ဇန်နဝါရီလ (၂၇)ရက်။
ဇန်နဝါရီလ (၂၅)ရက်နေ့က ပုသိမ်ခရိုင် ရေကြည်မြို့ သီတာကုန်းပြင်ရှိ ချောင်းထဲ အရက်သေစာသောက်ပြီး ရေဆင်းကူးတဲ့ စစ်ကောင်စီရဲ(၃)ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“ သီတာကုန်းပြင်က ချောင်းထဲ အရက်သောက်ပြီး ရေဆင်းကူးတဲ့ အကြမ်းဖက်ရခ(၃)ကောင် ရေတိမ်နစ်သေဆုံးသွားတာ။ သူတို့က ဟင်္သာတကနေ အင်အားဖြည့်ပို့ဆောင်ထားတာ” လို့ ဆိုပါတယ်။
သီတာကုန်းပြင်ရှိ ချောင်းထဲ အရက်သေစာသောက်စားပြီး ရေဆင်းကူးရာက ရေနစ်သေဆုံးတဲ့ စစ်ကောင်စီရဲ (၃)ဦးဟာ ဟင်္သာတမြို့ဘက်ကနေ အင်အားဖြည့်တဲ့အနေနဲ့ ပို့ဆောင်ထားတာလို့ သိရပါတယ်။
စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တဲ့နေရာဟာ ရိုးရာနတ်နန်းတွေရှိပြီး အရက်သေစာ သောက်စားလို့မရတဲ့နေရာဖြစ်တာကြောင့် အမှားမခံဘူးလို့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။
အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဒေသဆိုင်ရာတာဝန်ရှိသူတွေဘက်က တစုံတရာ ပြောဆိုထားတာမရှိဘူးလို့ သိရပါတယ်။