နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

စစ်ရေးနဲ့ စီးပွါးရေးအတွက် သမိုင်းဝင်မူဝါဒသစ်ကို ဂျာမနီအထက်လွှတ်တော်မှာ အလျင်အမြန်ပြဌာန်း

++++++++++++++++++++++++

ဥရောပရဲ့ စီးပွါးရေးတိုးတက်မှုကို အသက်သွင်းဖို့ ရည်ရွယ်တဲ့ အသုံးစရိတ်တွေတိုးမြှင့်ရေးနဲ့ စစ်ရေးအသုံးစရိတ်တွေချဲ့ထွင်ဖို့အတွက် ဂျာမနီနိုင်ငံရဲ့အထက်လွှတ်တော်မှာ သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒါဟာ သမိုင်းဝင်မူဝါဒသစ်ချမှတ်မှုဖြစ်သလို အဲဒီမူဝါဒချမှတ်နိုင်ဖို့အတွက် နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျာမနီနိုင်ငံရဲ့ ပြည်နယ် 16 ခုကို ကိုယ်စားပြုတဲ့ Bundesrat အထက်လွှတ်တော်ဟာ အကြီးမားဆုံးအတားအဆီးတစ်ခုဖြစ်တဲ့ ဆယ်စုနှစ်တစ်ခုကြာ ကန့်လန့်ဖြစ်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာ ရှေးရိုးစွဲ အယူအဆတွေကို အဆုံးသတ်စေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့ကတော့ အခြေခံအဆောက်အဦအတွက် သုံးစွဲဖို့ ယူရိုဘီလျံ 500 နဲ့ စစ်ရေးအသုံးစရိတ်အတွက် တင်းကျပ်တဲ့ဥပဒေတွေကို ဖြေလျှော့ပေးဖို့ အောက်လွှတ်တော်မှာ အတည်ပြုထားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့လရွေးကောက်ပွဲအပြီး ညွှန့်ပေါင်းဖွဲ့ဖို့ ဆွေးနွေးနေတဲ့ ကွန်ဆာဗေးတစ်တွေနဲ့ SPD ပါတီတို့ဟာ မတ်လ 25 ရက်နေ့မှာ နောက်ထပ်ကျင်းပမယ့် ပါလီမန်မှာ လက်ဝဲစွန်းနဲ့ လက်ယာစွန်းအမတ်တွေရဲ့ ကြီးမားတဲ့ ချယ်လှယ်မှုကို ဟန့်တားနိုင်ဖို့အတွက် အခုတစ်ကြိမ်မှာ အပြီးသတ်ဆောင်ရွက်ခဲ့ကြတာပါ။

ဂျာမန်အဓိပတိလောင်း ဖရိုင်းဒရစ်ချ်မာ့ဇ်ဟာ အချိန်တိုအတွင်းဆုံးဖြတ်ခဲ့တဲ့အတွက် ဒေါသထွက်နေတဲ့အတိုက်အခံတွေကို လျင်မြန်စွာပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးဖြစ်စဉ်တွေနဲ့ ထောက်ပြရှင်းလင်းခဲ့ပါတယ်။ အထူးသဖြင့် သမ္မတဒေါ်နယ်ထရန့်လက်ထက် အမေရိကန်နိုင်ငံရဲ့ ပေါ်လစီအပြော်ငးအလဲတွေအပေါ် ဥရောပခေါင်းဆောင်များ စိုးရိမ်နေပြီး ရန်လိုနေတဲ့ ရုရှား၊ အင်အားကြီးမားလာတဲ့ တရုတ်နိုင်ငံတွေကြောင့် အခုလို အလျင်အမြန်အကောင်အထည် ဖော်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“မော်စကိုရဲ့ ခြိမ်းခြောက်မှုက ရှိနေဆဲဖြစ်သလို အနောက်ဘက်က အထောက်အပံ့ကိုလည်း ကျတော်တို့ မျှော်လင့်လို့မရတော့ပါဘူး။ ကျတော်က အနောက်ဥရောပနဲ့ အမေရိက ပူးပေါင်းဆောင်ရွက်မှုကို လိုလားသူတစ်ယောက်ပါ။ ဒါပေမယ့် ယနေ့ အမေရိကန်နဲ့ဆက်ဆံရေးဟာ ကျတော့်အတွက်ရော၊ တခြားသူတွေအတွက်ပါ အနည်းငယ် တော်တော်လေးလှုပ်ခတ်လာပါပြီ၊ ဂျာမန်တွေအတွက်လည်း အဲဒီလို ခံစားရပါတယ်”လို့ ဘာဘေးရီးယန်းဝန်ကြီးချုပ် မားကပ်ဆိုးဒါက ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 57 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 170 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 35 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 63 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ