နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ဖြေရှင်းရာမှာ ဒက်ဒီထရန့်က ကူညီခဲ့တယ်လို့ နေတိုးအကြီးအကဲပြော

ဇွန်လ (၂၆) ရက်။

နေတိုး၏အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေ (Mark Rutte) သည် ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ၎င်းတို့၏ဆွေးနွေးပွဲများအတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ၏ အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ကိုင်တွယ်ပုံအကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြချက်တစ်ခုကို ပြောဆိုခဲ့သည်။

ထရန့် သည် တိုက်ခိုက်နေသည့်ဘက်နှစ်ဖက်ကို နှိုင်းယှဥ်ပြောကြားရာတွင် “ကျောင်းဝင်း အတွင်းက ကလေးနှစ်ယောက်” ဟု ဆိုခဲ့ရာ ထိုကိစ္စတွင်၊ အစ္စရေးနှင့် အီရန်ကိုဆိုလိုသည်ကို ရူတေသည် ၎င်း၏ကိုယ်ပိုင်ဥပမာဖြင့် အဓိပ္ပါယ်ဖော်ခဲ့သည်။

“ဒက်ဒီက တစ်ခါတလေ ပြင်းထန်တဲ့ ဘာသာစကားကို သုံးရမှာပေါ့” ဟု ၎င်းက ဆိုသည်။

နောက်ပိုင်းတွင်၊ ရုတေသည် ထရန့် အား “အားနည်း” ပြီး အမူအကျင့်မကောင်းဟု ရည်ညွှန်းပြီးမေးမြန်းခြင်းကို “ မင်းတို့မေးချင်တိုင်း မေးတာကို မဖြေနိုင်ဘူး” ဟု မေးခွန်းကို ပယ်ချခဲ့ပြီး ထရန့်အား ဒက်ဒီဟုခေါ်ဆိုခြင်းမှာ ကိုယ့်ကြိုက်နှစ်သက်မှုဟု ဆိုခဲ့သည်။

“ နည်းနည်းတော့ အမူအကျင့်ကရိုင်းတယ် မဟုတ်လား၊ အဲဒါက မင်းအနေနဲ့ သူဟာ ပျော့ညံ့တဲ့ ပုံပေါက်မနေဘူးလား” သတင်းထောက်တစ်ဦးသည် ဟိ့ဂ်နိဂုံးချုပ် သတင်းစာရှင်းလင်းပွဲတွင် ရူတေကို မေးမြန်းခဲ့သည်။

“ မဟုတ်ဘူး၊ ငါတော့မထင်ပါဘူး” ဟု ရုတေက ဆိုသည်။ “ ဒါက မေးခွန်းမေးတဲ့ အပေါ်မှာ မူတည်တယ် ။ ဒါပေမယ့် သူက သူငယ်ချင်း ကောင်းတစ်ယောက် ဖြစ်ပြီး ဥပမာ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လုပ်ဖို့ တွန်းအားပေးနေတဲ့အတွက် ဒီထိပ်သီးအစည်းအဝေးရဲ့ရလဒ် ဖြစ်လာခဲ့တာ အဲဒီအချိန်က သူက သမ္မတပြန်အရွေးမခံရရင် ဒီလိုဖြစ်လာမယ်လို့ မင်းထင်မှာလား။”

“ သူဟာ ကျေးဇူးနဲ့ မထိုက်တန်ဘူးလား” သူက အီရန်ကို ဗုံးကြဲရန် ထရန့်၏ဆုံးဖြတ်ချက်ကို လက်ညှိုးထိုးပြပြီး “ချီးကျုးထိုက်သူလို့ ကျွန်တော်ထင်ပါတယ်” ဟု ဆက်ပြောသည်။

ရူတေ၏ နှိုင်းယှဥ်မှုသည် ယခုသီတင်းပတ်တွင် ထရန့်ကို ၎င်း၏ အထွေထွေ ချဉ်းကပ်မှုနှင့်အညီ လိုက်လျောညီထွေ ဖြစ်စေသည်။ နောက်ပိုင်းတွင် ထရန့်၏ ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်တစ်စောင်တွင် လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီး ရူတေသည် အီရန်တွင် ထရန့်၏တိုက်ခိုက်မှုအတွက် ဖော်လံဖားအားပေးခဲ့သည်။

“ဒါက တကယ်ကို ထူးထူးခြားခြားဖြစ်ပြီး ဘယ်သူမှ မလုပ်ဝံ့တဲ့အရာတစ်ခုပါ” ဟု ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ