နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရ

ဧပြီလ (၂၃)ရက်။

၂၀၂၅ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ချီးမြှင့်ခဲ့တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာပြည်တွင်းက ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူတွေကို ပြည်ပရောက် တိုင်းရင်းသားမြန်မာမိသားစုတွေကနေ ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြတာလို့ ဆိုပါတယ်။

အဲ့ဒီလိုဂုဏ်ပြုတာမှာ ၂၀၂၅ခုနှစ် (၁၆)ကြိမ်မြောက် ဂုဏ်ပြုသူအနေနဲ့ အကျဉ်းကျခံနေရတဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်အသင်းဝင် ဌာနခွဲတွေက ရွေးချယ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ် ထားရှိတဲ့ အနစ်နာခံတာ၊ မေတ္တာတရားနဲ့ နိုင်ငံရေး ဦးဆောင်တာတွေအပေါ် ကျေးဇူးတင်စကားပြောတာနဲ့ အကြမ်းဖက်စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံ တွန်းလှန်နေတဲ့ စိတ်ခွန်အားကို ဦးညွှတ်ဂုဏ်ပြုတာလို့ ရေးသားထားပါတယ်။

နောက်ပြီး မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ တမျိုးသားလုံး စစ်ကျွန်ဘဝ လွတ်မြောက်ဖို့အတွက် ပြည်သူ့ဂုဏ်ရည်အသင်းကြီးက ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကတိပြုပြောဆိုထားပါတယ်။

အဲ့ဒီဆုကို ပြီးခဲ့တဲ ၂၀၂၃ခုနှစ်က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ရွေးချယ်ချီးမြှင့်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

Facebook messenger ကနေ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုတာကြောင့်ဆိုပြီး အရပ်သားတဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 16 Views
ဒီဇင်ဘာလ (၃)ရက်။ နိုဝင်ဘာလ (၂၈)ရက်နေ့က Facebook messenger ကနေ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုတာကြောင့်ဆိုပြီး အရပ်သားအမျိုးသားတဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့
မြန်မာသတင်း

ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို ပကဖတွေထံ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 15 Views
ဒီဇင်ဘာလ (၃)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို တိုက်နယ်ပကဖနဲ့ UG ပကဖတွေကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူစုစုပေါင်း (၄၀၀၀)ကျော်ရှိတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 17 Views
ဒီဇင်ဘာလ (၃)ရက်။ ပြီးခဲ့တဲ့လကုန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၄၂၀၀)ရှိပြီး သေဆုံးသူ (၄၄၇၀)ဦးရှိတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူတွေထဲမှာ အသက် (၁၈)နှစ်အောက် ကလေးသူငယ် (၈၇၆)ဦး
မြန်မာသတင်း

မင်းလက်ပံဒေသ ကျားဖြန့်ခြံဝင်းထဲ မထွက်ခွာလိုတဲ့ နိုင်ငံခြားသား (၉၀၀)ကျော် ကျန်ရှိနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 17 Views
ဒီဇင်ဘာလ (၃)ရက်။ မင်းလက်ပံဒေသ Shunda Park Scam Compound ထဲက မထွက်ခွာလိုတဲ့ နိုင်ငံခြားသား (၉၄၂)ဦး ကျန်ရှိနေသေးတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU ရဲ့ မြေပြင်အကဲဖြတ်အဖွဲ့ဟာ
မြန်မာသတင်း

မြန်မာပြည်သူတွေ လွတ်လပ်မှုမရမချင်း ဘယ်တော့မှ အရှုံးမပေးဘူးလို့ ဒေါက်တာဆာဆာပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 16 Views
ဒီဇင်ဘာလ (၂)ရက်။ မြန်မာပြည်သူတွေ လွတ်လပ်မှုမရမချင်း ဘယ်တော့မှ အနားယူမှာမဟုတ်သလို ဘယ်တော့မှ အရှုံးမပေးဘူးလို့ ဒေါက်တာဆာဆာက မနေ့က ပြည်သူသို့ အသိပေးတင်ပြချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ ရှေ့ဆက်ရမယ့် ခရီးလမ်းက ရှည်လျားကြမ်းတမ်းနိုင်ပေမယ့် ညီညွတ်မှု၊ သတ္တိနဲ့
မြန်မာသတင်း

ပခုက္ကူခရိုင်အခြေစိုက် Local PDF နှစ်ဖွဲ့ အညာမြေတပ်ပေါင်းစုထံ ထပ်မံပေါင်းစည်းဝင်ရောက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 29 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီကနေ့ ပခုက္ကူခရိုင်အခြေစိုက် God of Myaing တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ အညာမြေတပ်ပေါင်းစုထံ ထပ်မံပေါင်းစည်းဝင်ရောက်လာတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်ဖွဲ့ (၂)ဖွဲ့ဟာ အညာမြေတပ်ပေါင်းစုထံ တရားဝင် လက်မှတ်ရေးထိုး
မြန်မာသတင်း

ဝက်လက်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 32 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီကျော်အချိန်က ဝက်လက်မြို့အရှေ့ခြမ်း နတ်မှော်ဦးရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဝက်လက်အရှေ့ခြမ်း နတ်မှော်ရွာထဲကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့ မနက် (၁၂)နာရီ (၆)မိနစ်လောက်က ပေါင်
မြန်မာသတင်း

စစ်တပ် လွတ်ငြိမ်းနဲ့ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာတယ်လို့ PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 28 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီဇင်ဘာလ (၁)ရက်နေ့က စစ်တပ်ရဲ့ လွတ်ငြိမ်းနဲ့ အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဂာ အကျဉ်းထောင် (၁၁)ခုကနေ