နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

စစ်သွေးကြွသံသယရှိသူတွေရဲ့တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသမှာ လူ ၂၀ ကျော် သေဆုံးခဲ့ရ

+++++++++++++++++++

အိန္ဒိယနိုင်ငံရဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွလို့ သံသယရှိသူတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ ခန့်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒါဟာ ဟိမ၀န္တာဒေသမှာ အရပ်သားအများ အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှုလို့ ယူဆရပါတယ်။

သေဆုံးသူတွေဟာ ဘယ်နိုင်ငံသား၊ ဘာလူမျိုးဖြစ်တယ်ဆိုတာကိုတော့ ချက်ချင်းမသိရသေးပါဘူး။ တိုက်ခိုက်ခံရမှုဟာ အစ္စလာမစ်စစ်သွေးတွေရဲ့ အကြမ်းဖက်မှုတွေလျော့ပါးသွားလို့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ရှင်သန်လာခဲ့တဲ့ ပါဟယ်ဂမ်ဒေသမှာဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လူသိနည်းတဲ့ “Kashmir Resistance” အမည်နဲ့ စစ်သွေးကြွအုပ်စုက သူတို့လက်ချက်ဖြစ်တယ်လို့ လူမှုကွန်ယက်စာမျက်နာမှာ တရားဝင်ကြေညာခဲ့ပါတယ်။ အဲဒီဒေသမှာ ပြင်ပက လူပေါင်း 85000 ကျော် ဝင်ရောက်အခြေချနေထိုင်လာတာကို မကျေနပ်တာကြောင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့လည်း သူတို့က ပြောပါတယ်။

ဂျမူးနဲ့ ကက်ရှ်မီးယားဒေသဆိုင်ရာအစိုးရဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အိန္ဒိယနိုင်ငံအတွင်းမှ ဒေသခံမဟုတ်တဲ့ လူပေါင်း ၈၄၀၀၀ ကျော်ကို အဲဒီဒေသမှာ နေထိုင်ခွင့်ပြုဖို့ ဥပဒေပြုလွှတ်တော်မှာ တင်သွင်းအတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရန္ဒာမိုဒီကတော့ အကြမ်းဖက်တိုက်ခိုက်မှုနောက်ကွယ်က အဖွဲ့ကို တရားမျှတမှုအတွက် အရေးယူဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နာ X ကနေ ထုတ်ဖော်ရေးသားခဲ့ပါတယ်။

မိုဒီက “ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ ကျတော်တို့ မတုန်မလှုပ်ပါဘူး၊ ပိုပြီး အားကောင်းလာမှာပါ” လို့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံက တစ်စိတ်တပိုင်စီအုပ်ချုပ်တဲ့ ဟိမ၀န္တာဒေသဟာ ၁၉၈၉ ခုနှစ် အိန္ဒိယဆန့်ကျင်ရေး သောင်းကျန်းမှုတွေ စတင်ချိန်ကစပြီး စစ်သွေးကြွအကြမ်းဖက်မှုတွေ ဖြစ်ပွားလေ့ရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။

မကြာသေးမီနှစ်တွေအတွင်း အဲဒီဒေသမှာ အကြမ်းဖက်မှုတွေ လျော့ပါးသွားပေမယ့် စုစုပေါင်း လူ သောင်းနဲ့ချီသေဆုံးခဲ့ရဖူးပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 22 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “