နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် သရုပ်ဆောင် ဟက်မင်နှင့် ၎င်း၏ဇနီးတို့ နေအိမ်တွင် သေဆုံးနေ

ဖေဖော်ဝါရီလ (၂၈) ရက်။

အမေရိကန်ရုပ်ရှင်မင်းသား ဂျင်းဟက်မင် (Gene Hackman) နှင့် ၎င်း၏ဇနီး ဘက်စီ အာရာကာဝါ (Betsy Arakawa) တို့သည် ၎င်းတို့၏နယူးမက္ကဆီကိုနေအိမ်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ရုပ်အလောင်းများကို ပဏာမစစ်ဆေးမှုများအရ ဒဏ်ရာလက္ခဏာများ မတွေ့ရှိရကြောင်း ဆန်တာဖေ (Santa Fe) ကောင်တီရဲအရာရှိရုံးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ဟက်မင်တို့ဇနီးမောင်နှံနှင့် သူတို့၏ခွေးကို ၂၆ ရက်နေ့က သူတို့အိမ်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ သေဆုံးချိန်တွင် ဟက်မင်သည် အသက် ၉၅ နှစ်ရှိပြီဖြစ်ပြီး ဇနီးသည် စန္ဒယားပညာရှင် အာရာကာဝါသည် ၆၅ နှစ်ရှိပြီ ဖြစ်သည်ဟု သိရှိရသည်။

၎င်းတို့သေဆုံးရသည့် အကြောင်းရင်းနှင့် အခြေအနေများကို မဆုံးဖြတ်ရသေးဘဲ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ကာဗိုမိုနောက်ဆိုဒ်ဓာတ်ငွေ့ သို့မဟုတ် အခြားအဆိပ်သင့်မှု ရှိမရှိကို ဆက်လက်စစ်ဆေးနေသည်ဟု အာဏာပိုင်များက ပြောဆိုထားသည်။

“ ပထမတစ်ချက်ကတော့ ရာဇဝတ်မှုမြောက်တဲ့ လက္ခဏာတွေ မရှိပါဘူး” ဟု ဆန်တာဖေကောင်တီရဲအရာရှိ က ၂၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နေအိမ်မှ ပစ္စည်းများ ပျောက်ဆုံးခြင်း မရှိကြောင်းနှင့် ၎င်းတို့နှစ်ဦး သေဆုံးနေသည်မှာ အချိန်အတော်အတန် ကြာသွားပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

စုံစမ်းစစ်ဆေးမှုတွေအရ ဇနီးသည် အာရာကာဝါသည်ရေချိုးခန်းကြမ်းပြင်ပေါ်တွင် လဲကျနေပြီး ဆေးပြားများကို အနီးအနားတွင် ပြန့်ကျဲနေသည်ကို တွေ့ရှိခဲ့ရပါသည်ဟု ဆိုသည်။ ကောင်တာပေါ်တွင် ဆေးပုလင်းများ ဖွင့်ထားသည်ကို တွေ့ရှိရပြီး ဦးခေါင်းအနီးတွင် အပူပေးစက် တွေ့ရှိကာ ရေချိုးခန်းဗီရိုထဲတွင် ခွေးက သေဆုံးနေသည်ဟု ဆိုပါသည်။

မီးဖိုချောင်အနီးရှိ အခြားအခန်းတွင် ဟက်ကာ၏အလောင်းကို ကြမ်းပြင်ပေါ်တွင် တွေ့ရှိခဲ့သည်ဟု ဆိုထားပြီး “ သူရုတ်တရက် ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်” ဟု စုံစမ်းစစ်ဆေးသူတွေက ပြောဆိုထားပါသည်။

နေအိမ်အတွင်းရှိ အခြားခွေးနှစ်ကောင်မှာမူ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။ အိမ်ရှေ့တံခါးလည်း ဖွင့်ထားပြီး အတင်းဖွင့်ဝင်သွားသည့် အရိပ်အယောင် မတွေ့ရဟု သိရှိရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 48 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 78 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 55 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး