နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

အမေရိကန်

အမေရိကန် ဥရောပ

ဥရောပသမဂ္ဂမှ ကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ထရန့် ခြိမ်းခြောက်

+++++++++++++

လက်ရှိ ကုန်သွယ်ရေး ညှိနှိုင်းမှုတွင် တိုးတက်မှု မရှိခြင်းကြောင့် ဥရောပသမဂ္ဂမှ ကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု သမ္မတ ဒေါ်နယ်ထရန့်က သောကြာနေ့တွင် ခြိမ်းခြောက်ခဲ့သည်။

“ သူတို့ရဲ့ အင်အားကြီးကုန်သွယ်မှု အတားအဆီးတွေ၊ VAT အခွန်တွေ၊ ရယ်စရာကောင်းတဲ့ ကော်ပိုရိတ် ပြစ်ဒဏ်တွေ၊ ငွေကြေးမဟုတ်တဲ့ ကုန်သွယ်မှု အတားအဆီးတွေ၊ ငွေကြေးခြယ်လှယ်မှုတွေ၊ အမေရိကန် ကုမ္ပဏီတွေအပေါ် တရားမျှတမှုမရှိတဲ့ တရားစွဲမှုတွေနဲ့ အခြားအရာတွေက အမေရိကန်အတွက် ကုန်သွယ်မှုလိုငွေ တစ်နှစ်လျှင် ဒေါ်လာ 250,000,000 ထက်ပို၍ ဖြစ်ပေါ်စေတယ်” ဟု သူက ဆိုပြီး “ ဒါကို လက်ခံနိုင်စရာ မရှိဘူး” ဟု သောကြာနေ့မနက်ခင်းမှာ သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

“ သူတို့နဲ့ ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေက ဘယ်မှ မဖြစ်လာဘူး။” ထရန့်က ရေးသားခဲ့သည်။

“ ဒါကြောင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ဥရောပသမဂ္ဂအပေါ် တိုက်ရိုက် အကောက်ခွန် ၅၀% ကို ကောက်ယူဖို့ အကြံပြုလိုက်ပါတယ်။”

ဒါပေမယ့် သောကြာနေ့နှောင်းပိုင်းမှာ ဘဲဥပုံရုံးခန်းမှာ လက်မှတ်ထိုးတဲ့သမတအမိန့်မှာ ထရန့်က ဥရောပကို သူ့ရဲ့သတင်းစကားကို အရှိန်မြှင့်တင်လိုက်ပါတယ်။

“ကျွန်တော်က သဘောတူညီချက်ရဖို့ လုပ်နေတာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။ “ ကျွန်တော်တို့ က သဘောထားညှိဖို့ သတ်မှတ်ပြီးပြီ အဲဒါက ၅၀% ပါ။”

ထရန့်သည် ၎င်း၏ ဇွန်လ ၁ ရက်နောက်ဆုံးရက်အဖြစ် သတ်မှတ်ရက်ကို တွန်းအားပေးရန်အတွက် တံခါးဖွင့်ထားပြီး “ တစ်စုံတစ်ယောက်က ဒီနေရာမှာလာပြီး စက်ရုံတစ်ခု ဆောက်လုပ်လိုပါက၊ အနည်းငယ်ကြန့်ကြာမဲ့အကြောင်း သူတို့ကို ငါပြောနိုင်တယ်” ဟု ပြောကြားခဲ့သည်။

အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ဂျေမီစွန် ဂရီယာ (Jamieson Greer) နှင့် အမေရိကန် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဟောဝပ်လူ(တ)နစ်(ခ) (Howard Lutnick) တို့နှင့် ဖုန်းခေါ်ဆိုပြီးနောက် ဥရောပကုန်သွယ်ရေး ကော်မရှင်နာ မာရို့စ်ရှက်ချိုဝစ်ချ် (Maroš Šefčovič) က အီးယူနှင့် အမေရိကန်ကြား သဘောတူညီချက်သည် “ခြိမ်းခြောက်မှုအပေါ်မှာ အခြေမခံသင့်ဘဲ အပြန်အလှန် လေးစားမှုအပေါ်တွင် အခြေခံ သင့်ကြောင်း” ပြောကြားခဲ့သည်။

“ အီးယူသည် နှစ်ဖက်စလုံးအတွက် အဆင်ပြေသည့် သဘောတူညီချက်တစ်ခု ရရှိရန် ကတိကဝတ်ပြုထားပြီး အပြည့်အ၀ စေ့စပ်ဆွေးနွေးနေကြောင်းနှင့် ဥရောပကော်မရှင်သည် စိတ်ထားကောင်းမွန်စွာဖြင့် လုပ်ဆောင်ရန် အသင့်ရှိနေဆဲဖြစ်သည်” ဟု X တွင်သောကြာနေ့က ရေးသားခဲ့သည်။

“ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အဆင်သင့်ပါပဲ” ဟု ၎င်းက ဆိုသည်။

သောကြာနေ့နံနက် ထရန့်၏ Truth Social တွင် ပို့စ်တင်ပြီးနောက် မကြာမီတွင် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်ကို (Scott Bessent) က Fox သတင်းအင်တာဗျူးတွင် “ အီးယူအဆိုပြုချက်တွေက ကျွန်တော်တို့ရဲ့ အခြားအရေးကြီးတဲ့ ကုန်သွယ်ဖက်တွေမှာ မြင်ရတဲ့အရည်အသွေးကို တူညီရန် မပြည့်မီပါ” ဟု ဆိုခဲ့သည်။

“ တီဗီပေါ်မှာ စေ့စပ်ဆွေးနွေးတာတော့ ကျွန်တော်ကလုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒါက အီးယူကို အောက်ကနေ မီးရှို့ပေးလိုက်သလို ဖြစ်စေမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ဘက်ဆင့်က ပြောကြားပြီး “ အီးယူမှာ စုပေါင်းလုပ်ဆောင်တတ်တာဟာ ပြဿနာ ဖြစ်နေပါတယ်။”

ထရန့်၏ပို့စ်တင်ပြီးနောက် အဓိကဥရောပစတော့ဈေးကွက် အညွှန်းကိန်းသုံးခုသည် သိသိ သာသာကျဆင်းသွားသည်။ အခြေခံစံ STOXX 600 အညွှန်းကိန်းသည် 1.7% ကျဆင်းသွားသည်။ ဂျာမနီ၏ DAX သည် 2.4% ကျဆင်းသွားပြီး ပြင်သစ်၏ CAC အညွှန်းကိန်းသည် 2.2% ကျဆင်းသွားသည်။ လန်ဒန်၏ FTSE အညွှန်းကိန်း 1% ကျဆင်းသွားခဲ့သည်။ Dow အဖွင့်မှာ အမှတ် 480 သို့မဟုတ် 1.15% ဖြင့် အမေရိကန်စတော့ရှယ်ယာဈေးများလည်း ကျဆင်းသွားသည်။

မြင့်မားသောအကောက်ခွန်နှုန်းထားများကို ယာယီရပ်ထားပြီးနောက် ကုန်သွယ်ရေး ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်များနှင့် တရုတ်ကိုယ်စားလှယ်တို့ ထပ်မံတွေ့ဆုံရန် မျှော်လင့်ကြောင်း စကော့ဘက်ဆင့်က သောကြာနေ့တွင် Bloomberg TV အင်တာဗျူးတစ်ခုတွင် ပြောကြားပြီးနောက် စတော့ရှယ်ယာများ ကျဆင်းသွားခဲ့သည်။

အီးယူအပေါ် စည်းကြပ်ခွန် စည်းကြပ်မှုသည် ဧပြီလတွင် အတိုချုံးပြုလုပ်ခဲ့သည့် “ 20% ကနဦး အပြန်အလှန်” အခွန်စည်းကြပ်မှု၏ အရွယ်အစားထက် အီးယူအပေါ် နှစ်ဆကျော် ချမှတ်သင့်သည်ဟု ထရန့် က သုံးသပ်နေပါသည်။

ခေတ္တရပ်နားမှုသည် ဇူလိုင် ၉ ရက်တွင် သက်တမ်းကုန်ဆုံးရန် သတ်မှတ်ထားသည်။ ခေတ္တနားချိန်မှစ၍ ကြေညာထားသည့် တစ်ခုတည်းသော ကုန်သွယ်မှုသဘောတူညီချက်မှာ ဗြိတိန်နှင့် ဖြစ်သည်။ စကော့ဘက်ဆင့်သည် အစောပိုင်း Fox အင်တာဗျူးတွင် အမေရိကန်နှင့် သဘောတူညီချက်အတွက် မည်သည့်နိုင်ငံ ဖြစ်လာနိုင်သည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။ သို့သော်လည်း ဆွေးနွေးပွဲများသည် အိန္ဒိယနှင့် အလှမ်းဝေးနေကြောင်း၊ အာရှနိုင်ငံ အများအပြားက “အလွန်ကောင်းသော အပေးအယူပြုမှုများ” ကို တင်ပြခဲ့ကြသည်ဟု ၎င်းက ဆိုသည်။

“အီးယူကလွဲပြီး အရေးကြီးတဲ့ အများစုကုန်သွယ်ဖက် ၁၈ ခု ဟာ ကောင်းမွန်တဲ့ယုံကြည်မှုတွေနဲ့ ညှိနှိုင်းနေကြတယ်” ဟု ၎င်းကဆိုသည်။ နောက်ပိုင်းတွင် Bloomberg အင်တာဗျူးတွင် ၎င်းက “ လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ကျွန်တော်တို့ ကြီးမားတဲ့ အပေးအယူများစွာကို ကြေညာနိုင်လိမ့်မယ်” ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အီးယူအပေါ်ထရန့်၏အငြိုးအတေး

သူ၏ Truth Social ပို့စ်တွင် မီးမောင်းထိုးပြထားသည့်အတိုင်း သမ္မတသည် “ ငွေကြေးနှင့် မသက်ဆိုင်သည့် ကုန်သွယ်မှု အတားအဆီးများ” နှင့် ပတ်သက်သည့် အထူးပြဿနာတစ်ရပ်ကို ထပ်ခါတလဲလဲခေါ်၍ ပြောဆိုခဲ့ပြီး ထို့အတူ အမေရိကန်နှင့် ကုန်သွယ်မှု လိုငွေပြနေသည့်နိုင်ငံများ သို့မဟုတ် ကုန်သွယ်လုပ်ငန်းစုအဖွဲ့တွေကိုပါ ပြောဆိုခဲ့သည်။ ထိုသို့ ဖြစ်ပျက်ရခြင်းမှာ အမေရိကန်မှ ကုန်သွယ်ဖက်နိုင်ငံထံမှ ဝယ်ယူမှုသည် ထိုနိုင်ငံမှ အမေရိကန်ထံမှ ပြန်ဝယ်ယူမှုထက် ပိုမိုများနေသည့်အတွက် ဖြစ်သည်။

လွန်ခဲ့သည့်နှစ်တွင် အမေရိကန်သည် အီးယူနှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၃၆ ဘီလီယံ သုံးစွဲခဲ့ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာန၏အချက်အလက်များအရ သိရသည်။ ၎င်းသည် ထရန့်၏ ကိုးကားထားသော ကိန်းဂဏန်းများထက် ပိုမိုမြင့်မားသည်။

ငွေကြေးမဟုတ်သော ကုန်သွယ်မှုအတားအဆီးများနှင့်ပတ်သက်၍ ထရန့်သည် တန်ဖိုး ထပ်တိုးအခွန်များ (value-added taxes (VATs)) နှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုခွန် (digital service taxes (DSTs)) များပါရှိရန် အီးယူကို တောင်းဆိုခဲ့သည်။

VAT ဆိုသည်မှာ စားသုံးသူများလက်ထဲရောက်ရှိသည့် နောက်ဆုံးထုတ်ကုန်ကုန်ပစ္စည်းအတွက် စားသုံးသူက ပေးဆောင်ရမည့် စားသုံးခွန် ဖြစ်သည်။ ဥပမာအားဖြင့် အီးယူမှ အမေရိကန်သို့ ကုန်ပစ္စည်းများ တင်ပို့သည့်အခါ VAT ကို ပေးဆောင်ရသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်သည် အီးယူသို့ ကုန်ပစ္စည်းများ တင်ပို့သောအခါ ထိုကုန်ပစ္စည်းများကို VAT ကောက်ခံမည် ဖြစ်သည်။

DST များသည် သုံးစွဲသူများအား ဝန်ဆောင်မှုများပေးဆောင်ခြင်းမှ အွန်လိုင်းကုမ္ပဏီများမှ ကောက်ခံသည့် စုစုပေါင်းဝင်ငွေခွန် ဖြစ်သည်။ DST ရှိသောနိုင်ငံသည် လုပ်ငန်းသည် အကျိုးအမြတ်မရှိသော်လည်း အွန်လိုင်းတွင် လည်ပတ်နေသော ကုမ္ပဏီကြီးများမှ ကောက်ခံရရှိသောဝင်ငွေအားလုံးကို အခွန်ဆောင်နိုင်မည်ဖြစ်သည်။ ၎င်းတွင် ဒေတာရောင်းချခြင်း၊ ကြော်ငြာခြင်း၊ စာရင်းသွင်းခြင်းအတွက် ရရှိသည့်ငွေပေးချေမှုများ၊ ဆော့ဖ်ဝဲလ်နှင့် အခြားအွန်လိုင်းဝန်ဆောင်မှုအသုံးပြုသူများ ပေးဆောင်သည့် အခြားဝန်ဆောင်မှုအမျိုးအစားများ ပါဝင်နိုင်သည်။

Meta၊ Apple၊ Google၊ Amazon နှင့် Microsoft ကဲ့သို့သော အမေရိကန် ကုမ္ပဏီကြီးများသည် DSTs များ၏ အချိုးမညီသော သက်ရောက်မှုကို ခံခဲ့ရကြောင်း ဘက်မလိုက်သော လွှတ်တော်ဆိုင်ရာ သုတေသနလုပ်ငန်းမှ ယမန်နှစ်က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

အီးယူနိုင်ငံတွေ ဘယ်လို တုံ့ပြန်ခဲ့ပါသလဲ။

ယခုလအစောပိုင်းတွင် အီးယူသည် အမေရိကန်နှင့် ဆွေးနွေးသင့်သည့် ကျယ်ပြန့်သောစက်မှုနှင့် စိုက်ပျိုးရေးထွက်ကုန်များကို လွှမ်းခြုံထားသည့် ဒေါ်လာ ၁၀၈ ဘီလီယံနီးပါး တန်ပြန်အကောက်ခွန်အစီအစဉ်ကို အကြိုသုံးသပ်ခဲ့သည်ဟု ဥရောပကော်မရှင်က မေ ၈ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာစူလာဗွန်ဒါလီယန် (Ursula von der Leyen) က အီးယူသည် “သုညမှ သုည” စည်းကြပ်ခွန် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိသော ဖြေရှင်းနည်းကို လုပ်ဆောင်နေကြောင်း အဆိုပါနေ့က သီးခြားထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ “ဒါပေမဲ့ ညှိနှိုင်းမှု မအောင်မြင်ရင် ကျွန်မတို့လည်း လုပ်စရာရှိတာကို လုပ်မှာပါ”

“တစ်နည်းအားဖြင့် တူရိယာအားလုံး၊ ရွေးချယ်မှုအားလုံးက စားပွဲပေါ်မှာ ရှိနေတယ်” ဟု သူမက ဆိုသည်။

အိုင်ယာလန်ဝန်ကြီးချုပ် မီရှယ်လ်မာတင် (Micheál Martin) က ထရန့်၏ခြိမ်းခြောက်မှုသည် “ အလွန်စိတ်ပျက်စရာကောင်းသည်” ဟု X တွင် သောကြာနေ့တွင် တင်ထားသော ကြေငြာချက်တွင် သူက ပြောသည်။ “အီးယူနဲ့ အမေရိကန်ကြား ဆက်လက်ညှိနှိုင်းမှုတွေ ပြုလုပ်နိုင်စေဖို့ ဇူလိုင်လ အစောပိုင်းအထိ အခွန်စည်းကြပ်မှု ခေတ္တရပ်ထားမှုကို ကြိုဆိုလိုက်ပြီး အကောင်းဆုံးကတော့ သဘောတူထားတဲ့ ရလဒ်တစ်ခု ရဖို့ပါပဲ။”

“ အကြံပြုထားသည့်အဆင့်မှ အကောက်ခွန်များသည် စျေးနှုန်းများ တက်စေရုံသာမက ကမ္ဘာ့အတက်ကြွဆုံးနှင့် အထင်ရှားဆုံးသော ကုန်သွယ်မှုဆက်ဆံရေးကို ဆိုးရွားစွာ ပျက်စီးစေသည့်အပြင် ကမ္ဘာ့ကုန်သွယ်ရေးကို အနှောင့်အယှက် ဖြစ်စေသည်” ဟု ဆိုခဲ့ပြီး ဘက်ဆင့်၏ ပြောဆိုချက်တွင် ဥရောပသည် စိတ်သဘောထားကောင်းစွာဖြင့် ညှိနှိုင်းနေခြင်း မရှိဟု ဆိုခြင်းကို သူကငြင်းဆိုခဲ့သည်။

ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး လိုဟန်စိန့်မာတင် (Laurent Saint-Martin) က ထရန့်၏ ခြိမ်းခြောက်မှုသည် “ ဥရောပသမဂ္ဂနှင့် အမေရိကန်အကြား ညှိနှိုင်းရေးကာလအတွင်း လုံးဝအထောက်အကူ မပြုပါ” ဟု X တွင်သောကြာနေ့က ပို့စ်တွင် ပြောကြားခဲ့သည်။

“ကျနော်တို့က တူညီတဲ့ရပ်တည်ချက်ကို ထိန်းသိမ်းထားတယ်၊ တိုးမြင့်လာပေမယ့် တုံ့ပြန်ဖို့ အဆင်သင့်ပါပဲ” ဟု CNN မှ ဘာသာပြန်သည့်ပို့စ်တွင် ၎င်းက ပြောကြားခဲ့သည်။

ကုန်သွယ်ရေးစစ်ပွဲကို ပြန်လည်စတင်ခဲ့ခြင်း

++++++++++++++++++++++

iPhone ကို နိုင်ငံရပ်ခြားတွင် ဆက်လက်ပြုလုပ်ပါက Apple မှ အခွန် 25% ကောက်ခံမည်ဟု ခြိမ်းခြောက်သည့် ထရန့်၏မှတ်ချက်များ Truth Social တွင် ကုန်သွယ်မှုဆိုင်ရာပို့စ်တစ်ခုပြီးနောက် ထွက်ပေါ်လာခဲ့သည်။

သမ္မတသည် ရက်သတ္တပတ်အစောပိုင်းက Apple စီအီးအို တင်မ်ကွပ်ခ် (Tim Cook) နှင့် တွေ့ဆုံခဲ့ပြီး ပြီးခဲ့သော သီတင်းပတ်က အရှေ့အလယ်ပိုင်းသို့ ၎င်း၏ခရီးစဉ်အတွင်းလည်းတွေ့ ဖြစ်ကြသည်။ ဘက်ဆင့်က ကွပ်ခ်နှင့်လည်း စကားပြောခဲ့ပြီး ဆွေးနွေးမှုတွေလည်း ကောင်းမွန်ခဲ့တယ်လို့ သောကြာနေ့က Fox News ကို ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် ထရန့်၏ နံနက်ခင်း ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြှင့်ရန် မည်သည့်အရာက လှုံ့ဆော်ခဲ့သည်ကို ရှင်းလင်းစွာမသိရပါ။

အက်ပဲလ်သည် အကောက်ခွန် သက်သာသော ကုန်ကျစရိတ်ကို ပေးဆောင်ရန် Apple မှ iPhone ထုတ်လုပ်မှုကို တရုတ်မှ အိန္ဒိယသို့ ပြောင်းရွှေ့မည်ဟု ယခင်က ပြောကြားခဲ့ဖူးသည်။ သို့သော် ထရန့်က ပြီးခဲ့သည့်အပတ်နှင့် သောကြာနေ့တွင် Apple သည် အမေရိကန်တွင် iPhone များကို မထုတ်လုပ်သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 29 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားတွင် ယနေ့ သင်္ဘော ၂ စီးကို အီရန် တိုက်ခိုက်ခဲ့ကြောင်း IRGC ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက် ဟော်မုဇ် ရေလက်ကြားရှိ သင်္ဘောနှစ်စင်းကို အီရန်က ယနေ့ တိုက်ခိုက်ခဲ့ကြောင်း အီရန်နိုင်ငံ၏ တစ်ပိုင်းတစ်စ အစိုးရပိုင် Fars သတင်းဌာန၏ ဖော်ပြချက်အရ အစ္စလာမ္မစ်