ဇန်နဝါရီလ (၂၄)ရက်။
ပြီးခဲ့တဲ့ (၁)နှစ်တာထဲ ကော်သူးလေ အုပ်ချုပ်နယ်မြေထဲ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၃၂၂၉)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က အရာရှိအရာခံတွေအပါအဝင် တပ်သား (၃၁၃၆)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၂၂၂၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီကာလထဲ တိုက်ပွဲတွေကနေ စစ်ကောင်စီထံက ရာနဲ့ချီတဲ့ ဗျူဟာမှူးအဆင့်ကနေ အောက်ခြေတပ်သားအဆင့်တို့ကိုလဲ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေထဲ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော် (၁၀၀)ဦးခန့်ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပြီး (၃၂၅)ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ကော်သူးလေနယ်မြေထဲ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေဟာ တပ်မဟာ(၅)မှာ (၉၄၇)ကြိမ်နဲ့ အများဆုံးဖြစ်ပြီး တပ်မဟာ(၃)မှာ (၇၅၁)ကြိမ်နဲ့ ဒုတိယအများဆုံး ဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ကော်သူးလေနယ်မြေထဲ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNLA၊ KNDO တို့ရဲ့ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။