နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အပစ်အခတ်ရပ်စဲရေး ပထမအဆင့်တွင် အသက်ရှင်ကျန်ရစ်သူအားလုံးကို လွှဲပြောင်းပေးမှု ပြီးဆုံး

ဖေဖော်ဝါရီလ (၂၂) ရက်။

ပါလက်စတိုင်းထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြှောင်ဒေသက အစ္စလာမ္မစ်ဟားမတ်စ်အဖွဲ့က အစ္စရေး ဓားစာခံ ခြောက်ဦးကို ဒီနေ့ ၂၂ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့ပါတယ်။ မူလက ၃ ဦးကို လွှတ်ပေးဖို့ စီစဉ်ခဲ့ပေမယ့် အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ အမြန်လွှတ်ပေးရေး သဘောတူညီချက်အရ ၆ ဦးကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးဘက်က ဖမ်းဆီးထားတဲ့ပါလက်စတိုင်းအကျဉ်းသား ၆၀၂ ဦးကို ပြန်လွှတ်ပေးမယ်လို့ သိရပါတယ်။

ဓားစာခံ ခြောက်ဦးဟာ အသက် ၂၀ နဲ့ ၄၀ နှစ်အရွယ်ရှိတဲ့ အမျိုးသားတွေ ဖြစ်ကြပြီး အခု အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး ဟားမတ်စ်က အသက်ရှင်ကျန်ရစ်တဲ့ ဓားစာခံတွေကို လွှတ်ပေးခဲ့တာ အခုဆိုရင် သတ္တမအကြိမ်မြောက် ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ ကတိပြုထားတဲ့အတိုင်း အသက်ရှင်ကျန်ရစ်တဲ့ ဓားစာခံတွေအားလုံးကို လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဟားမတ်စ်ဘက်က ဓားစာခံ အမျိုးသမီးတစ်ဦးလို့ ယူဆရတဲ့ ရုပ်အလောင်းအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ကို လွှဲပြောင်းပေးခဲ့ပြီး ၂၀ ရက်နေ့မှာ အစ္စရေးကို လွှဲပြောင်းပေးခဲ့တဲ့ အမျိုးသမီး ရဲ့ ရုပ်အလောင်းဟာ အခြားအမျိုးသမီးဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့အတွက် ၂၁ ရက်နေ့မှာ အမျိုးသမီး ရုပ်အလောင်းကို ဟားမတ်စ်တို့က ထပ်မံလွှဲပြောင်းပေးခဲ့ရာ အစ္စရေးဓားစာခံအမျိုးသမီး ဖြစ်တယ်လို့ ဒေသခံမီဒီယာတွေရဲ့ အဆိုအရ သိရပါတယ်။ ဟားမတ်စ်က အဲ့ဒီအမျိုးသမီးကို အစ္စရေးရဲ့ စစ်ရေးတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့ကြောင်း ပြောကြားထားသော်လည်း အစ္စရေးဘက်က ဟားမတ်စ်နဲ့ မဟာမိတ်အဖွဲ့က သူမအား သတ်ဖြတ်ခဲ့တာလို့ အစ္စရေးက ပြောကြားခဲ့ပါတယ်။

ဒီနေ့ ၂၂ ရက်နေ့မှာ လွတ်မြောက်လာသူ ခြောက်ဦး အပါအဝင် ဟားမတ်စ်က အခုအခါ အသက်ရှင် ကျန်ရစ်တဲ့ အစ္စရေး ဓားစာခံ ၂၅ ဦးနဲ့ ရုပ်အလောင်း လေးလောင်းကို လွှဲပြောင်း ပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန် သတင်းဆိုက် Axios ရဲ့ ဖော်ပြချက်အအေး နောက်ထပ် ရုပ်အလောင်း လေးလောင်းကို ၂၇ ရက်နေ့မှာ လွှဲပြောင်းပေးအပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဇန်နဝါရီလ ၁၉ ရက်ကနေ ၄၂ ရက်အထိ ကြာမြင့်မယ့် အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ ဟားမတ်စ်က စုစုပေါင်း ဓားစာခံ ၃၃ ဦးကို အစ္စရေးလက်သို့ လွှဲပြောင်းပေးမှာ ဖြစ်ပြီး အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း ၁၉၀၀ ခန့်ကို လွှတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်။ မာအိနီချီ ရှင်ဘွန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး

တဲလ်အဗစ်၊ အစ္စရေး — အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ယခုသီတင်းပတ် ဝါရှင်တန်ဒီစီ ခရီးစဉ်မတိုင်မီ၊ အစ္စရေးသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) ဒေသအပေါ် ၎င်း၏ထိန်းချုပ်မှုကို တင်းကျပ်ရန် ကျယ်ပြန့်သော ခြေလှမ်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက် တနင်္ဂနွေနေ့တွင် အစ္စရေး၏ လုံခြုံရေးကက်ဘိနက်သည် နိုင်ငံ၏ ဥပဒေစိုးမိုးရေးအာဏာကို တိုးချဲ့မည့်အပြင် အခြေချနေထိုင်မှုများ တိုးချဲ့ရန်အတွက်
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း

အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအပေါ် နှုတ်ဆိတ်နေပြီး၊ မဲ ပြန်လည် ရေတွက် ရန် ဆန္ဒပြမှုများ တိုးလာချိန်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 17 Views
နေရှင်း ဘန်ကောက်သတင်းစာ- ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် ထိုင်းယာယီဝန်ကြီးချုပ် အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအတွက် အတည်ပြု ပြီးသား ရလဒ်များကို
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ်

Gen Z က တော်လှန်ရေးတွင် အောင်ပွဲခံခဲ့သော်လည်း ရွေးကောက်ပွဲကိုမူ မျိုးဆက်ဟောင်း များကသာ လွှမ်းမိုးထားဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၁ရက် သက်ကြီးဝါကြီး အာဏာရှင်ကို ဖြုတ်ချခဲ့သည့် Gen Z (မျိုးဆက်သစ်လူငယ်များ) ၏ တော်လှန်ရေးအပြီး၊ နိုင်ငံ၏လမ်းကြောင်းသစ်ကို ပုံဖော်နိုင်မည်ဟု သန်းနှင့်ချီသော လူငယ်များ မျှော်လင့်နေကြသည့် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြာသပတေးနေ့၌
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 20 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 27 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ် တာကာအီချီက သမိုင်းဝင် အပြတ်အသတ်အနိုင်ရရှိမှုဖြင့် အများစု အင်အားကို အထူးရယူနိုင်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက် ဂျပန်နိုင်ငံ၏ ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီသည် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး၊ သူမ ခေါင်းဆောင်မှုနေရာသို့ မရောက်ရှိမီ မကြာသေးမီနှစ်များအတွင်းက မဲဆန္ဒရှင်များ၏ ထောက်ခံမှု
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 32 Views
ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က ရွေးကောက်ပွဲတွင် အနိုင်ရရန် သေချာသလောက် ရှိနေကြောင်း အသိအမှတ်ပြုလိုက်ပြီး၊ People’s Party ကမူ
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 75 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။