နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပြင်သစ်သမ္မတမက်ခရွန်နဲ့ လက်ဆွဲနှုတ်ဆက်ချိန် သမ္မတထရမ့်ရဲ့ ညာဘက်လက်မှာ “ကြီးမားတဲ့အညိုအမဲစွဲနေတာကို” တွေ့မြင်ရတယ်လို့ဆို

ဖေဖော်ဝါရီလ (၂၆) ရက်။

အမေရိကန်သမ္မတထရမ့်နဲ့ ပြင်သစ်သမ္မတမက်ခရွန်တို့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ၂၄ ရက်နေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ သမ္မတထရမ့်အနေနဲ့ ဂရုတစိုက် လုပ်ဆောင်ဖို့ ထရမ့်ကို သတိပေးခဲ့ပြီး ယူကရိန်းက လက်နက်ချတာတဲ့ အဓိပ္ပါယ်မျိုး မသက်ရောက်စေရဘူးလို့ သတိပေးပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တိုးတက်မှု ရှိလာတယ်လို့ ပြောဆိုနေကြတဲ့ ထရမ့်နဲ့ ပူတင်အကြား ဖုန်းခေါ်ဆိုမှုဟာ ယူကရိန်းကို အနိုင်ကျင့်နေတဲ့ ထရမ့်ရဲ့ ကြိုးပမ်း မှုဖြစ်နေတယ်လို့ ဥရောပခေါင်းဆောင်တွေက စိုးရိမ်နေကြပါတယ်။ ဒီလိုအချိန်မှာ မက်ခရွန်ဟာ အိမ်ဖြူတော်ကို ပထမဆုံးလာရောက်တဲ့ ဥရောပခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

တွေ့ဆုံမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို မကြာမီ မရရှိပါက၊ “ဒါဟာ ဒီနှစ်နိုင်ငံတင် မဟုတ်ဘူး၊ တခြားနိုင်ငံတွေ ပါဝင်နေပြီး၊ ဒါဟာ တကယ့်စစ်ပွဲကြီး ဖြစ်လာနိုင်ပြီး တတိယကမ္ဘာစစ်ကြီး ဖြစ်သွားနိုင်ပါတယ်။ အဲဒါကို ကျနော်တို့ ခွင့်ပြုဖို့ ရည်ရွယ်မထားဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဒီအစည်းအဝေးကျင်းပတဲ့နေ့မှာပဲ ကုလသမဂ္ဂ အထွေထွေညီလာခံ အထူးအစည်းအဝေးကို ကျင်းပခဲ့ပြီး ယူကရိန်းက တင်သွင်းတဲ့ ရုရှားနဲ့ တခြားရုရှားတပ်တွေ ယူကရိန်းကနေ ဆုတ်ခွာဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ကန့်ကွက်ခဲ့ပါတယ်။

ဂျပန်အပါအဝင် နိုင်ငံပေါင်း ၉၃ နိုင်ငံက မဲအများစုနဲ့ အတည်ပြုဆုံးဖြတ်ခဲ့ပေမဲ့ အမေရိကန်၊ ရုရှား၊ အီရန်၊ မြောက်ကိုရီးယားနဲ့ ဘီလာရုစ်အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၆၅ နိုင်ငံက ကြားနေခဲ့ပါတယ်။

ထရမ့်နဲ့ ပူတင် အကြား နီးစပ်မှုကြောင့် ကမ္ဘာကြီး ကမောက်ကမ ဖြစ်နေချိန်မှာ ထရမ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း ထရမ့်နဲ့ မက်ခရွန်ဟာ အကြိမ်များစွာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။ အရင်တုန်းကတော့ သူတို့နှစ်ယောက်ဟာ ပြင်းပြင်းထန်ထန် လက်မောင်းလှဲသလိုမျိုး လက်ဆွဲနှုတ်ဆက်သူတွေအဖြစ် လူသိများပါတယ်။ လက်ဆွဲနှုတ်ဆက်တိုင်း အလယ်တန်းကျောင်းသားတွေလို တစ်ဖက်လူရဲ့ လက်ကို တွန်းချဖို့ ကြိုးစားသလိုမျိုး လုပ်တတ်ကြပါတယ်။ ဒီတစ်ခါလည်း သူတို့နှစ်ဦးရဲ့ လက်ဆွဲနှုတ်ဆက်မှုအပေါ် အာရုံစူးစိုက်ခဲ့ကြပါတယ်။ သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်ပုံကို ကြည့်ပြီး ထရမ့် ကျန်းမာရေးချို့တဲ့နေတယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။

အတွင်းလူတစ်ဦးက “ထရမ့်ရဲ့ ညာဘက်လက်ခုံမှာ ကြီးမားတဲ့ အညိုအမဲဆွဲနေပြီး မသိသာ မထင်ရှားအောင် မိတ်ကပ်နဲ့ ဖုံးအုပ်ထားတယ်လို့ ဆိုပါတယ်။ သူ့လက်က ဒဏ်ရာက ကျန်းမာရေး ပြဿနာကို ရင်ဆိုင်နေရတယ်လို့ ညွှန်ပြနေနိုင်ပါတယ်။ Drip နဲ့ အာဟာရသွင်းတာမျိုးဆိုရင် ဒီအညိုအမဲက အရမ်းကြီးလွန်းပါတယ်။ ထရမ့်မှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်ပူစရာရှိနေလို့ အစိုးရက လျှို့ဝှက်ထားတယ်လို့ ထင်မြင်နေကြပြီး တချို့အာဏာပိုင်တွေက ဖွင့်ပြောဖို့ တောင်းဆိုနေကြတယ်” လို့ ဆိုပါတယ်။

ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချတာတွေကို မှားယွင်းစေတတ်ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပူတင်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်တဲ့အခါ ပူတင်ရဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း တီးတိုးပြောဆိုခဲ့ကြပြီး ဗြိတိန်မီဒီယာတွေက ပူတင်ဟာ “ပြင်းထန်စွာဖျားနာနေ” ပြီး ခေတ်မမီတော့တဲ့ နယ်မြေကို စစ်ပွဲနဲ့ ရယူဖို့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။ ကုသလို့ မရတဲ့ ရောဂါလား ဒါမှမဟုတ် ဖျားနာနေတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ပူတင်ရဲ့ အတွေးအမြင်ကို ပြောင်းလဲစေခဲ့ပါတယ်။ ထရမ့်ရဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီး နိုင်ငံခြားမီဒီယာ အများအပြားက “ထရမ့်ရဲ့ ဆုံးဖြတ်ချက်တွေကို နှေးကွေးသွားစေနိုင်တယ်” လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ရဲ့ ညာဘက်လက်ခုံမှာ အညိုအမဲဒဏ်ရာတွေကို မကြာခဏတွေ့မြင်ရပြီး အာဟာရဖြည့်စွက်စာတွေကို သွေးကြောသွင်းခံယူနေတယ်လို့ ပြောဆိုတာတွေလည်းရှိနေပြီး ဆရာဝန်တွေကတော့ ထရမ့်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ လက်မထောင်ပြပေးခဲ့ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 60 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 68 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 62 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 65 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 80 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 73 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက