တော်လှန်ရေးအောက်ကအပြိုင်အဆိုင်စီးပွားရေးလုပ်ကွက်များဘယ်ကိုဦးတည်နေလဲ? မြိုင်ရေနံတွင်းများ၊ မင်းကင်းရွှေမြောနဲ့ ပဲခူးရိုးမသစ်ကွက်များအတွင်း ပီဒီအက်ဖ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ တော်လှန်ရေးသမားတွေဘဝကနေ စီးပွားရေးလုပ်ပိုင်ခွင့်တွေ ပေးလိုက်တဲ့အခါ ဒီစီးပွားရေးလုပ်ငန်းတွေမှာ သာယာလာပြီး တော်လှန်ရေးအားထုတ်မှုတွေ မှေးမှိန်သွားခဲ့သလို ပြည်သူသာအဓိက ပြည်သူသာ အားထားရာဆိုတဲ့ ဦးထိပ်ထားရမဲ့အရာတွေ ဘေးရောက်သွားခဲ့ပြီး ပြည်သူတွေက “ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး” ဆိုတဲ့ဘဝကိုရောက်လာခဲ့တာကို ဘယ်လိုပြုပြင်ထိန်းကြောင်းကြမလဲဆိုတာကိုခေတ်မျက်လုံးရဲ့ ပင်တိုင်ဆွေးနွေးသူ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က သူတို့အမြင်တွေကို ဒီညမြန်မာ ၇နာရီခွဲမှာ Live တင်ပြသွားမှာ ဖြစ်ပါတယ်။
ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့