နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာအရောင်းဆိုင်တွေ သင်္ကြန်ကာလထဲ ယာယီပိတ်ထားဖို့ ကာကွယ်ရေးတပ်တွေ အမိန့်ထုတ်

မတ်လ (၂၇)ရက်။

ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေကို ယာယီပိတ်ထားဖို့ နယ်မြေခံကာကွယ်ရေးတပ်ရင်းတွေက မတ်လ (၁၆)ရက်နေ့ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။

ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေအနေနဲ့ သတ်မှတ်ချိန်ထက် ကျော်လွန်ဖွင့်လှစ်တာ၊ အဲ့ဒီဆိုင်တွေကနေ ဝယ်ယူလာသူတွေဟာ အမူးလွန်စွာသောက်သုံးတာနဲ့ သတ်မှတ်ချိန်ကျော်ပြီး ဂိတ်ဖြတ်သန်းတာတို့ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဆောမြို့နယ်ရှိ ကာကွယ်ရေးတပ်ရင်းတွေရဲ့ ထိန်းချုပ်နယ်မြေတွေထဲ မူးယစ်ရမ်းကားတာတွေ နေ့တိုင်းဖြစ်ပေါ်နေတာကြောင့် အဲ့ဒီအခြေအနေကို တည်ငြိမ်စေဖို့ သက်ဆိုင်ရာ ကွပ်ကဲရေး၊ အုပ်ချုပ်ရေးအဖွဲ့တို့နဲ့ ညှိနှိုင်းပြီး မြို့ပေါ်ဧရိယာထဲ စည်းကမ်းထုတ်ပြန်တာလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် နယ်မြေခံတပ်ရင်းတွေဖြစ်တဲ့ အမှတ်(၃)နဲ့ (၅)တပ်ရင်းတွေက ပူးပေါင်းဆွေးနွေးကာ မြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေကို သင်္ကြန်ကာလထဲ ယာယီပိတ်သိမ်းထားဖို့ ညွှန်ကြားထားတာလို့ ဖော်ပြထားပါတယ်။

နောက်ပြီး ပြန်လည်ရောင်းချခွင့်ကို သင်္ကြန်ကာလထဲ အခြေအနေတွေပေါ် မူတည်ပြီး ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေကို နယ်မြေခံတပ်ရင်းဖြစ်တဲ့ အမှတ်(၃)နဲ့(၅)တပ်ရင်းက ပြန်လည်ထုတ်ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာတာ ဒါမှမဟုတ် ရှောင်တခင်ဝင်စစ်တဲ့အချိန်မှာ ရောင်းချတာတွေ တွေ့ရှိပါက ဒဏ်ကြေးငွေ သိန်း(၅၀) ပေးဆောင်ရမယ်လို့ သတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 41 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို