နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သမ္မတအာဏာနှင့်ပတ်သက်၍ အစိုးရအဖွဲ့၏ သဘောထားကို လက်မခံဘဲ တရားသူကြီးများက ဆန့်ကျင်ခဲ့သဖြင့် ဗဟိုတရားရုံးချုပ်ကို ထရန့်အယူခံဝင်

++++++++++++++++++++++++++++

တရားသူကြီးများသည် သမ္မတအာဏာနှင့်ပတ်သက်၍ အစိုးရအဖွဲ့၏ သဘောထားကို လက်မခံဘဲ ဆန့်ကျင်ခဲ့သဖြင့် ထရန့်က ဗဟိုတရားရုံးချုပ်ဖက်သို့ ဦးလှည့်လျှောက်ထားခဲ့သည်။

ထရန့်အစိုးရသည် အဓိကကျသော အမှုသုံးခုအတွက် ဗဟိုတရားရုံးမှ အမြန်ဆုံး ဝင်ရောက်စွက်ဖက်ပေးရန် ကြိုးပမ်းနေသည်။

တရားရေးဌာနက ဖက်ဒရယ်တရားသူကြီးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အာဏာများကို အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲချက်ကို တရားရုံးချုပ်ထံ တင်သွင်းခဲ့ပြီး အောက်တရားရုံးများကလည်း ထရန့် အစိုးရ၏ သမ္မတအာဏာကို ထိန်းသိမ်းချုပ်တည်းမှု မရှိသည့်အမြင်အပေါ် ဝေဖန်ရှုတ်ချခဲ့သည်။

အလုပ်ထုတ်ခံရသည့် ဖက်ဒရယ်အလုပ်သမားထောင်ပေါင်းများစွာကို ပြန်လည်ခန့်အပ်ရန် အမိန့်ထုတ်ခံရသည့်ကိစ္စအပါအဝင် သမ္မတဒေါ်နယ်ထရန့်၏အစီအစဉ်ကို အနှောင့်အယှက် ဖြစ်စေသည့် အမှုသုံးခုအတွက် ဗဟိုတရားရုံးချုပ်က ကြားဝင်စွက်ဖက်ရန် ထရန့်အစိုးရက တောင်းဆိုခဲ့သည်။

၁၈ ရာစုစစ်အတွင်း ဥပဒေဖြစ်သည့် ရန်သူနိုင်ငံခြားသားအက်ဥပဒေ(Alien Enemies Act) ကို ထရန့်အစိုးရက အသုံးပြုပြီး ပြည်နှင်ဒဏ်ပေးမှုအပေါ် တရားသူကြီးတစ်ဦးက ယာယီဆိုင်းငံ့ထားလိုက်ခြင်းကြောင့် ထရန့်အစိုးရက ထိုအချက်ကို သောကြာနေ့က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တရားသူကြီးသည် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်လုပ်ဆောင်ခဲ့သည်ဟု အစိုးရရှေ့နေများက စောဒကတက်ကြပြီး ဖက်ဒရယ်တရားသူကြီးမှ ချမှတ်ထားသော တားမြစ်မိန့်များနှင့်ပတ်သက်ပြီးခုခံလျှောက်လဲရာတွင် သမတထရန့်၏ ဆောင်ရွက်နေသော အစီအစဥ်များကို သိမ်းကြုံးစိမ်ခေါ်မှုကို ဖြစ်စေခဲ့သည်ဟု ခြေပခဲ့ကြသည်။

ဗဟိုတရားရုံးချုပ်က ကြားဝင်စွက်ဖက်ရန် အုပ်ချုပ်ရေးက တောင်းဆိုသည့် တတိယမြောက် အမှုတွင်ထရန့် အရာရှိများက ရုတ်တရက် ဖျက်သိမ်းလိုက်သော ပညာရေးထောက်ပံ့ငွေ ဒေါ်လာသန်းပေါင်းများစွာ ပါဝင်သည်။

မက်ဆာချူးဆက်ပြည်နယ်ရှိ ဗဟိုတရားသူကြီးတစ်ဦးမှ ပညာရေးဌာနကို တရားလိုများက တရားဆွဲဆိုထားစဥ် ယာယီလစာထုတ်ပေးထားရန် အမိန့်ပေးခဲ့ပြီးနောက် အစိုးရအဖွဲ့မှ ဗဟိုတရားရုံးချုပ်အားအသနားခံစာ တင်သွင်းခဲ့ပြီး သမတရုံးမှ ကိုယ်ပိုင်ခန့်ထားသော မန်နေဂျာများ၏ ထောက်ပံ့ရေးနှင့် ငွေကြေးထုတ်ပေးခြင်းတို့အတွက် ဆုံးဖြတ်ချက်များကို ဖက်ဒရယ်တရားရုံးမှ ဝင်ရောက်စွက်ဖက်မှုသည် အခြေခံဥပဒေနှင့် မကိုက်ညီသောကြောင့် အမြန်ဆုံး အဆုံးသတ်ပေးရန် လျှောက်ထားခဲ့သည်။

ထရန့်၏ တရားရှုံးမှုသည် အယူခံတရားရုံးများအထိ ရောက်ရှိလာသည်။

++++++++++++++++++++++

ခရိုင်တရားရုံးအဆင့်တွင် ထရန့် အစိုးရကို အကြိမ်ကြိမ် စီရင်ချက်ချပြီးနောက် အစိုးရတရားရေးဌာနသည် အယူခံတရားရုံးများတွင်လည်း အောင်မြင်မှုများစွာ မရရှိခဲ့ပေ။

တရားသူကြီးများသည် ဂိုဏ်းဝင်များဖြစ်သည်ဟု စွပ်စွဲထားသည့် ဗင်နီဇွဲလားနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူများကို ပြည်နှင်ဒဏ်ပေးရန်အတွက် ၁၇၉၈ ရန်သူနိုင်ငံခြားသားများ အက်ဥပဒေ (1798 Alien Enemies Act) ကို ပြန်လည်သုံးသပ်ရန် တရားသူကြီးများတွင် အခွင့်အာဏာမရှိဟု ထရန့်၏ပြောကြားချက်ကို အမေရိကန် Circuit Court of D.C. မှ ပယ်ချခဲ့သည်။ ထိုသို့ ပြည်နှင်ဒဏ်ပေးခြင်းအား တရားသူကြီးတစ်ဦးမှ ယာယီတားမြစ် ပိတ်ပင်ထားခြင်းသည် ဆက်လက်တည်ရှိနေနိုင်သည်ဟု တရားသူကြီးသုံးဦးက ဆုံးဖြတ်ခဲ့သည်။

တနင်္လာနေ့က အမှုကြားနာမှုတွင် အယူခံတရားရုံး တရားသူကြီးတစ်ဦးဖြစ်သည့် ပက်ထရစ်ရှာမီလ်လက် (Patricia Millett) က အုပ်ချုပ်ရေးပိုင်းမှ ပြည်နှင်ဒဏ်ခံရသူများအား အယ်လ်ဆာဗေးဒေါအကျဉ်းထောင်သို့ မပို့ဆောင်မီ ၎င်းတို့သည် ဂိုဏ်းနှင့် ဆက်နွှယ်နေသည့် စွပ်စွဲချက်များကို စိန်ခေါ်ရန် အစိုးရအုပ်ချုပ်ရေးမှ ခွင့်မပြုခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ထိုရန်သူနိုင်ငံခြားသားများ အက်ဥပဒေကို နောက်ဆုံးအကြိမ် သုံးနှုန်းခဲ့သည့်အခါ “နာဇီများသည်ပင် ယခုထက် ပိုမိုကောင်းမွန်သော ဆက်ဆံမှုကို ရရှိခဲ့သည်” ဟု မီလ်လက်က ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က အမေရိကန် အယူခံတရားရုံး (U.S. Circuit Court of Appeals) တွင် တရားသူကြီးများသည် အလုပ်ထုတ်ခံရသော အစမ်းခန့်ဝန်ထမ်းထောင်ပေါင်းများစွာကို ပြန်လည်ခန့်အပ်ရန် အမိန့်ပေးထားခြင်းကို ပယ်ဖျက်ရန် အယူခံဝင်မှုကို ပယ်ချခဲ့သည်။

စီရင်ချက်နှစ်ခုစလုံးသည် ၂-၁ ဆုံးဖြတ်ချက်များဖြစ်ပြီး အမှုတစ်ခုစီတွင် ကန့်ကွက်သည့်တရားသူကြီးသည် ထရန့်၏ ပထမသက်တမ်းတွင် ခန့်အပ်ခံရသူဖြစ်သည်။ ဆိုလိုသည်မှာ ထရန့်၏ ပထမသက်တမ်းတွင် ထရန့်ခန့်အပ်ထားသည့် တရားသူကြီးက ထရန့်ကို ထောက်ခံခဲ့သည်။

တစ်ချိန်တည်းတွင် ပထမအမေရိကန်အယူခံတရားရုံး (1st U.S. Circuit Court of Appeals) သည် ဖက်ဒရယ်ရန်ပုံငွေတစ်စစ်တစ်ပိုင်းကို ရပ်ဆိုင်းထားသည့် တရားရုံးအမိန့်ကို ပယ်ဖျက်ရန် ထရန့်အစိုးရ၏ အယူခံဝင်မှုကို ငြင်းဆိုခဲ့သည်။ ၃-၀ ဖြင့် ပယ်ချခဲ့သည်။

ထရန့်အစိုးရသည် တရားစွဲဆိုမှုတစ်ခုတွင် အနိုင်ရခဲ့သည်။ DC အယူခံတရားရုံးသည် ကေသီဟဲရစ် (Cathy Harris) အား အလုပ်သမားကာကွယ်ရေးဘုတ်အဖွဲ့ (Merit Systems Protection Board) နှင့် ဂွင်းနီ ဝီလ်ကော့စ် (Gwynne Wilcox) အား အမျိုးသားအလုပ်သမားဆက်ဆံရေးဘုတ်အဖွဲ့ (National Labor Relations Board) သို့ ပြန်လည်ခန့်အပ်ခဲ့သော အောက်တရားရုံးစီရင်ချက်နှစ်ခုကို ခေတ္တဆိုင်းငံ့ထားလိုက်သည်။ ၎င်းတို့နှစ်ဦးစလုံးကို ရာထူးမှ ထုတ်ပယ်ရန် ထရန့်က ညွှန်ကြားထားသည်။

လိင်ပြောင်းထားသူများကို စစ်တပ်က ပိတ်ပင်ထားခြင်းကို နှစ်ကြိမ်တိုင် တားဆီးခံလိုက်ရသည်။

++++++++++++++++++

မတူညီသော ပြည်နယ်နှစ်ခုရှိ ဖက်ဒရယ်တရားသူကြီးများသည် ကာကွယ်ရေးဝန်ကြီးဌာနမှ လိင်ပြောင်းထားသည့်ဝန်ထမ်းများအား စစ်မှုထမ်းခြင်းမှ ထိရောက်စွာ တားမြစ်မည့် လမ်းညွှန်ချက်အသစ် အကောင်အထည်ဖော်ခြင်းကို တားမြစ်သည့် စီရင်ထုံးများကို ထုတ်ပြန်ခဲ့သည်။

May be an image of 1 person, the Oval Office and text that says 'CNN CNN WHITE HOUSE MARCH 20 TESD TUEBO TRIBUN'

See insights and ads

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ F-15E ၏ လေယာဉ်မှူးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံအတွင်း ပျောက်ဆုံးနေသော အမေရိကန် လေယာဉ် အမှုထမ်းကို ရှာဖွေရာတွင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ‘ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော’ အခြေအနေများနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ရန်သူ့နယ်မြေအတွင်း ပျက်ကျသွားသော လေယာဉ်အမှုထမ်းများကို ပြန်လည်ကယ်တင်ရန် အမေရိကန်လေတပ်မှ Pararescue (လေထီးခုန်ကယ်ဆယ်ရေး) တပ်ဖွဲ့ဝင်များသည် အထူးလေ့ကျင့်ထားကြသူများဖြစ်သည်။ အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသည့် အမေရိကန် F-15
ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 26 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းဆိုမှု၏ အစိတ်အပိုင်းအဖြစ် ကာကွယ်ရေးအတွက် ခန့်မှန်းခြေ