နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန်၏နျူကလီးယားစက်ရုံ တည်ဆောက်ထားမှုကို ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း အီရန်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အစ္စရေးနှင့် အမေရိကန်တို့၏ “အကြိမ်ကြိမ် တိုက်ခိုက်မှု” အပြီးတွင် အီရန်၏ နျူကလီးယား စက်ရုံတည်ဆောက်ထားမှုမှာ ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ်စမေးလ် ဘက်ဟီ (Esmail Baghaei) က ရုပ်မြင်သံကြား အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အီရန်အရာရှိများနှင့် နိုင်ငံပိုင်မီဒီယာများသည် နိုင်ငံ၏နျူကလီးယားအစီအစဉ် ပျက်စီးမှုအတိုင်းအတာကို ယခင်ကလည်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

“ ကျွန်တော်တို့ရဲ့ နျူကလီးယား တည်ဆောက်ထားမှုမှာ ဆိုးဆိုးရွားရွား ပျက်စီးသွားတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်လိုတဲ့ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ အကြိမ်ကြိမ် တိုက်ခိုက်မှုကို ခံခဲ့ရတာကြောင့် ဖြစ်တယ်” ဟု ဘက်ဟီ (Baghaei) က Al Jazeera သို့ ပြောကြားခဲ့သည်။ နိုင်ငံ၏အနုမြူစွမ်းအင်အဖွဲ့အစည်းနှင့် အေဂျင်စီများသည် အီရန်၏ နျူကလီးယားစက်ရုံများကို နည်းပညာပိုင်းဆိုင်ရာ အကဲဖြတ်မှုတစ်ခုအတွက် လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က “ အီရန်နျူကလီးယားစက်ရုံတွေအပေါ် သူအမိန့်ပေးခဲ့တဲ့ တိုက်ခိုက်မှုဟာ လုံးလုံးလျားလျား ချေမှုန်းနိုင်ခဲ့တယ်” ဟု ပြောခဲ့သော်လည်း CNN ၏ ကနဦး ထောက်လှမ်း အကဲဖြတ် တွေ့ရှိချက်အရ တိုက်ခိုက်သည် တီဟီရန်၏နျူကလီးယား အစီအစဉ်ကို လအနည်းငယ်ကြာအောင်သာ နောက်ပြန်ဆုတ်စေကြောင်း ဗုဒ္ဓဟူးနေ့မှာ အခိုင်အမာ ပြောဆိုခဲ့သည်။

မီဒီယာများ၏ ဖော်ပြမှုကို ထရန့်က အဆိုပါ တိုက်ခိုက်မှုများသည် အီရန်၏ နျူကလီးယား ရည်မှန်းချက်များကို ဆယ်စုနှစ်များစွာ နောက်ကျသွားစေခဲ့ကြောင်း ငြင်းဆိုခဲ့သည်။

သို့တိုင်အောင် အမေရိကန်သမ္မတက ထောက်လှမ်းရေးသည် “မခိုင်လုံ” ကြောင်းနှင့် ပဏာမ အသိအမှတ်ပြုခဲ့ပြီး အစ္စရေးသည် ၎င်း၏ကိုယ်ပိုင်တွေ့ရှိချက်များနှင့် မကြာမီ အချိန်တိုအတွင်း ပိုမိုပြည့်စုံသော ရုပ်ပုံလွှာကို ပံ့ပိုးပေးမည်ဟု အကြံပြုခဲ့သည်။

ကုလသမဂ္ဂ၏နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီက ၁၂ ရက်ကြာ ပဋိပက္ခသည် အီရန်၏နျူကလီးယားနေရာ အများအပြားကို ဆိုးရွားစွာ ပျက်စီးစေခဲ့ကြောင်း ပြောကြားခဲ့သည်။

အီရန်ပါလီမန်သည် IAEA နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ရန် မဲခွဲဆုံးဖြတ်ခဲ့သော်လည်း နျူမပြန့်ပွားမပြန့်ပွားရေး သဘောတူစာချုပ် (NPT) တွင် အီရန်ကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားရန်ကိုမူ အတည်မပြုခဲ့ကြောင်း ဘက်ဟီ (Baghaei) က Al Jazeera သို့ ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ NPT မှ မထွက်ရန် အတည်ပြုခဲ့ပြီး နျူကလီးယား တားဆီးရေးကို ပူးပေါင်းဆောင်ရွက်မည်ဟု ပြောခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

အီရန်စစ်ပွဲနှင့် ပတ်သက်၍ ထရမ့်ခန့်အပ်ထားသူ ဂျိုးကန့် နုတ်ထွက်ခြင်း၏ အရေးပါမှု

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် အီရန်စစ်ပွဲအပေါ် ရှေးရိုးစွဲဝါဒီများ၏ ပြည်တွင်းအငြင်းပွားမှုသည် အင်္ဂါနေ့တွင် အဆင့်သစ်တစ်ခုသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အီတလီက မြေထဲပင်လယ်အတွင်း ရုရှားရေနံတင်သင်္ဘော အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတိပေး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 11 Views
ရောမမြို့ ။ ပိတ်ဆို့အရေးယူခံထားရသည့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် သင်္ဘောသားတစ်ဦးမျှမပါဘဲ၊ ဘေးဘက်တွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြင့် မြေထဲပင်လယ်အတွင်း ထိန်းချုပ်မှုမဲ့ မျောပါနေသည်။ ယင်းအခြေအနေကြောင့် “ ကြီးမားသော ဂေဟစနစ်ဆိုင်ရာ ဘေးအန္တရာယ် တစ်ခု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 106 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော အီရန်စစ်ပွဲသည်လည်း နောက်ထပ် သာဓကတစ်ခုပင် ဖြစ်သည်။ ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရေး စစ်ဆင်ရေးနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 42 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 46 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 47 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။