နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

တပတ်တာတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၂၀)ဦးကျော် သေဆုံးခဲ့

ဇန်နဝါရီလ (၂၅)ရက်။

အခုလ (၁၈)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသမှာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ကို (၁၆)ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်သား စုစုပေါင်း (၂၇)ဦး သေဆုံးခဲ့ပြီး (၂၂)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၂၃)ရက်နေ့ကလဲ ညောင်လေးပင်မြို့နယ်၊ ပုဇွန်ချောင်းရွာရှိ ဆွဲဒလကျောင်းကြီး ‌ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအထိုင်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်သား (၁၁)ဦးသေဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီထံက MA အမျိုးအစား သေနတ်(၄)လက်၊ ကျည်ဘောက်(၁၀)ခု၊ G3 (၂)လက်၊ ကျည်ဘောက် (၄)ခု၊ အူစီ(၁)လက်၊ ကျည်ဘောက်တစ်ခုနဲ့ ကျည်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်စခန်းကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ(၂)၊ တပ်ရင်း(၃၇၀၃)၊ တောကျီးကန်း(၇)ကောင်စစ်ကြောင်း၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ Spring Warriors Drone Team၊ ကွန်မန်ဒိုတပ်ရင်းဒရုန်းအဖွဲ့နဲ့ တပ်ရင်း(၃၇၀၃)ဒရုန်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။

အခုလ တစ်ပတ်တာကာလ တိုက်ပွဲတွေထဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တပ်ဖွဲ့ဝင် (၄)ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 6 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 6 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 8 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 6 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 30 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 25 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 31 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 24 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။