ဗန်းမော်လေယာဉ်ကွင်းနဲ့ စရဖရုံးတို့ကို KIA သိမ်းပိုက်နိုင်ခဲ့
ဇန်နဝါရီလ (၂၇)ရက်။
ဗန်းမော်လေယာဉ်ကွင်းနဲ့ အနီးရှိ စစ်ကောင်စီရဲ့ စရဖရုံးတို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
“ အခု ဗန်းမေယ်လေယာဉ်ကွင်းကိုလဲ အပြည့်အဝ ထိန်းချုပ်ထားပြီး အနီးက စရဖရုံးအပါအဝင် စကစတပ်စွဲထားတဲ့ နေရာ (၇)ခုလောက်အထိကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဗန်းမော်တိုက်ပွဲထဲ လေယာဉ်ကွင်းနဲ့ အနီးဝန်းကျင်ရှိ စရဖရုံးအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ (၇)ခုအထိကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“ ဗန်းမော်မြို့ထဲတိုက်ပွဲက ဆက်လက်ပြင်းထန်နေပါတယ်။ စစ်ရှုံးနေတဲ့ စခတွေက အရပ်သားနေအိမ်တွေကို ဒကုန်းတွေ လက်နက်ကြီးတွေနဲ့ မီးရှို့ဖျက်ဆီးနေတာ။ (၆)လကုန်းရပ်ကွက် မီးရှို့ပျက်စီးတာကလဲ စသားနဲ့ရဲတွေကြောင့်” လို့ ရပ်ကွက်နေစစ်ရှောင်တစ်ဦးက ပြောဆိုထားပါတယ်။
တိုက်ပွဲထဲ ရှုံးနိမ့်နေတဲ့ စစ်ရှုံးစစ်ကောင်စီဟာ PDF တွေ ရပ်ကွက်တွေဘက် ဝင်လာနိုင်တယ်ဆိုတဲ့ အကြောင်းပြချင်နဲ့ မီးရှို့ဖျက်ဆီးတာတွေရှိနေကာ ဒရုန်းအသုံးပြုပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ ဗီဒီယိုဖိုင်ကိုလဲ စစ်ရှောင်ပြည်သူတစ်ဦးက မှတ်တမ်းတင်ထားပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့နဲ့ မံစီမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ရာ တလခန့်အကြာမှာ မံစီမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။