ဖေဖော်ဝါရီလ (၂၄)ရက်။
မနေ့က ချောက်မြို့ ဇီးချိုပင်ရွာရှိ မြဝတီရုပ်မြင်သံကြားရုံးအနီး ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ အာဋ္ဌာဝကပြောက်ကျားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဇီးပင်ချိုရွာက မြဝတီရုပ်မြင်သံကြားရုံးနားမှာ ပေါ်တာဆွဲနေတဲ့ စကစတပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စကစဘက်က ထိခိုက်သေဆုံးတဲ့ အရေအတွက်ကို စုံစမ်းနေတုန်းပါ” လို့ ဆိုပါတယ်။
မြဝတီရုပ်မြင်သံကြားရုံးအနီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးတဲ့ အရေအတွက်ကိုတော့ သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်လို့ ဖော်ပြထားပါတယ်။
စစ်ဆင်ရေးကို အာဋ္ဌာဝကပြောက်ကျားတပ်ဖွဲ့၊ Yenanchaung Revolution Civilian Force(YRCF)၊ Chauk Revolution Force(CRF)၊ Chauk Guerilla Force(CGF)၊ ချောက်ပကဖ၊ မကွေးခရိုင်ထုတ်လုပ်ရေးနဲ့ KPG PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
