နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာမှာ သတင်းထောက်တွေကို အစ္စရေးပစ်မှတ်ထားတိုက်ခိုက်

မတ်လ (၂၅) ရက်။

ဂါဇာမှာ အသက် ၂၃ နှစ်အရွယ် သတင်းထောက် ဟော့စမ်ရှားဘတ် (Hossam Shabat) ဟာ တနင်္လာနေ့အစောပိုင်းမှာ အစ္စရေးရဲ့ တိုက်ရိုက်တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့ပါတယ်။

ဟော့စမ်ဟာ ဂါဇာမှာ အစ္စရေးစစ်ပွဲကို ၁၇ လကြာ မှတ်တမ်းတင်ခဲ့တဲ့ ဂျာနယ်လစ်တစ်ဦးဖြစ်သူ မိုဟာမက် မန့်ဆိုး (Mohammed Mansour) အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အစီရင်ခံပြီးတဲ့နောက် နာရီအနည်းငယ်အကြာမှာ အစ္စရေးက သူလိုက်ပါလာတဲ့ကားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

ဟော့စမ်ရဲ့အဖွဲ့ဟာ လူမှုမီဒီယာစာမျက်နှာပေါ်မှာ သူ့ရဲ့ နောက်ဆုံးမှတ်ချက်ကို တင်ခဲ့ပါတယ်။ “ ဒါကို ဖတ်နေတယ်ဆိုရင် ကျွန်တော် အသတ်ခံလိုက်ရပြီလို့ မှတ်ယူလိုက်ပါ။ ကျွန်တော်ဟာ အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်မှတ်ထားခံရသူ ဖြစ်ပြီး ကျွန်တော်ကို သူတို့ သတ်ပစ်တာကို ဆိုလိုတာပါ။ ဒီစစ်ပွဲစတဲ့ချိန်မှာတော့ ကျွန်တော်က အသက် ၂၁ နှစ်ပဲရှိသေးတဲ့ တခြားသူတွေလိုပဲ အိပ်မက်မက်တဲ့ ကောလိပ်ကျောင်းသားပါ”

“ သတင်းထောက်တစ်ယောက်အနေနဲ့ ကျွန်တော့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်။ အမှန်တရားကို သတင်းပို့ဖို့ အရာအားလုံးကို စွန့်စားခဲ့ပြီး အခုနောက်ဆုံးတော့ ကျွန်တော် အနားယူပါတော့မယ်။ လွန်ခဲ့တဲ့ ၁၈ လအတွင်း ကျွန်တော်မသိခဲ့တဲ့ အရာတစ်ခုပါ” လို့ သူ့ရဲ့ နောက်ဆုံးမှတ်ချက်ကိုပို့စ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရှားဘတ်နဲ့ မန့်ဆိုးတို့နှစ်ဦး အသတ်ခံရမှုအား ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်းတို့အား တမင်ပစ်မှတ်ထားခြင်းရှိမရှိ သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် CPJ မှ သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) မှ တောင်းဆိုခဲ့သည်။

မိုဟာမက် မန့်ဆိုး

++++++

“ သူဟာ တိုက်ခိုက်ရေးသမားမဟုတ်ဘူး၊ သတင်းသမားပဲ”

အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ ပါလက်စတိုင်း သတင်းထောက် မိုဟာမက် မန့်ဆိုးရဲ့မိဘတွေဟာ သူ့သားဆုံးရှုံးမှုအတွက် ဝမ်းနည်းကြေကွဲခဲ့ကြပါတယ်။

“မင်းရဲ့ ဇာတ်လမ်းက မင်းနောက်မှာ ဆက်ရှိနေမှာပါ ငါ့သား” လို့ သူ့ အဖေက ပြောပါတယ်။

ပါလက်စတိုင်းသတင်းထောက် မန့်ဆိုးဟာ ခန်းယူနစ်စ် မြောက်ဘက်မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ အမျိုးသမီးနှစ်ဦး အပါအဝင် ပါလက်စတိုင်း ခုနစ်ဦးလည်း သေဆုံးခဲ့တယ်လို့ Wafa သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ။

မိုဟာမက် မန့်ဆိုးနှင့် ဟော့စမ်ရှားဘတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 30 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 37 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 115 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 100 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 39 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု