ဧပြီလ (၂၉)ရက်။
ဧပြီလ (၂၆)ရက်နေ့က တောင်သာမြို့နယ်ထဲရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ တောင်သာမြို့ထဲက အကြမ်းဖက်စကစတပ်ရဲ့ ရဲတပ်သားတစ်ဦးက MBT တပ်ဖွဲ့ထံ ဆက်သွယ်ပူးပေါင်းပြီး လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တာပါ။ အခုလို ပူးပေါင်းချိတ်ဆက်တာအတွက် အထူး ဝမ်းမြောက်ဂုဏ်ယူကြိုဆိုပါတယ်” လို့ ဆိုပါတယ်။
လက်နက်နဲ့အတူ ပူးပေါင်းလာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေတွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခုလို ပူးပေါင်းချိတ်ဆက်လာတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူကြိုဆိုတယ်လို့ MBT က ဖော်ပြထားပါတယ်။
အခုလို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်မှာနေပြီး ပြည်သူတွေအပေါ် အကြမ်းဖက်တာတွေကို ရပ်တန့်ကာ လာရောက်ပူးပေါင်းကြဖို့ MBT ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

