နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ ဥရောပ

ပူတင်နဲ့ ရှီတို့ ဖုန်းနဲ့စကားပြောဆိုခဲ့ပြီး ယူကရိန်းနဲ့ ပဋိပက္ခဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတွေကို ဖယ်ရှားရှင်းလင်းဖို့နဲ့ ရေရှည်ငြိမ်းချမ်းရေးအစီအစဉ်ကို ချမှတ်ဖို့ ဆောင်ရွက်သွားမယ်ဟု ပူတင်ပြော

ဖေဖော်ဝါရီလ (၂၄) ရက်။

တရုတ်သမ္မတရှီနဲ့ ရုရှားသမ္မတ ပူတင်တို့ ဒီနေ့ ၂၄ ရက်နေ့မှာ တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ယူကရိန်းနဲ့ ပဋိပက္ခဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတွေကို ဖယ်ရှားရှင်းလင်းဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ရေရှည်ငြိမ်းချမ်းရေးအစီအစဉ်ကို ချမှတ်ဖို့ ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” လို့ ပူတင်က ပြောကြားခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။

ရုရှားဘက်က တောင်းဆိုချက်အရ အစည်းအဝေးကို ကျင်းပခဲ့တာလို့ ဆိုပါတယ်။ ဒီနေ့ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်ခဲ့တာ သုံးနှစ်ပြည့်တဲ့နှစ် ဖြစ်ပြီး အမေရိကန်ကဦးဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဦးဆောင်နေချိန်မှာ တရုတ်နဲ့ ရုရှားတို့ဟာ သူတို့ရဲ့ စည်းလုံးညီညွတ်မှုကို အတည်ပြုပြီး အမေရိကန်ကို သတိပြုဖို့ ရည်ရွယ်ထားပုံရပါတယ်။ ပူတင်ဘက်က အမေရိကန်-ရုရှား ဆက်ဆံရေးမှာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ရှီကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းဖို့ ရုရှားနဲ့ သက်ဆိုင်ရာ နိုင်ငံတွေက ကြိုးပမ်းဆောင်ရွက်နေတာကို ဝမ်းမြောက်မိတယ်လို့ ရှီက ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာ အခြေအနေတွေ သိသိသာသာ ပြောင်းလဲသွားရင်တောင် တရုတ်-ရုရှား ဆက်ဆံရေးဟာ ရှေ့ကို ဆက်သွားလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ နှစ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြကြောင်း သူက ထောက်ပြပြီး သူတို့ဟာ အချင်းချင်း ဖေးမကူညီပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်တဲ့ စစ်မှန်တဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ကြတယ်လို့ ရှီက အလေးပေးပြောကြားခဲ့သည်။

တရုတ်နဲ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးဟာ ရုရှားရဲ့ ဗျူဟာမြောက် ရွေးချယ်မှုဖြစ်တယ်လို့ ပူတင်က တုံ့ပြန်ခဲ့ပြီး နီးကပ်တဲ့ ဆက်ဆံရေးကို အလေးထားခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားသမ္မတရုံးရဲ့ အဆိုအရ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ မေလမှာ ရှီရဲ့ရုရှားခရီးစဉ်နဲ့ စက်တင်ဘာလမှာ တရုတ်နိုင်ငံကို ပူတင်လာရောက်လည်ပတ်တဲ့အချိန်နဲ့ ညှိနှိုင်းပြီး ထိပ်သီးဆွေးနွေးပွဲ ကျင်းပမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ခေါင်းဆောင်နှစ်ဦးဟာ ဇန်နဝါရီ ၂၁ ရက်နေ့မှာ အွန်လိုင်းထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့ပါသေးတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 29 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 34 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ