နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူ ပလဖအချုပ်ခန်းမှာ အချုပ်သူကို မုဒိန်းကျင့်လို့ တာဝန်ကနေ ရပ်ဆိုင်းခံရတဲ့ ပအဖခေါင်းဆောင် စစ်အုပ်စုနဲ့ ပူးပေါင်းသွားတယ်လို့ဆို

ဖေဖော်ဝါရီလ (၂၆)ရက်။

ကန့်ဘလူမြို့ရှိ ပလဖအချုပ်ခန်းတခုမှာ အချုပ်သူတစ်ဦးကို မုဒိန်းကျင့်တဲ့ ပအဖတာဝန်ခံ မြင့်ဇော်ဦး(ခ)မဲခေါင်ဟာ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီလို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ ဦးမဲခေါင် စစ်အုပ်စုနဲ့ပေါင်းသွားတယ်ဆိုပြီး အခုရက်ပိုင်းထဲ ပြောနေကြတာတော့ကြားတယ်။ ဖြစ်နိုင်ချေ ရာခိုင်နှုန်းကတော့ များတယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့ စိုးမိုးနယ်မြေထဲ ရောက်နေရင်တော့ အဖမ်းခံရမှာပဲ။ သူက အချုပ်သူတစ်ဦးကို မုဒိန်းကျင့်လို့ တာဝန်ကနေ ရပ်ဆိုင်းခံထားရတာ” လို့ သတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။

အချုပ်သူတစ်ဦးကို မုဒိန်းကျင့်တဲ့ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပအဖတာဝန်ခံ မြင့်ဇော်ဦး(ခ)မဲခေါင်ကို NUG က တာဝန်ကနေ ရပ်ဆိုင်းထားတယ်လို့ ပြောဆိုထားကာ စစ်အုပ်စုနဲ့ ပူးပေါင်းတယ်ဆိုတာကိုတော့ အတည်ပြုနေဆဲပါ။

အခုလို အချုပ်စခန်းက အချုပ်သူအချို့ မုဒိန်းကျင့်ခံရတဲ့အမှုကို (၂)နှစ်နီးပါးခန့် အကြာမှသာ NUG က ထုတ်ပြန်ပြောဆိုလာတာဖြစ်ပြီး ရဲချုပ် ဦးဆောင်ကာ မြေပြင်ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာထက် ဒီလိုလူတယောက် စစ်အုပ်စုနဲ့ ပေါင်းသွားတယ်ဆိုတာက NUG ရဲ့ ကိုင်တွယ်မှုက အားနည်းချက်တွေ ရှိနေလို့လဲ။ သူတို့သာ သေချာထိန်းသိမ်းကိုင်တွယ်ရင် အခုလိုသတင်းတွေလဲ ထွက်စရာမရှိဘူး။ ဒီလို စစ်အုပ်စုနဲ့ ပေါင်းသွားတာမှန်ရင်တော့ စစ်ရေးကိစ္စတွေ ပေါက်ကြားမှာ စိုးရိမ်ရတဲ့အခြေအနေ” လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောပါတယ်။

မြင့်ဇော်ဦး(ခ)မဲခေါင်ဟာ စစ်အုပ်စုနဲ့ ပူးပေါင်းသွားတာ မှန်ကန်ပါက NUG ရဲ့ ဒေသထဲစစ်ရေးဆိုင်ရာ ကိစ္စရပ်တွေ ပေါက်ကြားသွားမှာဖြစ်သလို တော်လှန်ရေးအတွက် ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်ငွေတွေ ပါသွားမှာလို့ တော်လှန်ရေးအင်အားစုတွေကလဲ ပြောဆိုနေကြပါတယ်။

ကန့်ဘလူရှိ ပလဖအချုပ်ခန်းက အချုပ်သူအချို့ မုဒိန်းကျင့်ခံရတဲ့ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေဟာ ပအဖတာဝန်ခံအပါအဝင် စခန်းမှူး ဦးရဲရင့်နဲ့ ပလဖအဖွဲ့ဝင် ဦးအာကာတို့ဖြစ်တယ်လို့ ဆိုပါတယ်။

ကျုးလွန်သူ ပအဖတာဝန်ခံ မြင့်ဇော်ဦး(ခ)မဲခေါင်ဟာ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ကန့်ဘလူမြို့နယ်ကိုယ်စားပြု စစ်ကိုင်းလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရွေးချယ်ခံခဲ့ရသူဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 29 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 24 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်
မြန်မာသတင်း

(၂)လတာထဲ စစ်တပ်ထံက ဖမ်းမိသူ (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 19 Views
ဇန်နဝါရီလ (၁၃)ရက်။ (၂)လတာထဲ စစ်တပ်ထံက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေဟာ SAF ရဲ့ စစ်ဆင်ရေးနယ်မြေတခုဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းမကြတဝိုက်က
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲက ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ SAC-M ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 24 Views
ဇန်နဝါရီလ (၁၃)ရက်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ကိုယ်ပွားပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အခိုင်အမာ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပြည်သူတွေက စစ်အုပ်စုနဲ့ သူ့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် (၂၀)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 46 Views
ဇန်နဝါရီလ (၁၂)ရက်။ ဒီကနေ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးက ကြိမ်ခါးကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့တာ” လို့
မြန်မာသတင်း

ယောဒေသစစ်ဆင်ရေးထဲ ပျုစောထီးရွာ (၂)ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 41 Views
စစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၀)ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ဇန်နဝါရီလ (၁၂)ရက်။ ယောဒေသစစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၂)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဂန့်ဂေါခရိုင်စစ်ဌာနက ယောဒေသစစ်ဆင်ရေးကို ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက်
မြန်မာသတင်း

ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)အပါအဝင် တပ်စခန်းအချို့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 32 Views
ဇန်နဝါရီလ (၁၂)ရက်။ မနေ့က တရက်ထဲ ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)နဲ့ အမတ(၃၁၆)အပါအဝင် ဂိတ်စခန်းအချို့ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်(RMA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၈)နာရီလောက်မှာ စကခ(၁၉)ကို ရှော့တိုက်ဒုံး
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 45 Views
ဇန်နဝါရီလ (၁၂)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA က ဒီကနေ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း ပြီးတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာကာ