နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

နှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းအစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပူတင်အဆိုပြု

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ နှစ်အတန်ကြာအတွင်း ပထမဆုံးအနေဖြင့် ယူကရိန်းနဲ့ အပြန်အလှန်ဆွေးနွေး မယ်လို့ အဆိုပြုလိုက်ပါတယ်။ အဲဒီအဆိုပြုချက်မှာ ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေးကို ထပ်မံပြုလုပ်ဖို့ လမ်းဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။ ယူကရိန်းမှာ ငြိမ်းချမ်းရေးတည်ထောင်ဖို့ ဝါရှင်တန်က ဖိအားပေး နေချိန်မှာ ပူတင်ရဲ့ အဆိုပြုချက်ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

ရုရှားနိုင်ငံပိုင် ရုပ်သံသတင်းထောက် တစ်ဦးနဲ့ အင်တာဗျူးမှာ ပူတင်က မော်စကိုအနေနဲ့ မည်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမဆို တံခါးဖွင့်ထားကြောင်းနဲ့ ယူကရိန်းဘက်ကလည်း တူညီတဲ့အမြင်သဘောထားမျိုးရှိလိမ့်မယ်လို့မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာပါ။

“ကျတော်တို့ ပြောခဲ့သလိုပဲ ငြိမ်းချမ်းရေးဆွေးနွေးမှုမှန်သမျှကို အပြုသဘောရှုမြင်ပါတယ်။ ယူကရိန်းအစိုးရကိုယ်စားလှယ်တွေလည်း ဒီလိုပဲ ရှုမြင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကနဦးတုံ့ပြန်မှုတွေကို ကျတော်တို့ အားလုံးမြင်တွေ့ခဲ့ကြသလို အားလုံးလည်းမြင်တွေ့ကြလိမ့်မယ်ထင်ပါတယ်။ ကျတော်တို့ရဲ့ အဆိုပြုချက်တွေဟာ လူတွေရဲ့ အသက်တွေ၊ ဘ၀တွေနဲ့ ကစားရတဲ့ ကံကြမ္မာကစားနည်းတစ်ခုလို့ အခုထိ ရှုမြင်နေပါတယ်”လို့ ပူတင်က ပြောသွားခဲ့တာဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးကိစ္စမှာ နှစ်ဖက်စလုံးက ချိုးဖောက်မှုတွေရှိနေတယ်လို့ အပြန်အလှန်စွပ်စွဲနေကြပေမယ့် အမေရိကန်အစိုးရကတော့ အပစ်အခတ်ရပ်စဲရေးကို အချိန်တိုးမြှင့်မယ့်အစီအစဉ်အတွက် ကြိုဆိုကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှု ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို အချိန်ကာလထပ်မံတိုးမြှင့်ဖို့ တောင်းဆိုခဲ့တဲ့ ယူကရိန်းသမ္မတဇယ်လင်စကီးက ရုရှားတွေ သဘောတူညီမှုကို ချိုးဖောက်ပြီး ဆက်လက်တိုက်ခိုက်နေတာဟာ စစ်ကို ပိုမိုရှည်ကြာအောင်ပြုလုပ်နေခြင်းသာဖြစ်တယ်လို့ ဝေဖန်စွပ်စွဲခဲ့ပါတယ်။ ဇယ်လင်စကီးရဲ့ အပစ်အခတ်ရပ်စဲရေး အချိန်ကာလတိုးမြှင့်ဖို့တောင်းဆိုမှုနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်က အခြေအနေကို လေ့လာသုံးသပ်သွားမယ်လို့ အကြောင်းပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 32 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 145 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 61 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ