နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ အပစ်ရပ်ကာလထဲ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာ အကြိမ် (၁၀၀)ကျော်ရှိခဲ့

စစ်ကောင်စီ ကြေညာချက်နဲ့ လက်တွေ့လုပ်ရပ်က “ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” သလိုဖြစ်နေတာလို့ KNU ပြော

ဧပြီလ (၂၈)ရက်။

ဧပြီလ (၂)ရက်နေ့ကနေ (၂၂)ရက်နေ့အထိ စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာတဲ့ကာလထဲ ကော်သူးလေနယ်မြေမှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာ အကြိမ် (၁၀၀)ကျော်ရှိခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ ကော်သူးလေနယ်မြေထဲ လေကြောင်းကနေ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေကို (၆၃)ကြိမ် ပြုလုပ်ခဲ့တယ်လို ဆိုပါတယ်။

အဲ့ဒီလိုတိုက်ခိုက်တာမှာ ကိုရင်တပါးအပါအဝင် ပြည်သူ (၁၅)ဦး သေဆုံးခဲ့ပြီး ဦးပဇ္ဇင်း (၂)ပါးနဲ့ ကိုရင်ကြီး (၁)ပါးအပါအဝင် ပြည်သူ (၃၇)ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်း (၅)ကျောင်းနဲ့ နေအိမ် (၇)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်ကောင်စီဟာ လက်နက်ကြီးပစ်ခတ်တာ (၄၃)ကြိမ် ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ အရပ်သား (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ (၅)ဦးသေဆုံးခဲ့သလို နေအိမ် (၁၆)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ (၁)ကြိမ်ပြုလုပ်ခဲ့ကာ နေအိမ် (၄)လုံးနဲ့ ဘုန်းကြီးကျောင်း (၁)ကျောင်း မီးလောင်ပျက်စီးခဲ့သလို အရပ်သား (၂)ဦးကို အကြောင်းမဲ့ ဖမ်းဆီးတာနဲ့ မိုင်းနင်းမိကာ (၂)ဦး ဒဏ်ရာရခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ အပစ်ရပ်ကြေညာချက် ထုတ်ပြန်ခဲ့တာဟာ နိုင်ငံတကာအဖွဲ့တွေထံက လူသားစာနာတဲ့အကူအညီတွေကို သူတို့ဆီ စီးဆင်းစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့သာ ထုတ်ပြန်တာဖြစ်ပြီး လက်တွေ့မှာတော့ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်နဲ့ လက်တွေ့လုပ်ရပ်တွေဟာ “ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” သလိုသာ ဖြစ်နေပြီး ပြည်သူတွေအနေနဲ့ သဘာဝဘေးနဲ့ စစ်ဘေးကို တပြိုင်ထဲ ခံစားနေရတဲ့အတွက် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ဖို့ လိုအပ်တာတွေ အဆက်မပြတ် လုပ်ဆောင်နေရတယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 17 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က
မြန်မာသတင်း

ဂန့်ဂေါနယ်မှာ လူငယ်တွေ ခရီးသွားလာခွင့် ပအဖနဲ့ ပကဖ ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 22 Views
မလိုက်နာဘဲ ဖမ်းမိရင် စစ်ပညာသင်တန်းတက်စေပြီး တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လိုဆို မေလ (၈)ရက်။ ဂန့်ဂေါမြိုနယ်မှာ အသက် (၁၈)နှစ်နဲ့ (၃၅)နှစ်ကြားရှိ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်ကို ပအဖနဲ့ ပကဖက ပိတ်ပင်ထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာကို
မြန်မာသတင်း

ကနီမှာ Star Link အင်တာနက်စက်တွေ ယာယီပိတ်သိမ်းဖို ညွှန်ကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ကနီမြိုနယ်မှာ Star Link အင်တာနက်စက်တွေကို ယာယီပိတ်သိမ်းထားဖို မြိုနယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ ကနီနယ်ထဲ စစ်ကောင်စီစစ်ကြောင်းတွေ ရွာစဉ်လှည် စစ်ကြောင်းထိုးနေကာ စစ်ရေးအရှိန်မြင့်တက်လာတာနဲ့အတူ လေကြောင်းတိုက်ခိုက်တာတွေ ပိုများလာပြီး လုံခြုံရေး အထူးသတိပြုရမယ့်အချိန်လို
မြန်မာသတင်း

ဖာပွန်ခရိုင်မှာ သိန်း(၅၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ဖာပွန်ခရိုင်မှာ သိန်း(၄၉၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က သံလွင်မြစ်ထဲ လှေတစီးနဲ့ ဆီပုံးတွေ အသွင်ယူကာ တရားမဝင်
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 35 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းရွာထဲ ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စကစဘက်က (၂)ဦးသေပြီး