နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျားဖြန့်လုပ်တဲ့ ပြည်ပနိုင်ငံသား (၂၂၀၀)ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

ဖေဖော်ဝါရီလ (၂၄)ရက်။

မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး ကျားဖြန့်လုပ်ငန်းအပါအဝင် ဒုစရိုက်မှု‌တွေ ကျူးလွန်တဲ့ ပြည်ပနိုင်ငံသား (၂၂၂၀)ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖမ်းမိခဲ့တဲ့သူတွေဟာ နယ်စပ်လမ်းကြောင်းတွေကနေ တရားမဝင် ဝင်ရောက်လာပြီး မြဝတီမြို့ ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေထဲမှာ အွန်လိုင်းလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေနဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီဒေသတွေကနေ ဖမ်းမိခဲ့တဲ့ ပြည်ပနိုင်ငံသား (၂၂၂၀)ဦးဟာ အခုနှစ် ‌ဇန်နဝါရီလ (၃၀)ရက်ကနေ ဖေဖော်ဝါရီလ (၂၃)ရက်နေအထိ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ထဲက (၆၇၃)ဦးကို ထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ကျန်ရှိတဲ့ ပြည်ပနိုင်ငံသား (၁၅၄၇)ဦးကို သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီဖြစ်သလို သူတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့လဲ ရေးသားထားပါတယ်။

ဒါ့အပြင် ကျားဖြန့်လုပ်ငန်းတွေနဲ့ ဒုစရိုက်မှုတွေကို အမျိုးသားရေးအသွင်အနေနဲ့ နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ဖျက်နှိမ်နင်းကာ လွှဲပြောင်းပေးနေတယ်လို့ စစ်ကောင်စီက ပြောဆိုထားပါသေးတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တာတွေရှိရင် ထိထိရောက်ရောက် အရေးယူဖို့ကိုလဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးထောင်မှာ နိုင်/ကျဉ်းတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 0 Views
ဇွန်လ (၁၁)ရက်။ မကွေးထောင်မှာ မတရားဖမ်းဆီးခံထားရတဲ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထောင်ထဲရှိ
မြန်မာသတင်း

(၅)နှစ်တာတိုက်ပွဲထဲ ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အရာရှိ၊ရဲဘော် (၁၂၄)ဦးရှိတယ်လို့ MDY-PDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 5 Views
ဇွန်လ (၁၀)ရက်။ (၅)နှစ်တာ တော်လှန်ရေးတိုက်ပွဲထဲ ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အရာရှိနဲ့ ရဲဘော် (၁၂၄)ဦးရှိခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရဲဘော် (၁၉)ဦးကို တပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက်တွေလို့ မကွေးခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၀)ရက်။ ရဲဘော် (၁၉)ဦးကို တပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက်တွေဆိုကာ မကွေးခရိုင်စစ်ဌာနရဲ့ ခရိုင်အမှတ်(၁)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မကွေးခရိုင်အမှတ်(၁)တပ်ရင်းက တပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက်တွေ ကြေညာတာကို နာမည်တွေ၊ ဓါတ်ပုံတွေနဲ့ ပူးတွဲထုတ်ပြန်ထားပါတယ်။ အဲ့ဒီရဲဘော်တွေဟာ တပ်ရင်းက
မြန်မာသတင်း

ပြည်သူကို မီးရှို့သတ်ဖြတ်တဲ့ မြစ်ခြေမြို့ရှိ စစ်ကောင်စီရဲစခန်းကို PDF တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၀)ရက်။ ဒီကနေ့ နံနက် (၅)နာရီအချိန်က ပခုက္ကူခရိုင် မြစ်ခြေမြို့ရှိ စစ်ကောင်စီရဲစခန်းကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မေလ (၁၀)ရက်ကနေ ဇွန်လ (၂)ရက်နေ့အထိ မြစ်ခြေမြို့ရှိ ဒေသခံနေအိမ်ပေါင်း
မြန်မာသတင်း

နိုင်ငံ့ဝန်ထမ်းတွေကို ဖြစ်သင့်တဲ့ လစာတွေ ပေးထားကာလာဘ်ထိုးတာတွေနဲ့ မဖျက်ဆီးဖို့ဆိုပြီး မင်းအောင်လှိုင်ပြောပြန်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
ဇွန်လ (၁၀)ရက်။ နိုင်ငံ့ဝန်ထမ်းတွေကို ငွေကြေးလာဘ်ထိုးတာတွေနဲ့ မဖျက်ဆီးဖို့ သမ္မတုမင်းအောင်လှိုင်က မနေ့က အမည်ခံအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ၊ လုံခြုံရေးဝန်ထမ်းတွေအတွက် ဖြစ်သင့်တဲ့ လစာနှုန်းထားတွေနဲ့ ထောက်ပံ့ကြေးတွေကို ပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ငွေကြေးအလွဲသုံးစားတာ၊ လုပ်ပိုင်ခွင့်အာဏာတွေကို
မြန်မာသတင်း

မြန်မာမှာ လူပေါင်း (၁၂)သန်းကျော် စားနပ်ရိက္ခာ မလုံလောက်တာနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
ဇွန်လ (၁၀)ရက်။ မြန်မာမှာ လူပေါင်း (၁၂)သန်းကျော် စားနပ်ရိက္ခာ မလုံလောက်တာနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလဌာနချုပ်မှာ ပြုလုပ်တဲ့ UNDP UNFPA နဲ့ UNOPS ရဲ့ နှစ်စဉ် အစည်းအဝေးမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

မြန်မာနိုင်ငံတွင်း စစ်တပ်က လူသစ်စုဆောင်းနေစဉ် တော်လှန်ရေးတပ်ဖွဲ့ နယ်မြေများ လက်လွှတ် ဆုံးရှုံးနေရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 10 Views
BBC- ကွမ်တင် ဆွန်မာဗေးလ်(Quentin Sommerville) သတင်းပေးပို့သည်။ BBC-၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၀ရက် ပဲခူးနှင့် ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ။ တောတောင်ထူထပ်သော တောင်တန်းကြီးများအတွင်း နက်ရှိုင်းစွာရှိနေသည့် သူပုန်စခန်းတစ်ခုတွင် ပုန်းအောင်းနေသည့်လူငယ်လေးဦးမှာ မြန်မာ့ပြည်တွင်း စစ်တွင် မည်သည့်အခါကမျှ ပါဝင်ပတ်သက်လိုခြင်း
မြန်မာသတင်း

အပစ်ရပ်(၇)ဖွဲနဲ့ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီတို နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
ဇွန်လ (၉)ရက်။ ဒီကနေ့ နေပြည်တော်မှာ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲနဲ့ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီတို တွေ့ဆုံခဲ့တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီရဲ့ ဖိတ်ကြားတာကြောင့် အပစ်ရပ်(၇)ဖွဲက အဖွဲခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်တဲ့ အဖွဲဝင် (၈)ဦးပါ ညှိနှိင်းရေးအဖွဲက