နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့

ဧပြီလ (၂၃)ရက်။

ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီခွဲအချိန်က ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၆၄)ကနေ (၁၂၀)မမ လက်နက်ကြီးတလုံး ပစ်ခတ်ခဲ့တာ။ အဲ့ဒီလက်နက်ကြီးက အင်းပုဝါကျေးရွာထဲ ကျရောက်ပြ ကျေးရွာနေပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။

ပိန်းဇလုပ်အ‌ခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၆၄)တပ်က ၁၂၀မမ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ကာ အင်းပုဝါကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် (၅၂)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျေးရွာနေ ပြည်သူ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒေသခံတစ်ဦးရဲ့ မေအိမ်တလုံး ပျက်စီးခဲ့ကာ နွား (၃)ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့တရက်ထဲ နံနက် (၁၁)နာရီအချိန်က လယ်ဒိုမြို့ရှိ စစ်ကောင်စီလေတပ်က ကေလာသဘုရားပရဝန်ထဲ ဗုံးကြဲခဲ့တာကြောင့် ဘုရားစေတီ၊ ဘုရားကျောင်းဆောင်၊ ဓမ္မာရုံတလုံးနဲ့ ဘုန်းကြီးကျောင်းတို့ ထိမှန်ပျက်စီးခဲ့သေးတယ်လို့ ပြောဆိုထားပါတယ်။

ခလယ်လွီထူခရိုင်ထဲ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကို နေ့တိုင်းနီးပါး ပြုလုပ်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ စိုးရိမ်ကြောက်ရွံ့တာတွေနဲ့ နေထိုင်နေရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့ လူ (၅၀၀)စာရင်းထွက်ပေါ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 44 Views
စက်တင်ဘာလ (၁၇)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့ လူ (၄၈၉)ဦးစာရင်းဟာ ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထွက်ပေါ်လာခဲ့တယ်လို သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေး ငွေကျပ် သိန်း(၉၀)အထိ ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ကောက်ယူနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 52 Views
စက်တင်ဘာလ (၁၇)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်ဆိုသူက မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေးအနေနဲ့ ငွေကျပ်သိန်း(၉၀)အထိ ခြိမ်းခြောက်ကောက်ယူနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးထံ သတင်းပေးပို့ချက်တွေအရ
မြန်မာသတင်း

မတ္တရာမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 40 Views
စက်တင်ဘာလ (၁၇)ရက်။ မနေ့က နေ့လယ် (၁)နာရီကျော်အချိန် မတ္တရာမြို့ရှိ ဒီယာရွာနဲ့ ဥက္ကံရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၃)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မတ္တရာ အရှေ့မြောက်ခြမ်းက ဒီယာရွာအနီးနဲ့ ဥက္ကံရွာအနီးကို
မြန်မာသတင်း

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့်ကျင့်ဝတ်တွေဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 39 Views
စက်တင်ဘာလ (၁၇)ရက်။ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေဆိုပြီး စစ်တပ်လက်အောက်ခံ ရွေး/ကော်က မနေ့ကရက်စွဲနဲ့ အမိန့်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။ ရွေး/ကော်ရဲ့ထုတ်ပြန်ချက်ထဲ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေအနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းဖို၊ ဘက်မလိုက်ဖို၊ ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံအားပေးတာ၊ ဆန့်ကျင်တာနဲ့
မြန်မာသတင်း

ရွှေမှော်ကပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 96 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းက ကန့်ဘလူမြို့မှာ ရွှေမှော်ကနေ ပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ကျွန်‌တော်တို့က စက်တင်ဘာ
မြန်မာသတင်း

အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချသူတွေကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 82 Views
စက်တင်ဘာလ (၁၆)ရက်။ အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချတဲ့ အမျိုးသမီး (၁)ဦးနဲ့ အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ဖမ်းဆီးခဲ့သူတွေဟာ မန္တလေး ချမ်းမြသာစည်မြို့မှာ စံထိုက်သီ
မြန်မာသတင်း

ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 84 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန် ကျောက်တံတားမြို့ရှိ မြို့တော်ခန်းမမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုတာတွေအရ သိရပါတယ်။ “ ဟုတ်တယ်၊ မနက် (၆)ခွဲကျော်လောက် ဆူးလေဘုရားလမ်းဘက်ခြမ်းက မြို့တော်ခန်းမဘက်မှာ ဗုံးကွဲတာ။
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းကနေ ပေါင်(၂၅၀)ဗုံး(၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 94 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၇)နာရီကျော်အချိန်က မိုးကုတ်မြို့အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်ကို