နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 20 ရက်

1027 Operations

1027 Operations

မိုးမိတ်မြို့မှာ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့

ဇွန်လ (၂၃)ရက်။

ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုထဲ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မိုးဟောက်ကျေးရွာအုပ်စုထဲ TNLA က စစ်ကြောင်းထွက်ကင်းလှည့်နေတဲ့အချိန် SSPP/SSA တပ်ဖွဲ့က နံနက် (၁၀)နာရီ (၁၄)မိနစ်မှာ တကြိမ်နဲ့ နံနက် (၁၁)နာရီခွဲကျော်အချိန်မှာ တကြိမ် ခြုံခိုတိုက်ခိုက်ခဲ့တာ” လို့ TNLA က ဆိုပါတယ်။

မိုးဟောက်ကျေးရွာအုပ်စုထဲ TNLA က စစ်ကြောင်းထွက်ကင်းလှည့်နေချိန် နံနက် (၁၀)နာရီ (၁၄)မိနစ်နဲ့ (၁၁)နာရီ (၃၆)မိနစ်အချိန်တို့မှာ SSPP/SSA တပ်ဖွဲ့က လက်နက်ငယ်နဲ့ ခြုံခိုတိုက်ခိုက်ခဲ့သလို နေ့လယ် (၁၂)နာရီအချိန်မှာ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး SSPP/SSA ဘက်ကတော့ သူတို့တပ်စခန်းရှိရာကို TNLA က စစ်ကြောင်း (၃)ကြောင်းထိုးပြီး တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ပြောဆိုထားပါတယ်။

အဲ့ဒီအပြန်အလှန်ပစ်ခတ်တာဟာ မိနစ်ပိုင်းကြာ ဖြစ်ပွားခဲ့ပြီးနောက် TNLA ဘက်က ပြန်လည်ဆုတ်ခွာသွားကာ အခုအချိန်မှာ နှစ်ဖက် ပစ်ခတ်တာတွေရပ်သွားခဲ့ပြီး စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

နောက်ပြီး ဇွန်လ (၁၉)ရက်နေ့က TNLA တပ်မဟာ(၂/၃/၉)တို့ စုပေါင်းအင်အား (၂၀၀)ကျော်ဟာ မိုင်းလုံ မိုးကုတ်မြို့ကနေ မိုးမိတ်မြို့ထဲရှိ SSPP/SSA တပ်စခန်းရှိ မိုးဟောက်ရွာဘက်ကို ထိုးစစ်ဆင် ဝင်ရောက်နေရာချထားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဇွန်လ (၁၅)ရက်နေ့ကလဲ ကျောက်မဲမြို့ရှိ ဟူးဆွန်ရွာအနီးမှာ TNLA နဲ့ SSPP/SSA တို့တိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန် ပြောဆိုတာတွေရှိနေတယ်လို့လဲ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

နောင်ချိုတိုက်ပွဲ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ သတိထားနေထိုင်ဖို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 25 Views
ဇူလိုင်လ (၁၆)ရက်။ နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ လုံခြုံရေးသတိထားပြီး နေထိုင်သွားလာကြဖို့ TNLA က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့
1027 Operations

နောင်ချိုမြို့ကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီဆိုပြီး စစ်လော်ဘီတွေပြောနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 23 Views
ဇူလိုင်လ (၁၆)ရက်။ နောင်ချိုမြို့ တစ်မြို့လုံးနီးပါးကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီဆိုပြီး စစ်တပ်‌ထောက်ခံတဲ့ လော်ဘီချန်နယ်တွေက ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ပြောဆိုနေကြတယ်လို့ သိရပါတယ်။
1027 Operations

မိုးကုတ်မြို့ကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်၊ ကလေးငယ် (၂)ဦးအပါအဝင် (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 24 Views
ဇူလိုင်လ (၁၄)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန် မိုးကုတ်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည
1027 Operations

တရက်ထဲ နောင်ချိုမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးအပါအဝင် လက်နက်ကြီး စုစုပေါင်း (၁၀၀)နီးပါး တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 45 Views
ဇွန်လ (၂၆)ရက်။ မနေ့က တရက်ထဲ နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈)လုံးနဲ့ လက်နက်ကြီး (၆၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာက နောင်ချိုမြို့ရှိ
1027 Operations

တအာင်းပြည်မှာ DPLF/DPLA ရဲ့ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်တဲ့အခမ်းအနား ပြုလုပ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 43 Views
ဇွန်လ (၂၄)ရက်။ ဇွန်လ (၂၁)ရက်နေ့က တအာင်းပြည်တနေရာမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သင်တန်းထဲ ဓနုဒေသထဲရှိ ပြည်သူတွေကို ကာကွယ်နိုင်ဖို့၊ ရန်သူကို အမြဲသတိထားတတ်စေဖို့နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိစေဖို့တို့ကို
1027 Operations

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 35 Views
ဇွန်လ (၂၁)ရက်။ နောင်ချိုမြို့နယ်ထဲရှိ ကျေးရွာ (၇)ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဟာ နောင်ချိုမြို့ရှိ လက်ပံကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ငလျင်ကြောင့် အပစ်ရပ်ကာလကို တစ်လထပ်တိုးတယ်လို့ ညီနောင်(၃)ဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 41 Views
‌ဇွန်လ (၃)ရက်။ ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တဖက်သတ် အပစ်ရပ်ကာလကို အခုဇွန်လကုန်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့အနေနဲ့ ငလျင်ကြောင့် လူသားစာနာမှုဆိုင်ရာ အပစ်ရပ်စဲတာကို ဧပြီလနဲ့ မေလတို့မှာ
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်းတာလို့ TNLA ပြော

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 103 Views
မေလ (၂၃)ရက်။ နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်တာလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့နယ် အုမ္မတီး၊ အုမ္မခါး စတဲ့ ကျေးရွာတွေဟာ အခုအခါ စစ်ကောင်စီတပ်နဲ့ TNLA