့ပေမယ့် သူ့ရဲ့ကာကွယ်ရေးတာဝန်ကို သူရဲကောင်းပီသစွာ မြင့်မြတ်သူရဲ့ နှလုံးသားလားရာအတိုင်း အာဇာနည်သူရဲကောင်းဘဝကို ကျေနပ်စွာ ‌လက်ခံရွေးချယ်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ရဲဘော်မျှော်လင့်ခဲ့တဲ့ ရဲဘော်ရဲ့တပ်မှူးဖြစ်တဲ့ သိက္ခာကို ရိက္ခာနဲ့ ဘယ်တော့မှမလဲဘူးဆိုတဲ့ ခံယူချက်နဲ့အတူ လိုချင်တဲ့ ပန်းတိုင်အထိရောက်အောင် ဆက်လက်လျှောက်လှမ်းသွားမယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 24 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 30 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို