ဇန်နဝါရီလ (၂၇)ရက်။
မနေ့က စလင်းမြို့ရှိ စစ်ကောင်စီရဲ့ ခလရ(၂၅၃)တပ်စခန်းက တပ်သား (၂)ဦး ထွက်ပြေးအလင်းဝင်လာတယ်လို့ ဒေါင်းစစ်အောင်(LPDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ သူတို့က (၂၄)ရက်နေ့မှာ ခလရ(၂၅၃)ဘက်ကနေ တပ်ရင်းထဲကနေ ထွက်ပြေးလာပြီး (၂၆)ရက်နေ့မှာ ဘက်ပြောင်းခိုလှုံလာတာပါ။ အခုတော့ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်” လို့ ဆိုပါတယ်။
အဲ့ဒီတပ်သား (၂)ဦးဟာ ဇန်နဝါရီလ (၂၄)ရက်နေ့က စစ်ကောင်စီရဲ့ ခလရ(၂၅၃)တပ်ကနေ ထွက်ပြေးတိမ်းရှောင်လာပြီး (၂၆)ရက်နေ့မှာ ဒေါင်းစစ်အောင်(LPDF)ထံ ဘက်ပြောင်းခိုလှုံလာတာလို့ ဖော်ပြထားပါတယ်။
သူတို့ဟာ အသက်(၂၅)နှစ်အရွယ် တပ်သား ကျော်ရဲလင်းနဲ့ (၂၂)နှစ်အရွယ် တပ်သား နေလင်းတို့ဖြစ်ကာ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး လိုအပ်တာတွေ ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြိုဆိုနေကာ ဒေါင်းစစ်အောင်(LPDF)ကိုလဲ တိုက်ရိုက်ချိတ်ဆက် အလင်းဝင်နိုင်တယ်လို့ အသိပေးထားချက်အရ သိရပါတယ်။