နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျားဖြန့်ဂိုဏ်းတွေကို နိုင်ငံတကာနဲ့ လက်တွဲတိုက်ဖျက်သွားမယ်လို့ BGF ထုတ်ပြန်

ဇန်နဝါရီလ (၂၃)ရက်။

ကျားဖြန့်ဂိုဏ်းတွေကို ဒေသအာဏာပိုင်အဖွဲ့တွေအပါအဝင် နိုင်ငံတကာတို့နဲ့ ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမယ်လို့ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ BGF က မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

BGF အနေနဲ့ ဒေသထဲလာရောက်ပြီး ဖွံ့ဖြိုးရေးလုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေကိုသာ ဖိတ်ခေါ်လက်တွဲတာဖြစ်ပြီး ဒုစရိုက်မှု၊ မသမာမှုနဲ့ လူကုန်ကူးမှုတွေကို လုံးဝလက်မခံဘဲ တားမြစ်ထားတယ်လို့ ဆိုပါတယ်။

ဝင်ငွေနည်းတဲ့ မိသားစုလယ်ယာစိုက်ပျိုးရေးစနစ်အစား ဝင်ငွေတိုးစေတဲ့ စက်ရုံ၊ အလုပ်ရုံ၊ အိမ်ရာစီမံကိန်းနဲ့ အပန်းဖြေဧည့်ရိပ်သာ စတဲ့ လုပ်ငန်းတွေကို ဦးစားပေးဖိတ်ခေါ်ပြီး အကျိုးတူဆောင်ရွက်တဲ့စနစ်မဟုတ်ဘဲ နှစ်ရှည်မြေယာငှားရမ်းတဲ့စနစ်နဲ့ ဆောင်ရွက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒီလိုဆောင်ရွက်တာမှာ အချို့ မသမာတဲ့ ရင်းနှီးမြှပ်နှံသူတွေဟာ ဒုစရိုက်မှုတွေကိုပါ ဆောင်ရွက်လာကြတာကို စိစစ်တွေ့ရှိရတယ်လို့ ရေးသားထားပါတယ်။

ဒီလိုဒုစရိုက်မှုတွေကို ပြည်သူတွေ သိရှိရှောင်ရှားနိုင်ဖို့နဲ့ လုပ်ငန်းရှင်တွေကို သတိပေးတားမြစ်တာအပြင် ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူတာတွေ ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး သတင်းရရှိတဲ့ လူကုန်ကူးတာတွေကိုလဲ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေ၊ နိုင်ငံတကာအဖွဲ့တွေ၊ သံတမန်တွေနဲ့ စဉ်ဆက်မပြတ် ဆက်သွယ်ပူးပေါင်းဖော်ထုတ်ကူညီပေးနေတယ်လို့ အသိပေးထားပါတယ်။

BGF ဦးဆောင်သူ ဗိုလ်မှူးကြီး စောချစ်သူနဲ့ ကျားဖြန့်စီးပွားရေးလုပ်ငန်းတွေ ဆက်စပ်နေသလို လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့လဲ ဆက်စပ်နေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 45 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 44 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 45 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 45 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို