နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့မှာ NUG အုပ်ချုပ်ရေးယန္တရားမလုပ်ဖို့ KNU ပြော

ဖေဖော်ဝါရီလ (၂၂)ရက်။

မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်မှာ NUG အနေနဲ့ အုပ်ချုပ်ရေးယန္တရား ဆောင်ရွက်တာမလုပ်ဖို့ KNU က အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီအသိပေးထုတ်ပြန်စာကို KNU ရဲ့ ကစယ်ဒိုမြို့နယ် အတွင်းရေးမှူး စောပေါနော်က လက်မှတ်ရေးထိုးကာ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ရက်စွဲနဲ့ ခရိုင်နဲ့ မြို့နယ်အဖွဲ့တွေကို အကြောင်းကြားထားပါတယ်။

အဲ့ဒီစာထဲ အခုကာလမှာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးမရှည်စေဖို့အတွက် တိုက်ခိုက်ချေမှုန်းပြီး အင်အားတောင့်တင်းလာစေဖို့ အတူတကွ တိုက်ခိုက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး လူ့အခွင့်အရေးနဲ့ ရပ်ရွာတွေထဲရှိ ပြည်သူတွေကို အရေးပေါ်ကူညီပေးတာကို KNU ခေါင်းဆောင် တာဝန်ရှိသူတွေနဲ့အတူ ညှိနှိုင်းဆွေးနွေးပြီးမှသာ ဆောင်ရွက်ဖို့ ‌အသိပေးထားပါတယ်။

ဒါ့အပြင် ကစယ်ဒိုမြို့နယ် အုပ်ချုပ်နယ်မြေထဲ ခေါင်းဆောင်တွေရဲ့ ညွန်ကြားတာတွေ ရှိတဲ့အတိုင်း NUG အနေနဲ့ သူ့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို မြို့နယ်ထဲ မဆောင်ရွက်ဖို့ ထည့်သွင်းပြောဆိုထားပါတယ်။

အခုလို ကစယ်ဒိုမြို့နယ်ထဲ အုပ်ချုပ်ရေးယန္တရားတွေ မဆောင်ရွက်ဖို့ KNU ဘက်က ထုတ်ပြန်ထားတဲ့အပေါ် NUG ဘက်ကတော့ တရားဝင် ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မော်လူးဒေသမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေး(၂)ဦးအပါအဝင် (၈)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 16 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ည (၉)နာရီဝန်းကျင်က အင်းတော်မြို့ မော်လူးဒေသရှိ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ Indaw
မြန်မာသတင်း

မင်းတုန်းမြို့ (၁၂)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 28 Views
စစ်တပ်ရဲ့ လေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကြောင့် PDF စခန်း အဆောင်အချို့ ပျက်စီးခဲ ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၁၇)ရက်နေ့ကစပြီး
မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်ဆက်ပေးပြီး အရေးပေါ်အခြေအနေ ထပ်ကြေညာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ဇန်နဝါရီလ (၃၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်တွေ ဆက်ပေးပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ထပ်မံကြေညာထားတယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယာယီသမ္မတ မင်းအောင်လှိုင်က ကာချုပ် မင်းအောင်လှိုင်ကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေတွေကို ကိုယ်တိုင် ဒါမှမဟုတ်
မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 34 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထွက်ဆိုချက်တွေမှာ ထောင်ဖောက်ထွက်ပြေးဖို့အတွက် အတွင်းအပြင်ချိတ်ဆက်တာတွေကို (၃)လခန့်
မြန်မာသတင်း

ကုလအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီး ကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 39 Views
ဇန်နဝါရီလ (၂၉)ရက်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ မတရားအာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ မြန်မာပြည်သူတရပ်လုံးအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေကို
မြန်မာသတင်း

သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ဇန်နဝါရီလ (၂၉)ရက်။ သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ စစ်အုပ်စုလော်ဘီ မှိုင်းဝေရဲ့ တယ်လီဂရမ်အကောင့်ကနေ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်၊
မြန်မာသတင်း

ကျောက်ဖြူမှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင် လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 26 Views
ဇန်နဝါရီလ (၂၉)ရက်။ ရခိုင် ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင်က ဒရုန်းအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

ညွှန်ကြားချက်တွေကို ဆန့်ကျင်တာကြောင့် ရဲဘော်ညိုအောင်ကို PRF ရှုတ်ချထုတ်ပယ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 51 Views
ဇန်နဝါရီလ (၂၈)ရက်။ အထင်အဆင့်အဖွဲ့တွေရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်တာကြောင့် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ရှုတ်ချထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ PRF ရဲ့ ဗဟိုကော်မတီဝင်နဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ဟာ ဇန်နဝါရီလ (၈)ရက်နေ့ကစတင်ပြီး ညွှန်ကြားချက်နဲ့ ဆန့်ကျင်ကာ မဟာမိတ်ထိန်းချုပ်ဒေသမှာ