နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဥရောပမှာ EV ကား ဝယ်လိုအားတက်လာပေမယ့် တယ်စလာကားများ ရောင်းအားထိုးကျ

+++++++++++++++++++++++++

အီလွန်မက်စ်ရဲ့ တယ်စလာကားရောင်းအားဟာ ဥရောပမှာ အခုနှစ် ပထမနှစ်လအတွင်း 49 ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဥရောပမော်တော်ယာဉ်ထုတ်လုပ်သူများအဖွဲ့ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ တယ်စလာလျှပ်စစ်ကားတွေရဲ့ မော်ဒယ်ဟာ သက်တမ်းအိုမင်းလာခြင်းနဲ့အတူ CEO အီလွန်မက်စ်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရဲ့ ဆက်နွှယ်မှုအပေါ် တုံ့ပြန်မှုတွေကြောင့် တယ်စလာရဲ့ ဥရောပစျေးကွက်ဟာ ကျဆင်းလာခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့လအတွင်းက ကျင်းပခဲ့တဲ့ ဂျာမနီနိုင်ငံရွေးကောက်ပွဲမှာ ဂျာမန်လက်ယာအစွန်းရောက် Alternative for Germany ကလည်း အီလွန်မက်စ်အပေါ် ဝေဖန်ရှုတ်ချမှုတွေပြုလုပ်ခဲ့ပါတယ်။ တရုတ်ရဲ့ BYD အပါအဝင် EV ကားထုတ်လုပ်မှုတွေ အပြိုင်အဆိုင်ဖြစ်လာတာက တယ်စလာကားစျေးကွက်ကျဆင်းလာခဲ့ရတဲ့ အဓိက  အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ တရုတ် BYD ကားကုမ္ပဏီဟာ 2024 ခုနှစ်အတွင်း ရောင်းအား 40 ရာခိုင်နှုန်း မြင့်တက်ခဲ့တာကြောင့် လျှပ်စစ်နဲ့ ဟိုက်ဘရစ်ကားထုတ်လုပ်မှုကနေ ဒေါ်လာ 107 ဘီလီယံ ဝင်ငွေရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ BYD ဟာ အခုလအစောပိုင်းကလည်း အလွန်လျင်မြန်တဲ့ အားသွင်းစနစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအားသွင်းစနစ်ဟာ ဂတ်စ်ပိုက်ခေါင်းနဲ့ အားသွင်းသလောက်ကို မြန်ဆန်ပါတယ်။ တယ်စလာရဲ့ ရောင်းအားကတော့ 2024 ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ဇန်နဝါရီလနဲ့ ဖေဖော်ဝါလအတွင်းမှာ 37311 ကနေ 19046 အထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဥရောပမှာ လျှပ်စစ်ကားတွေရဲ့ ရောင်းအား 28.4 ရာခိုင်နှုန်းတိုးလာပေမယ့် တယ်စလာကားတွေကတော့ ရောင်းအားသိသိသာသာကို ကျဆင်းသွားခဲ့ရတာပါ။ တယ်စလာကားတွေဟာ ဥရောပမှာသာမက တကမ္ဘာလုံးမှာပါ ရောင်းအားကျဆင်းလာခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 30 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 37 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 115 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 100 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 39 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု