နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်များ နှောင့်နှေး

+++++++++++++++++++++++

အင်ဒိုးနီးရှားနိုင်ငံ ဖလောရက်စ်ကျွန်းက မီးတောင်တစ်ခု သောကြာနေ့အစောပိုင်းက စတင်ပေါက်ကွဲပြီး ပြာနဲ့ မီးခိုးတွေကို အမြင့်ပေ 5 မိုင်ကျော်အထိ မှုတ်ထုတ်နေတာကြောင့် ကျွန်းပေါ်မှာရှိတဲ့ဒေသခံတွေကို အာဏာပိုင်တွေက အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာ Lewotobi Laki-laki မီးတောင်ဟာ ဆက်လက်ပေါက်ကွဲနေတာကြောင့် ကျွန်းပေါ်က ဒေသခံတွေအတွက် သတိပေးချက်ကို အဆင့် 3 မှ 4 အထိ တိုးမြှင့်ထုတ်ပြန်ခဲ့ရတာပါ။ အဲဒီမီးတောင်ပေါက်ကွဲမှုကြောင့် ဂျပန်နိုင်ငံကမ်းရိုးတန်းတလျှောက်မှာ ဆူနာမီဖြစ်လာမှာကို အစောပိုင်းက စိုးရိမ်မှုတွေရှိခဲ့ပေမယ့် ဂျပန်မိုးလေဝသအာဏာပိုင်တွေကတော့ လက်ရှိအချိန်ထိ ဆူနာမီဖြစ်နိုင်တဲ့ အရိပ်လက္ခဏာမတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ကောင်းကင်ပေါ်မှာ ပြာနဲ့ မီးခိုးတွေပျံ့နှံ့နေမှုကြောင့် ဩစတြေးလျလေကြောင်းလိုင်းတွေကတော့ ဘာလီကျွန်းကို ပျံသန်းမယ့်ခရီးစဉ်တွေကို သောကြာနေ့မှာ ဖျက်သိမ်းလိုက်ပါတယ်။ မီးတောင် ပေါက်ကွဲမှုမဖြစ်ခင် မတ်လ 13 ရက်နေ့ကနေ 20 ရက်နေ့အတွင်း ပတ်ဝန်းကျင်ဒေသတွေမှာ ငလျင်လှုပ်ခတ်မှုအကြိမ် 100 ကျော်အထိရှိခဲ့တယ်လို့ အင်ဒိုးနီးရှားဘူမိဗေဒပညာရှင်တွေက ဆိုပါတယ်။ ကောင်းကင်ဓါတ်ပုံတွေရဲ့ မှတ်တမ်းအရ မီးတောင်ဟာ အင်ဒိုးနီးရှားဒေသစံတော်ချိန် ညသန်းခေါင်ယံမှာ စတင်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အင်ဒိုးနီးရှားအာဏာပိုင်တွေက Lewotobi Laki-laki မီးတောင် ပေါက်ကွဲမှုဗဟိုချက်ရဲ့ အနောက်တောင်နဲ့ အရှေ့မြောက်ဘက် 8 ကီလိုမီတာအတွင်း လှုပ်ရှားသွားလာမှုမပြုလုပ်ဖို့ သတိပေးတားမြစ်ထားပါတယ်။ မီးတောင်က ထွက်လာတဲ့ ပြာမှုတွေဟာ ဘာလီကျွန်းတဝိုက် အခြားကျွန်းတွေပေါ်အထိ ပြန့်နှံ့လာတာကြောင့် လေယာဉ်ခရီးစဉ်တချို့လည်း နှောင့်နှေးခဲ့ရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 28 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၃၀ သန်းကျော်မှာ ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ (UN) က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။ စစ်သားနှစ်ဦးသည် လက်ကိုလေထဲမြှောက်ကာ လက်နက်ချနေပြီး တစ်ဖက်ခြမ်းမှ ဟိန်းဟောက်စေခိုင်းနေသည့် အမိန့်များကို ဂရုတစိုက် လိုက်နာနေကြသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 42 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)