နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အမေရိကန်သံတမန်နှင့် ပူတင်တို့ မတွေ့ဆုံမီ မော်စကိုမြို့အပြင်ဘက်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရုရှားစစ်ဗိုလ်ချုပ် သေဆုံး

ဧပြီလ (၂၆) ရက်။

ရုရှားနိုင်ငံ ဘလာရှီကာ (Balashikha) မြို့မှာ ဒီနေ့ (၂၆) ရက် သောကြာနေ့က ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အကြီးတန်း ရုရှားစစ်ဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ အထူးကိုယ်စားလှယ်စတီ့ဗ် ဝစ်ကော့ဖ်ဟာ မော်စကိုမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မတွေ့ဆုံခင်လေးမှာပဲ ဖြစ်ပွားခဲ့တာပါ။

ထရန့်က သူကိုယ်တိုင် ချမှတ်ထားတဲ့ တာဝန်ယူပြီး ရက်ပေါင်း ၁၀၀ အတွင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ နောက်ဆုံးရက်တွေကို ချဉ်းကပ်လာစဉ် အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့ ဝစ်ကော့ဖ်က မော်စကိုမြို့မှာ ရောက်ရှိနေပါတ။

ရုရှားနိုင်ငံပိုင်သတင်းအေဂျင်စီ TASS ရဲ့ ဖော်ပြချက်အရ ဝစ်ကော့ဖ်ကို ကရင်မလင်မှာ ၂၅ ရက်မွန်းလွဲပိုင်းက ပူတင်က လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ရုရှားဘက်က ညှိနှိုင်းရေးမှူးဒီမီထရီနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလမှာ ထရန့်က သမ္မတတာဝန်ပြန်ထမ်းဆောင်ပြီးကတည်းက ဝစ်ကော့ဖ်ဟာ ရုရှားနိုင်ငံကို လေးကြိမ်မြောက် လာရောက်တာဖြစ်ပါတယ်။ ဒီလတစ်လတည်းက ဒုတိယအကြိမ် ဖြစ်ပါတယ်။

၂၄ ရက်နေ့က CBS News နဲ့အင်တာဗျူးမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ် (Sergei Lavrov) က ရုရှားဟာ စစ်ပွဲအဆုံးသတ်ဖို့ “ သဘောတူညီချက်တစ်ခု ရယူနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ” လို့ ပြောကြားခဲ့ပေမဲ့ “ ချိန်ညှိဖို့ လိုအပ်တဲ့ အသေးစိတ်အချက်တွေ ကျန်နေသေးတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

အစည်းအဝေးမစမီမှာ ရုရှားစစ်ဦးစီးချုပ်ရဲ့ အဓိကစစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး လက်ထောက်အကြီးအကဲ ရာအိုစလပ်(ဗ) မော်စကာလစ် (Yaroslav Moskalik) ဟာ ဘလာရှီကာပေါက်ကွဲမှုတစ်ခုအတွင်း သေဆုံးသွားခဲ့ပါတယ်။ ဘလာရှီကာ မြိုဟာ မော်စကိုမြို့အရှေ့ဘက် ၃၂ ​​ကီလိုမီတာ အကွာမှာရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ရုရှားဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ကော်မတီက မော်စကာလစ်သေဆုံးမှုကို အတည်ပြုခဲ့ပြီး ပေါက်ကွဲမှုဟာ ကားထဲမှာ ထည့်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတစ်ခုကြောင့် ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ဘယ်သူက တိုက်ခိုက်ခဲ့တယ်ဆိုတာ မသိရသေးပေးမဲ့ တိုက်ခိုက်မှုရဲ့ သဘောသဘာဝသည် ယူကရိန်းမှာ ဓာတုလက်နက်အသုံးပြုမှုမှာ ဦးဆောင်သူလို့ ယူဆရတဲ့ ရုရှားဗိုလ်ချုပ်ကြီး အီဂေါ ကီရီလ်လော့ဗ် (Igor Kirillov)နဲ့ အခြား လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ဆင်တူတယ်လို့ သိရပါတယ်။

သြဇာကြီးမားတဲ့ ရုရှားစစ်တပ်ဘလော့ဂါလိုက်ဗာရဲ့ အဆိုအရ ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ မော်စကာလစ်ဟာ ကားအတွင်းမှာ မရှိခဲ့ပေမဲ့ အနီးနားက အဆောက်အအုံတစ်ခုက ထွက်လာတဲ့အချိန် ဗုံးပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

မော်စကာလစ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် မရရှိသေးဘူးလို့ ဆိုပါတယ်။ သူ့ရာထူးက ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်တယ်လို့ သိရပါတယ်။

လိုက်ဘာက မော်စကာလစ်ကို “ အရည်အချင်းရှိပြီး ခက်ထန်တယ်” လို့ ဖော်ပြခဲ့ပေမဲ့ သူရဲ့လက်အောက်ငယ်သားတွေအပေါ် တင်းကျပ်တဲ့အတွက် သူ့ကို သဘောမကျကြဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရုရှားဖက်ဒရေးရှင်းရဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပြီလို့ ကြေညာခဲ့ပါတယ်။ မှုခင်းဆေးပညာကျွမ်းကျင်သူတွေနဲ့ ဥပဒေစိုးမိုးရေးအရာရှိတွေ အပါအဝင် အဖွဲ့တစ်ဖွဲ့ဟာ အခင်းဖြစ်ပွားရာနေရာကို စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 32 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 144 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 61 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ