နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း

စီစဉ်ထားသော မီးဖြတ်တောက်မှုများကြောင့် ကီယက်ဗ်ရှိ လူများစွာမှာ ၁၆ နာရီကြာ လျှပ်စစ်မီးမရရှိဘဲ ဖြစ်နေ

CNN ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၈ရက်

ရုရှားက ယူကရိန်း၏ စွမ်းအင် အခြေခံအဆောက်အအုံများကို အကြီးအကျယ် တိုက်ခိုက်မှု များကြောင့် စီစဉ်ထားသော မီးဖြတ်တောက်မှုများကြောင့် ယူကရိန်းမြို့တော် ကီယက်ဗ်ရှိ ပြည်သူများသည် ယနေ့တွင် ၁၆ နာရီကြာ လျှပ်စစ်မီးမရရှိဘဲ ရင်ဆိုင်နေရသည်။

ယူကရိန်းသမ္မတ ဗော်လိုဒီမာ ဇလန်းစကီးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးဖြတ် တောက်မှုများကို စီစဉ်ထားခဲ့သည်။ ၎င်းတို့သည် ပြီးခဲ့သည့် အောက်တိုဘာလ ကတည်းက ယူကရိန်းလူနေမှုဘဝ၏ ထူးခြားချက်တစ်ရပ်ဖြစ်လာပြီး မတူညီသော ပြင်းအားများဖြင့် စီစဉ်ကာ မနေ့က နိုင်ငံရှိ ဒေသအားလုံးတွင် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

ရုရှားသည် ဒီဇင်ဘာလ၏ ပထမအပတ်အတွင်း တိုက်ခိုက်ရေး ဒရုန်း ၁,၆၀၀ ကျော်၊ လမ်းညွှန်မှုရှိသော လေကြောင်းဗုံး ၁,၂၀၀ ခန့်နှင့် ဒုံးကျည် ၇၀ နီးပါးကို ယူကရိန်းအား ပစ်ခတ်ခဲ့ကြောင်း ဇလန်းစကီးက မနေ့က ပြောကြားခဲ့ပြီး၊ ရုရှား၏ အဓိက ရည်ရွယ်ချက်မှာ “ နေ့စဉ် လူနေမှုဘဝကို ဆက်လက် လည်ပတ်စေသော” အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားရန် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

CNN မှ တွေ့ရှိရသော ကီယက်ဗ်ရှိ တိုက်ခန်းတစ်ခုအတွက် မီးဖြတ်တောက်မှု အစီအစဉ်အရ နံနက်ပိုင်းတွင် ဒေသစံတော်ချိန် နံနက် ၈ နာရီမှ ၁၁ နာရီခွဲ (ET နံနက် ၁ နာရီမှ ၄ နာရီခွဲ) အထိ လေးနာရီအောက်သာ လျှပ်စစ်မီး ရရှိနိုင်မည်ဖြစ်ပြီး၊ ထို့နောက် တစ်နေ့တာ၏ အချိန်အများစုကို ပိတ်ထားမည် ဖြစ်ကာ ညနေပိုင်း ဒေသစံတော်ချိန် ၆ နာရီခွဲမှ ၁၀ နာရီ (ET နံနက် ၁၁ နာရီခွဲမှ ညနေ ၃ နာရီ) အထိ လေးနာရီအောက်သာ ပြန်လည်ရရှိမည် ဖြစ်ကြောင်း အကြံပြုထားသည်။

တနင်္လာနေ့တွင် ယူကရိန်း၊ ကီယက်ဗ်၌ ရုရှား၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အရေးပါသော အရပ်ဘက် အခြေခံအဆောက်အအုံများ ထိမှန်ပြီးနောက် မီးပြတ်တောက် နေချိန်တွင် လူများက ဓာတ်မီးများ အသုံးပြုကာ လမ်းလျှောက်နေကြသည်။ Gleb Garanich/Reuters(ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 56 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 45 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 63 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 58 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို