နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ်က DOGE တွင် အချိန်ပြည့် အာရုံစိုက်ဆောင်ရွက်နေသည့်အချိန်ကို သိသိသာသာ လျော့ချပြီး တက်စလာ(Tesla) ကားလုပ်ငန်းကို အာရုံပြန်စိုက်တော့မည်ဟုပြော

တက်စလာ (Tesla) သည် ဝင်ငွေ သိသာစွာ လျော့ကျမှုများကို အစီရင်ခံခဲ့ပြီး နိုင်ငံရေးနှင့် ထရန့်၏အခွန်မူဝါဒများသည် ကုမ္ပဏီအပေါ် ထိခိုက်စေမည်ဟု သတိပေးခဲ့သည်။ မတ်စ်က အကောက်ခွန်ကို လျှော့ကောက်ရန်အတွက် အကြံပြုမည်ဟု ပြောကြားခဲ့သည်။

နည်းပညာဘီလျံနာ အီလွန်မတ်စ်က လာမည့်လမှစတင်ကာ တက်စလာအား ၎င်း၏အလုပ်အတွက် အချိန်ပိုပေးကာ ထရန့်အစိုးရနှင့် ၎င်း၏ နိုင်ငံရေးအလုပ်ကို လျော့လုပ်တော့မည်ဟု ဆိုသည်။ ထိုပြောဆိုချက်က တက်စလာရင်းနှီးမြှုပ်နှံသူများကို စိတ်သက်သာရာရစေကာ အိမ်ဖြူတော်တွင် အီလွန်မတ်စ်က သူ့အား ပေးထားသည့် အာဏာအပြောင်းအရွှေ့ ဖြစ်နိုင်ချေကို ထုတ်ဖော်တင်ပြမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ကုမ္ပဏီသည် ပထမသုံးလပတ်အမြတ်နှင့် ၀င်ငွေ သိသိသာသာကျဆင်းသွားကြောင်း အစီရင်ခံပြီးနောက်တွင် အီလွန်မတ်စ်၏ မှတ်ချက်များသည် တက်စလာ၏ ရင်းနှီးမြုပ်နှံသူများထံမှ တောင်းဆိုချက်ကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထရန့်အစိုးရ၏ အခွန်အကောက် အစီအစဉ်များနှင့်အတူ နိုင်ငံရေးပတ်ဝန်းကျင်တွင် ပါဝင်နေမှုသည် ၎င်း၏ကားလုပ်ငန်းအတွက် စိန်ခေါ်မှုများဖြစ်ကြောင်း တက်စလာကုမ္ပဏီက သတိပေးခဲ့သည်။

“ နောက်လ၊ မေလကစပြီး ဖြစ်နိုင်ပါတယ်၊ DOGE အတွက် ကျွန်တော့်ရဲ့ အချိန်က သိသိသာသာ ကျဆင်းသွားမှာပါ” ဟု အီလွန်မတ်စ်က ၎င်း၏ အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို ရည်ညွှန်းပြီး ပြောကြားခဲ့သည်။

“ သမ္မတက လုပ်ချင်သလို လုပ်စေချင်သရွေ့ အစိုးရကိစ္စတွေမှာ တစ်ပတ်ကို တစ်ရက် နှစ်ရက်လောက် ဆက်ပြီး လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် နောက်လကစပြီး တက်စလာအတွက် ကျွန်တော့်ရဲ့ အချိန်တွေကို ပိုခွဲဝေပေးမှာပါ၊ အခုတော့ အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန ထူထောင်ရေး အဓိက အလုပ်က ပြီးပါပြီ” ဟု ၎င်းက ဆိုသည်။

တက်စလာ၏စီအီးအို အီလွန်မတ်စ်သည် သမ္မတဒေါ်နယ်ထရန့်အတွက် အလုပ်လုပ်ပေးနေသည့်အတွက် တက်စလာအား ဆန္ဒပြမှုများနှင့် ဖျက်ဆီးနှောင့်ယှက်မှုများ ကြီးထွားလာနေပြီး ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရသည်။ အီလွန်မတ်စ်သည် ၎င်း၏ နိုင်ငံရေး လောကထဲသို့ ပြောင်းရွှေ့ဝင်ရောက်ခြင်းကြောင့် ကုမ္ပဏီ၏ စတော့စျေးနှုန်းကို ထိခိုက်ကျဆင်းစေခဲ့ကြောင်း ဝန်ခံခဲ့သည်။

စက်ရုပ်များဖြင့် နည်းပညာမြင့်ထုတ်ကုန်များအဖြစ် ကွဲပြားစေရန် တိုးမြှင့်လုပ်ဆောင်နေသည့် တက်စလာသည် အမြတ်ငွေ ဒေါ်လာ ၄၀၉ သန်းသို့ ကျဆင်းသွားပြီး လွန်ခဲ့သည့်တစ်နှစ်တည်းက သုံးလပတ်အတွင်း ဒေါ်လာ ၁.၃၉ဘီလီယံနှင့် နှိုင်းယှဉ်ပါက အမြတ်ငွေ ၇၁% ကျဆင်းသွားကြောင်း ပြောကြားခဲ့သည်။

တက်စလာ၏ရှယ်ယာများသည် နာရီပိုင်းအတွင်း အရောင်းအဝယ်ဖြစ်မှုတွင် ၄% ခန့်တက်ခဲ့သော်လည်း ကုမ္ပဏီသည် ဒီဇင်ဘာလလယ်ပိုင်းတွင် ၎င်း၏တန်ဖိုး၏ ၅၀% ဆုံးရှုံးခဲ့သည်။

အီလွန်မတ်စ်၏ ကြေညာချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို အိမ်ဖြူတော်က ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 59 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 55 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု