နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ဥရောပ ရင်ဆိုင်နေရသော ‘ရောစပ်စစ်ပွဲ’ (hybrid war ) သည် ပူတင်အတွက် လက်ဆောင်တစ်ခုဖြစ်သော်လည်း စွန့်စားရမှုများလည်း ရှိနေသည်

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၇ရက်
သေနတ်တစ်ချက်မှ မဖောက်ဘဲ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ယူကရိန်းစစ်ပွဲ၏ ပဋိပက္ခဒဏ်ကို မခံစားရသေးသော ဥရောပသား သန်းပေါင်းများစွာထံသို့ ဆောင်ကျဉ်းပေးပို့နိုင်ခဲ့သည်။
၎င်းသည် ပေါက်ကွဲမှုများနှင့် မစတင်သော်လည်း တဝီဝီကြောက်စရာအသံများနှင့် စတင်ခဲ့သည်။

ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆန်က ကြာသပတေးနေ့ညတွင် စိုးရိမ်နေသော ဒိန်းမတ်ပြည်သူများကို ပြောကြားခဲ့သည့်အတိုင်း လေဆိပ်အများအပြားတွင် ဒရုန်းများကြောင့် ကြီးမားသော အနှောင့်အယှက်များ ဖြစ်ပွားပြီးနောက် ဥရောပသည် “ ပိုမိုပြင်းထန်ပြီး မကြာခဏဖြစ်ပွားသော ဟိုက်ဘရစ်တိုက်ခိုက်မှုများကို ပကတိအန္တရာယ်အသစ်တစ်ခု အဖြစ်” ရှုမြင်သင့်သည်ဟု ဆိုသည်။ သို့သော် သူမသည် ရုရှားကို တိုက်ရိုက်တရားခံအဖြစ် မစွပ်စွဲခဲ့ပါ။အကြောင်းမှာ ယခုအချိန်အထိ အထောက်အထား မခိုင်လုံသေးခြင်း သို့မဟုတ် အပြစ်တင်ခြင်းက မော်စကို၏ ရည်ရွယ်ချက်များကို ပိုမိုအား ဖြည့်ပေးရာ ရောက်သောကြောင့် ဖြစ်နိုင်သည်။ သို့သော်လည်း ရုရှားကို ဥရောပ၏ အဓိကခြိမ်းခြောက်မှုအဖြစ် ဖော်ပြခဲ့သည်။

ရှင်းလင်းပြတ်သားမှု မရှိခြင်းသည် ဤတိုက်ခိုက်မှုများ၏ လက္ခဏာတစ်ခုဖြစ်သည်။ အမည်မသိ တရားခံသည် သူတို့ စ်စေခဲ့သော ပျက်စီးမှု သို့မဟုတ် အဆင်မပြေမှု မည်မျှပင်ရှိစေကာမူ အချိန်အတိုင်းအတာတစ်ခုအထိ အမည်တပ်ခြင်း သို့မဟုတ် တားဆီးခြင်း မပြုနိုင်ပေ။ စောင့်ဆိုင်းရခြင်း သို့မဟုတ် မသေချာမရေရာမှုသည် နောက်ထပ်လက္ခဏာတစ်ခု ဖြစ်သည်။ ဖရက်ဒရစ်ဆန်က အမည်မသိ တိုက်ခိုက်သူ၏ နောက်ထပ်ရည်ရွယ်ချက်တစ်ခုကို ထပ်လောင်းပြောကြားခဲ့သည် – “ သူတို့က ကျွန်မတို့အာဏာပိုင်တွေအပေါ် ယုံကြည်မှုမရှိတော့စေချင်တာ” ဟု ဖြစ်သည်။

ဤဇာတ်လမ်းမျိုးက ဥရောပတစ်ခွင်မှာ ဖြစ်ပျက်နေသည်။
ရုရှားက ပိုလန်ထဲကို ဒရုန်း အစင်း ၂၀ ကျော်လွှတ်ဖို့ တကယ်ပဲ ရည်ရွယ်ခဲ့တာလား။ အက်စတိုးနီးယား လေပိုင်နက်ကို ၁၂ မိနစ်ကြာ ကျူးကျော်ခဲ့ခြင်းသည် ဥရောပရှိ အမေရိကန် ထိပ်တန်းဗိုလ်ချုပ် အဲလက်ဆပ်စ် ဂရင်ကီဝစ်ချ် ပြောသလို ရုရှားလေယာဉ်မှူးများ၏ လေ့ကျင့်မှု ညံ့ဖျင်းခြင်းကြောင့်လား၊ သို့မဟုတ် မော်စကို၏ ကျူးကျော်မှုကို တိုးချဲ့ခြင်းလား။ ရက်အနည်းငယ်အကြာ ဥရောပတစ်ဝှမ်း လေကြောင်းခရီးစဉ်အမျိုးမျိုးကို မြေပြင်မှာ ရပ်တန့်စေခဲ့တဲ့ ဟက်ကာ တိုက်ခိုက်မှုက ဘယ်လိုလုပ်ပြီး မဆက်စပ်သည့် တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်မှာလဲ။

လေဆိပ်များ သုံးရက်ကြာ ပိတ်ထားခဲ့ပြီးနောက် ၎င်း၏ ကမ်းရိုးတန်းအလွန်တွင် ရုရှားစစ်သင်္ဘောတစ်စင်းက ထရန်စပွန်ဒါများ ပိတ်ပြီး ရပ်နားနေသည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက်တွင်ပင် ဒိန်းမတ်အရာရှိများသည် တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် မည်သူရှိသည်ကို ရှင်းလင်းစွာ မသိရှိသေးပေ။

ဖရက်ဒရစ်ဆန်က အလျင်စလို မှားယွင်းစွာဖြေဆိုခြင်းနှင့် နောက်ကျမှ ဖြေဆိုခြင်း နှစ်မျိုးလုံး၏ အန္တရာယ်များကို ဝန်ခံခဲ့သည်။ ဒိန်းမတ်စစ်ထောက်လှမ်းရေးက ကြာသပတေးနေ့ညတွင် တရားခံများကို “ အမည်မဖော်နိုင်” ဟု ပြောကြားခဲ့ပြီး ပြည်တွင်းလုံခြုံရေးရဲတပ်ဖွဲ့ (PET) အကြီးအကဲကမူ “ ဒိန်းမတ်တွင် ရုရှား၏ ဖျက်ဆီးရေးလုပ်ရပ် အန္တရာယ် မြင့်မားနေသည်” ဟု ဆိုသည်။

ဒိန်းမတ်သည် ပူတင်၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ ပွင့်လင်းစွာ ပြောဆိုလေ့ရှိသည်။ ယူကရိန်းကို F16 တိုက်လေယာဉ်များ ပေးအပ်ခဲ့ပြီး၊ ဒရုန်းများ တည်ဆောက်ရာတွင် ကူညီမည်ဖြစ်ကာ ဟန့်တားရေး ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တာဝေးပစ်ဒုံးကျည်များဖြင့် လက်နက်တပ်ဆင်နေသည်။
အနောက်နိုင်ငံ အရာရှိများသည် ဟိုက်ဘရစ် စစ်ပွဲ၏ ရှေ့နောက်မညီပုံနှင့် နေ့စဉ် ရင်ဆိုင်နေရသည်။

တကယ့်တရားခံကို အထူးသဖြင့် ရုရှားဖြစ်နေပါက အပြစ်တင်ခြင်းသည် သူတို့ ဖြန့်ကျက်လိုသော သဘောထားကွဲလွဲမှုနှင့် စိုးရိမ်ပူပန်မှုကို အမှန်တကယ် အားဖြည့်ပေးသလား သို့မဟုတ် ကြီးထွားလာသော ခြိမ်းခြောက်မှုကို မီးမောင်းထိုးမပြခြင်းက ခက်ခဲသော ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ရွေးချယ်မှုများ လိုအပ်လာသည့်အချိန်အထိ လူ့အဖွဲ့အစည်းကို မျက်စိကန်းပြီး အဆင်သင့်မဖြစ်စေဘဲ ထားခဲ့သလား။ လေဆိပ်ပိတ်သိမ်းမှုများနှင့် ပရမ်းပတာအခြေအနေများအတွက် မော်စကိုကို လပေါင်းများစွာ လူသိရှင်ကြား အပြစ်တင်ပြီးနောက် ရုရှားဂျက်လေယာဉ်တစ်စင်းကို ပစ်ချရန်မှာ နိုင်ငံရေးအရရော၊ သီအိုရီအရပါ ပိုမိုလွယ်ကူသည်။
လပေါင်းများစွာကြာအောင် ဖျက်ဆီးရေးလုပ်ရပ် အရိပ်အယောင်က ဥရောပတိုက်မကြီးပေါ်မှာ ပျံ့နှံ့လာခဲ့သည်။

ယူကရိန်း၏ကာကွယ်ရေးကို အခိုင်အမာ ထောက်ခံနေသော နောက်တစ်နိုင်ငံဖြစ်သည့် ယူနိုက်တက်ကင်းဒမ်းသည် ရုရှားက စုဆောင်းထားသည့် လူငယ်လူရမ်းကားဆန်သည့် ရာဇဝတ်ကောင်များက ယူကရိန်းအတွက် ထောက်ပံ့ရေးပစ္စည်းများ ထားသည့်ဂိုဒေါင်ကို မီးရှို့မှုအတွက် ပြင်းထန်သည့် အမျိုးသားလုံခြုံရေးအက်ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါသည်။ ဗြိတိန်ရဲတပ်ဖွဲ့က ပြီးခဲ့သည့်အပတ်က Essex ကောင်တီတွင် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဆိုပါဥပဒနှင့်ဖမ်းဆီးခဲ့သည်။

ပိုလန်ကလည်း ရုရှားကမကထပြုသည့် မီးရှို့တိုက်ခိုက်မှုများအတွက် ရုရှား ထောက်ပံ့ထားသည့်ယူကရိန်းလူငယ်များကို ထောင်ချခဲ့သည်။
လေဆိပ် check-in ဆော့ဖ်ဝဲလ်နှင့် လန်ဒန်မှ မူကြိုကျောင်းတစ်ခု ဟက်ခ်လုပ်ခံခဲ့ရသည်။ မော်စကို၏အေးဂျင့်များထက် ရာဇဝတ်ဂိုဏ်းများကလုပ်ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

မည်သူ့မှာတာဝန်ရှိရှိ ဤကဲ့သို့ပရမ်းပတာဖြစ်မှုနှင့် အားနည်းချက်များ ပျံ့နှံ့လာခြင်းက ပူတင်ကို ဥရောပ၏တံခါးဝအထိ ပဋိပက္ခကျယ်ပြန့်လာသည့်ခံစားချက်ကို ယူဆောင်လာနိုင်စေခဲ့သည်။ ထရမ့်အစိုးရက ဥရောပကို မိမိတို့၏ ကာကွယ်ရေးအတွက် ကိုယ်တိုင်တာဝန်ယူရန် တောင်းဆိုနေသည့်အချိန်အခါတွင် ဖြစ်ပါသည်။

ဤအချက်က ယူကရိန်းကို မဖြစ်မနေ အရေးတကြီး ထောက်ပံ့ရသည့် ကုန်ကျစရိတ်များကို ဥရောပတွင် ပိုပြီး ထိထိမိမိ ခံစားလာရစေသည်။ ပူတင်ကို အလျှော့ပေးလိုသူများ၏ အငြင်းအခုံများ ပိုအားကောင်းစေသလို သူလိုချင်သည်ကို ပေးလိုက်လျှင် သူရပ်သွားမှာပဲဟု အဆိုပြုကြသူများ ကရင်မလင်၏ကျူးကျော်လိုစိတ်က ကြီးထွားလာနေပြီး ပြတ်သားသည့် တုံ့ပြန်မှုတစ်ခု လိုအပ်သည်ဟု ပြောသူများ၏ အငြင်းအခုံများကိုလည်း အားကောင်းစေပါသည်။

ဤခြိမ်းခြောက်မှုက ယူကရိန်း ရှေ့တန်းစစ်မျက်နှာက ပိုအရေးကြီးပြီး အကျိုးဆက် ကြီးမားသည့်တာဝန်မှ ဥရောပ၏ မူဝါဒချမှတ်သူများနှင့် ဘတ်ဂျက်များကို ယာယီအာရုံလွှဲသွားစေနိုင်သည့်အန္တရာယ်ရှိလာနိုင်သည်။
ရုရှား၏နွေရာသီထိုးစစ်က နယ်မြေများကို ပိုမိုမသိမ်းပိုက်နိုင်ခဲ့ခြင်းသည် အတိုင်းအတာတစ်ခုအထိ အံ့ဩစရာပင်ဖြစ်သည်။ သို့ရာတွင်ယူကရိန်းမြို့ကြီးများကို တိုက်ခိုက်မှုကတော့ မရပ်မနားနှင့် ပိုပြီး ကြီးထွားလာနေသည်။
ဥရောပ၏ အကျပ်အတည်းဖြစ်နေသည့်ကာကွယ်ရေးဘတ်ဂျက်အတွက် ပြီးခဲ့သည့်သီတင်းပတ်တွေက ဟိုက်ဘရစ် မငြိမ်မသက်မှုများက ချက်ချင်းလုပ်ဆောင်ရမည့် ကုန်ကျစရိတ်များသည့် တာဝန်နှစ်ခုကို ထပ်ပေါင်းထည့်လိုက်ရသည်။ ဒရုန်းများနှင့် ဟက်ကာများကို ပိုပြီး ခံနိုင်ရည်ရှိအောင် အခြေခံအဆောက်အအုံများကို အားဖြည့်ဖို့နှင့် သူတို့၏ အရှေ့ဘက်နယ်စပ်တစ်လျှောက်လုံးမှာ ရုရှားဒရုန်းများနှင့် ဂျက်လေယာဉ်များကို ဝေဟင်ကာကွယ်ရေး ပြုလုပ်ခြင်းသည် ကျယ်ပြန့်ပြီး စဉ်ဆက်မပြတ် စရိတ်ကြီးသည်။

စျေးပေါသည့် ဒရုန်းများစွာကို ကာကွယ်ရသည့် ကုန်ကျစရိတ်က ဤခြိမ်းခြောက်မှုအသစ်၏ ထူးကဲသည့်ထိရောက်မှုကို အတုယူနိုင်ခြင်း မရှိသေးပါဘူး။ ဒတ်ခ်ျ F35 တစ်စင်းက ပိုလန်မှာရှိသည့် ဒေါ်လာ ၃၀,၀၀၀ တန် ရှာဟက်အမျိုးအစား ပိုလီစတိုင်ရင်း ဒရုန်းတစ်စင်းကို ပစ်ချဖို့ ယူရို သောင်းချီတန်သည့် ဒုံးကျည်တစ်စင်းကို ပစ်လွှတ်နိုင်သည်။ သို့ရာတွင် ၎င်းသည် ရေရှည်တွင် ရပ်တည်နိုင်မည် မဟုတ်ဘဲ ကျူးကျော်သူများကို မဟန့်တားဘဲထားမလား သို့မဟုတ် နေတိုးလေပိုင်နက်ကို ခိုင်မာပြီး အဆုံးမရှိ ကာကွယ်ရန် လစဉ် သန်းနဲ့ချီပြီး သုံးမလားဆိုသည့် ခက်ခဲသည့် ရွေးချယ်မှုတစ်ခုကို ဖြစ်စေပါသည်။

ကရင်မလင်အတွက် အားလုံးက အဆင်ပြေနေသည် မဟုတ်ပါ။ ၎င်းတို့ငှားရမ်းထားသည့် ဖျက်ဆီးရေးသမားများ သို့မဟုတ် မျက်နှာသာရရန် ယှဉ်ပြိုင်နေကြသည့်သူလျှိုများက သတ်မှတ်ချက်ကို ကျော်လွန်ပြီး နေတိုးနိုင်ငံတစ်နိုင်ငံက အရပ်သားများကို သတ်ဖြတ်မိသွားနိုင်သည့် သိသာသည့်အန္တရာယ်ရှိသည်။
ရုရှားက သူတို့မလုပ်သည့်ကိစ္စအတွက် အစွပ်စွဲခံရပြီး စစ်မှန်သည့် စည်းစနစ်ကျ ရာဇဝတ်ဂိုဏ်းများက ၎င်းတို့၏ လှုပ်ရှားမှု များကို တိုးချဲ့ရန် အကာအကွယ်ပေးသလို ဖြစ်သွားနိုင်သည့် အန္တရာယ်လည်း ရှိသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြိုတင်ခန့်မှန်း၍မရသည့် သဘောသဘာဝက မည်သည့်အရှိန်မြင့်မှုမျိုးအတွက်မဆို အတိုင်းအဆမရှိသည့် တုံ့ပြန်မှုတစ်ခုကို ယူဆောင်လာနိုင်သည့်အန္တရာယ်လည်း ရှိသည်။ ၎င်းက ဘာမျှမတုံ့ပြန်ဘဲ နေနိုင်သလို၊ အလွန်အကျွံ တုံ့ပြန်တာမျိုးလည်း ဖြစ်နိုင်သည်။
ဤကဲ့သို့ ကျယ်ပြန့်ပြီး ကြိုတင်ခန့်မှန်း၍ မရသည့် အခြေအနေသည် ပိုမိုကြီးမားသည့် ပဋိပက္ခများ စတင်နေပုံရသည်။

၎င်းက ပူတင်အတွက် အားလုံးက အကောင်းချည်းတော့ မဟုတ်ပါ။ ပူတင်သည် ပြောင်ပြောင်တင်းတင်း စွန့်စားရခြင်းကို မကြိုက်ပါ။ ယူကရိန်းကို သိမ်းပိုက်ရန် ရက်သတ္တပတ်အနည်းငယ်ပဲ ကြာမည်ဟု ပြောပြီးမှ ကျူးကျော်ခဲ့သည်။ သူသည် မကြာသေးမီက သီတင်းပတ်များတွင် ကိဗ်နှင့် ဥရောပတို့ကို ဆန့်ကျင်သည့်လုပ်ရပ်များကို တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အလွန်ရင်းနှီးသည့်ထိပ်သီးအစည်းအဝေးတစ်ခုအပြီးတွင် အရှိန်မြှင့်ခဲ့ပုံရသည်။
သို့ရာတွင် ယခုအချိန်၌ ဤဟိုက်ဘရစ်တိုက်ခိုက်မှုများသည် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် တိုက်ဆိုင်မှုကြောင့်ပဲဖြစ်ဖြစ် – ယူကရိန်းကို ၎င်းတို့အစိုးရများက ဆက်လက်ထောက်ပံ့နေမှုအတွက် သာမန်ဥရောပသားများအပေါ်တွင် ကုန်ကျစရိတ် တစ်ခုကို သက်ရောက်စေသည်။

လေဆိပ်ကြန့်ကြာမှု၊ ဓာတ်ဆီစျေးနှုန်းမြင့်တက်မှုနှင့် ကွန်ပျူတာစနစ်များကို တိုက်ခိုက်မှုများကဲ့သို့ သေကြေမှုမရှိသည့် အဆင်မပြေမှုများသည် လှောင်ပြောင်သို့ အရိပ်အယောင် လုံးဝမရှိဘဲ အပြစ်မဲ့ ယူကရိန်းပြည်သူများကို နေ့စဉ် သတ်ဖြတ်နေပြီး အကြောင်းမဲ့ ကျူးကျော်စစ်ကို စတင်ခဲ့သည့် ရုရှားနိုင်ငံက သာမန်အရပ်သားများ ခံစားနေရခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။
သို့ရာတွင် ပြီးခဲ့သည့်လအတွင်းက ဥရောပသည် လွယ်ကူသည့်တရားခံ သို့မဟုတ် စျေးပေါသည့်ဖြေရှင်းနည်း မရှိသည့် စရိတ်ကြီးသော စိုးရိမ်ပူပန်မှုအသစ် ရရှိခဲ့သည်။

ဖြစ်တည်မှုအတွက် အရေးပါသည့်စစ်ပွဲ၏ စတုတ္ထနှစ်ထဲတွင် ရှိနေသည့် ပူတင်အတွက်တော့ ဤကာလတို အာရုံလွှဲမှုသည် အောင်ပွဲတစ်ခုအဖြစ် လုံလောက်နေမှာ သေချာသည်။

ပုံ(၁) ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆန်

ပုံ (၂) ဒိန်းမတ်ရဲများကိုပင်ဟေဂင်ဆိပ်တွင်စောင့်ကြပ်နေပုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 71 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 58 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 63 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 65 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 60 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား