နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

“ အညာဒူဘိုင်း” သတင်းကိစ္စအပေါ် မြိုင်မြို့နယ်ပကဖ ရှင်းလင်းချက်တစောင် ထုတ်ပြန်

ဖေဖော်ဝါရီလ (၂၅)ရက်။

အခုရက်ပိုင်းထဲ လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ “ အညာဒူဘိုင်း” ဆိုတဲ့ သတင်းကိစ္စနဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ မြိုင်မြို့နယ်ပကဖက မနေ့က ရှင်းလင်းချက်တစောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရှင်းလင်းချက်ထဲ သတင်းဌာနတွေရဲ့ ပြောဆိုထားတာတွေနဲ့‌ မြေပြင်အခြေအနေဟာ ကိုက်ညီတာမရှိဘဲ လူမှုကွန်ရက်ကို အသုံးပြုပြီး တဖွဲ့နဲ့တဖွဲ့ တိုက်ခိုက်နေတာဖြစ်သလို သတင်းရယူလိုရင် လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးမယ်လို့ ဆိုထားပါတယ်။

မြို့နယ်နဲ့ အခြားထိစပ်ရေနံမြေတွေက KTV နဲ့ မာဆက်တို့ဟာ စစ်ကောင်စီ အာဏာမသိမ်းခင်ကထဲက ရှိခဲ့ပြီး မသင့်တော်တဲ့နေရာတွေမှာ ဖွင့်လှစ်ခဲ့တာကြောင့် အများသူငှာမမြင်တဲ့နေရာမှာ စနစ်တကျဆောင်ရွက်ဖို့ တွေ့ဆုံဆွေးနွေး ပြောဆိုထားတယ်လို့ သိရပါတယ်။

အဲ့ဒီ KTV တွေ မာဆက်တွေ ဖွင့်လှစ်ပြီး ငွေကြေးကောက်ခံတယ်ဆိုတာဟာလဲ မမှန်ကန်တဲ့ စွပ်စွဲတာသာဖြစ်ပြီး ငွေကြေးသတ်မှတ်ကာ ကောက်ခံတာတွေ မရှိသလို အကျိုးတူ ပူးပေါင်းဆောင်ရွက်တာတွေ မရှိဘူးလို့ ငြင်းဆိုထားပါ‌တယ်။

သတင်းဌာနမှာ ဖော်ပြထားတဲ့ KIA နဲ့ NUG လူကြီးတွေလာရင် KTV နဲ့ မာဆက်တို့မှာ ဧည့်ခံတာတွေရှိတယ်ဆိုတဲ့အချက်ကိုလဲ မဟုတ်ဘူးလို့ ရေးသားထားကာ ရဲဘော်တွေ အကျင့်စာရိတ္တ ပျက်ပြားတာမရှိစေဖို့ ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါသေးတယ်။

နောက်ပြီး NUG လျှပ်စစ်ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာကျင့်သုံးနေပြီး ဆီအရောင်းအဝယ်ပြုလုပ်တဲ့ ကုန်သည်တွေ၊ မြေပိုင်တွေနဲ့ ကျင်းပိုင်တွေဆီကနေ အခွန်အများအပြား ကောက်ခံတာမရှိဘဲ နှစ်ဖက်ပြေလည်စေတဲ့ နှုန်းထားကိုသာ ပေးချေခိုင်းတယ်လို့ သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ မြေပြင်မှာ စစ်ကောင်စီရဲ့ သူလျှိုတွေနဲ့ ဒလန်တွေ မဝင်စေဖို့ ရေနံမှော််နယ်မြေမှာ ရှောင်တခင်စစ်ဆေးတာ၊ ကျေးရွာတွေထဲ လူစိမ်းတွေ သွားလာတာမရှိဖို့နဲ့ လုံခြုံရေး မကျိုးပေါက်စေဖို့ ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

မြိုင်မြို့နယ်ပကဖအနေနဲ့ တော်လှန်ရးစချိန်ကထဲက ကျဆုံးတပ်ဖွဲ့ဝင် (၃၀၀)ကျော်၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရတဲ့ တပ်ဖွဲ့ဝင် (၁၉၀)ကျော်နဲ့ ပြည်သူ (၁၀၀)ကျော်ဟာ လေကြောင်းတိုက်ခိုက်တာအပါအဝင် ထိတွေ့တိုက်ပွဲ၊ မိုင်းအန္တရာယ်၊ စစ်သုံ့ပန်းဖမ်းဆီးခံရတာကြောင့် သေဆုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

မြိုင်မြို့နယ်ရှိ ပသုံးလုံးအဖွဲ့တွေအပါအဝင် ဌာနဆိုင်ရာအဖွဲ့တွေအနေနဲ့ KTV နဲ့ မာဆက်တို့မှာ ပါဝင်ပတ်သက်တာတွေရှိရင် တိုင်ကြားဖို့နဲ့ ဘယ်လိုကိစ္စ ကြီး/ငယ်မဆို လွတ်လပ်စွာ တိုင်ကြားနိုင်တယ်လို့လဲ အသိပေးထုတ်ပြန်ထားပါတယ်။

အခုလို သတင်းဖော်ပြတာဟာ မြို့နယ်ထဲ တရားဥပဒေစိုးမိုးမှု အပြည့်အဝ ဆောင်ရွက်နိုင်တာမရှိသေးတဲ့အပြင် ပြည်သူတွေရဲ့စိတ်မှာ တော်လှန်ရေးရဲဘော်တွေ သာယာနေတဲ့ပုံစံမျိုး အကြည်ညိုပျက်စေမယ့် ပွဲဆူစေမယ့် အခြေအနေကို ရောက်ရှိအောင် ဦးတည်ရေးသားတာလို့ ထည့်သွင်းပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 25 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 25 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 25 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ မတရားဖိနှိပ်တာနဲ့ စစ်ဆင်ရေးတွေကြောင့် ကရင်နီပြည်သူတွေဟာ ရပ်ရွာနဲ့ အိုးအိမ်တွေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 21 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့
မြန်မာသတင်း

ရဲဘော်/ရဲမေ (၉)ဦးကို တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်း ကြေညာ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 23 Views
ဇွန်လ (၂၀)ရက်။ ရဲဘော်/ရဲမေ (၉)ဦးကို ‌တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ သူတို့ဟာ တပ်ရင်းမှာ တာဝန်ထန်းဆောင်နေချိန် တရားဝင်နှုတ်ထွက်ခွင့် တင်ပြလာတာမရှိဘဲ သူတို့သဘောဆန္ဒနဲ့ တပ်ပြေးသွားတာလို့ ဆိုပါတယ်။ တပ်ပြေးအနေနဲ့ ကြေညာခံရသူတွေဟာ နေလင်းအောင်၊
မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 25 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့က လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြည်သူအားလုံးရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 29 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်အဆက်ဆက်က မတရားဖမ်းဆီးချုပ်နှောင်တာ၊ နေအိမ်အကျယ်ချုပ်ထားတာနဲ့ အသက်အန္တရာယ်ကိုပါ
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 28 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို