နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

သာပေါင်းမြို့နယ်စခန်းမှူး စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီးသေဆုံး၊ ပစ်ခတ်ခံရတာကြောင့် ရဲနဲ့နယ်ထိန်းတွေ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ကြ

ဇန်နဝါရီလ (၂၉)ရက်။

မနေ့က ညနေပိုင်းက လူမှုကူညီရေးအဖွဲ့ကားနဲ့ ရိက္ခာသွားပို့တဲ့ သာပေါင်းမြို့နယ်စခန်းမှူး ရဲမှူး ဝင်းနိုင်ဦး စနိုက်ဘာကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ စခန်းမှူး ရဲမှူးဝင်းနိုင်ဦးနဲ့ ရခတွေ နယ်ထိန်းတွေက ပရဟိတကားနဲ့ ကျားခေါင်းကို ရိက္ခာပို့သွားတဲ့အချိန် မြို့နယ်စခန်းမှူးက စနိုက်ဘာထိသွားတာ။ စနိုက်ဘာလ လည်ပင်းထိမှန်ပြီး နေရာမှာပဲသေသွားတယ်” လို့ ဆိုပါတယ်။

သာပေါင်းမြို့နယ်စခန်းမှူး ရဲမှူး ဝင်းနိုင်ဦးဟာ ကျားခေါက်းဘက်ကို ရိက္ခာပို့သွားချိန် လည်ပင်းကို စနိုက်ဘာကျည်ထိမှန်ပြီး သေဆုံးခဲ့ကာ အလောင်းကို သူ့ရဲ့ဇာတိဖြစ်တဲ့ လက်ပံကွင်းကို ပြန်လည်သယ်ယူသွားတယ်လို့ သိရပါတယ်။

စနိုက်ဘာနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ စခန်းမှူးဘေးမှာရှိတဲ့ ပရဟိတကားသမား ကြောက်လန့်ပြီး သတိလစ်သွားသလို ကားပေါ်ပါတဲ့ ရဲတွေနဲ့ နယ်ထိန်းတွေ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုထွက်ပြေးသူတွေထဲ “ ငါသေမှ ငါ့စခန်းရမယ်” လို့ အမြဲကြွေးကြော်နေတဲ့ ကွက်ပြင်နယ်ထိန်း တိမ်ပျံဆိုသူဟာ ဖြစ်စဉ်ကြောင့် ရှေ့ဆုံးကနေထွက်ပြေးသူတွေထဲ တစ်ဦးအပါအဝင်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အခုလို သာပေါင်းမြို့နယ်စခန်းမှူး ရဲမှူး ဝင်းနိုင်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့အပေါ် ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကို မသိရသေးသလို စစ်ကောင်စီဘက်ကလဲ ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဟုမ္မလင်းအခြေစိုက် ခမရ(၃၆၉)တပ်ရင်းက စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 1 Views
ဇန်နဝါရီလ (၃၀)ရက်။ ဒီကနေ့ နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုဂ်၊ ဟုမ္မလင်းမြို့အခြေစိုက် ခမရ(၃၆၉)က စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာခဲ့တယ်လို့ Earthquake People’s Defense
မြန်မာသတင်း

ချောင်းသာမြို့နယ်ခွဲက အုပ်ချုပ်ရေးမှူးတွေကို စစ်ပညာသင်တန်းပေးဖို့ စစ်ကောင်စီ စီစဉ်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 1 Views
ဇန်နဝါရီလ (၃၀)ရက်။ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့နယ်ခွဲက အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက အခြေခံစစ်ပညာသင်တန်းပေးဖို့ စီစဉ်နေတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ ချောင်းသာမြို့နယ်ခွဲက ရပ်/ကျေးအုပ်ချုပ်ရေးမှူတွေကို
မြန်မာသတင်း

သတိပေးစာကို ဂရုမစိုက်ဘဲ PDF တွေ သေချင်လာခဲ့လို့ ကြွေးကြော်တဲ့ ပျူစောထီးခေါင်းဆောင် ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 1 Views
ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၂၇)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ကော့သောင်းမြို့ အော်ကြီးရွာအုပ်စုရှိ ဟက်စဒင်းရွာက ပျူစောထီးခေါင်းဆောင် ခေါင်းဖြူ(ခ)ဦးမြင့်ဆွေကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက အသက်(၅၀)ကျော်ပြီ၊ စကစအားကိုးနဲ့ ပြည်သူကို
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီက ပြည်သူ (၁၀၀)ခန့်ကို အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 1 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က နံနက် (၉)နာရီခွဲအချိန်ကစပြီး ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ် ရပ်ကွက်တွေရှိ ပြည်သူ (၁၀၀)ခန့်ကို စစ်ကောင်စီက အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ မနေ့က နံနက်ပိုင်းကစပြီး ဇီးကုန်းမြို့ပေါ်က ရပ်ကွက်တွေကို
မြန်မာသတင်း

အမေရိကန်ရဲ့ ထောက်ပံ့တာတွေ ဆိုင်းငံ့တဲ့အပေါ် ပြန်ရအောင် ဆောင်ရွက်မယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 1 Views
ဇန်နဝါရီလ (၃၀)ရက်။ မြန်မာအတွက် ထောက်ပံ့ကူညီတာတွေက အမေရိကန်အနေနဲ့ လုပ်သင့်တဲ့ ဦးစားပေးဆိုတာကို ဆက်သွယ်ပြောဆိုသွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ မြန်မာပြည်အရေးနဲ့ပတ်သက်လို့ ထောက်ပံ့တာတွေက အမေရိကန်ပြည်ထောင်စုအတွက် လုပ်သင့်လုပ်ထိုက်တဲ့
မြန်မာသတင်း

ကျားဖြူစစ်ကြောင်းနဲ့ ဂဋ္ဌုန်စစ်ကြောင်းတို့ MOD ကနေနှုတ်ထွက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 1 Views
ဇန်နဝါရီလ (၃၀)ရက်။ တောင်ပိုင်းစစ်ဒေသခွဲ(၃)ရှိ ကျားဖြူစစ်ကြောင်းနဲ့ ဂဋ္ဌုန်စစ်ကြောင်းတို့ဟာ PDF တပ်ရင်း/တပ်ဖွဲ့တွေအဖြစ်ကနေ နှုတ်ထွက်သွားပြီလို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဂဋ္ဌာန်စစ်ကြောင်း(P29908)နဲ့ ဂဋ္ဌုန်စစ်ကြောင်း(P29909)တို့ဟာ နှုတ်ထွက်သွားတာကြောင့် NUG ကာကွယ်ရေးဝန်ကြီးရဲ့ ကွက်ကဲမှုအောက်မှာ မရှိတော့ဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်နိုင်ငံက အလိုရှိနေသည့် ထိုင်းနိုင်ငံက ဖမ်းဆီးထားသည့် လောင်းကစားသူဌေးကြီးကို ညှင်းပန်းနှိပ်စက်သည်ဟု စွပ်စွဲမှုကို ထိုင်းအစိုးရ ငြင်းဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 3 Views
ဇန်နဝါရီလ (၂၈) ရက်။ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် တောင်းဆိုခံထားရသည့် အရှေ့တောင်အာရှတွင် တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် လောင်းကစားသူဌေးကြီးတစ်ဦးအားထိုင်းနိုင်ငံတွင် ဖမ်းဆီးချုပ် နှောင်ခံထားရစဥ် ညှင်းပန်းနှိပ်စက်ခဲ့သည်ဟု စွပ်စွဲချက်ကို ထိုင်းနိုင်ငံမှ ငြင်းဆိုထားကြောင်း ထိုင်းနိုင်ငံတရားရေးဝန်ကြီးက အင်္ဂါနေ့တွင်
မြန်မာသတင်း

သာစည်ရွာ ရဲစခန်းကထွက်လာတဲ့ ပျူစောထီးနဲ့ ရဲတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 5 Views
ဇန်နဝါရီလ (၂၉)ရက်။ ဇန်နဝါရီလ (၂၆)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က မုံရွာမြို့ သာစည်ရွာ ရဲစခန်းကထွက်လာတဲ့ ပျုစောထီးနဲ့ ရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(ADPRA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သာစည်ရွာ ရဲစခန်းကနေထွက်လာတဲ့ စကစလက်အောက်ခံ ပျုစောထီးတွေနဲ့