နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

စစ်သင်္ဘော ရေချမှု မအောင်မြင်ခဲ့မှုကြောင့် တာဝန်ရှိသူ လေးဦးကို မြောက်ကိုရီးယား ဖမ်းဆီး

မေလ (၂၆) ရက်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း၏ နောက်ဆုံးပေါ် စစ်သင်္ဘောတစ်စင်းသည် ဘေးတစောင်း လဲလျောင်းနေပြီး တစ်စိတ်တစ်ပိုင်း နစ်မြုပ်သွားခဲ့သော မတော်တဆမှုအတွက် သင်္ဘောကျင်းတစ်ခုတွင် တာဝန်ရှိသည်ဟု ဆိုကာ လူလေးဦးကို မြောက်ကိုရီးယားက ဖမ်းဆီးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ဖမ်းဆီးခံရသူ လေးဦးတွင် ပါတီဗဟိုကော်မတီ လက်နက်ခဲယမ်းလုပ်ငန်းဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး Ri Hyung Son လည်း အပါအဝင်ဖြစ်ပြီး “ပြင်းထန်သော မတော်တဆမှု ဖြစ်ပွားမှုအတွက် များစွာ တာဝန်ရှိသည်” ဟု ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) မှ တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

မတော်တဆမှုဖြစ်ပွားခဲ့သည့် ချောင်းဂျင်း(Chongjin) သင်္ဘောကျင်း၏ အင်ဂျင်နီယာချုပ် ကန် ဂျောင်ချိုလ် (Kang Jong Chol)၊ သင်္ဘောကိုယ်ထည်တည်ဆောက်ရေး အလုပ်ရုံအကြီးအကဲ ဟန်ကရောင်း ဟပ်ခ် (Han Kyong Hak) နှင့် စီမံခန့်ခွဲရေးဆိုင်ရာ လက်ထောက်မန်နေဂျာ ကင်မ် ယောင်ဟပ်ခ် (Kim Yong Hak) တို့ကို ထိန်းသိမ်းထားကြောင်း KCNA က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ကင်မ်သည် ပြီးခဲ့သည့် သီတင်းပတ်က မျက်မြင်တွေ့ရှိခဲ့သည့် အပျက်အစီးဖြစ်စေသည့် သင်္ဘောရေချမှုကို “ရာဇ၀တ်မှုတစ်ခု” ဟု ခေါ်ပြီး တာဝန်ရှိသူများကို အပြစ်ပေးမည်ဟု ကတိပြုခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မတော်တဆမှုတွင် အမည်မဖော်လိုသည့် တန် ၅၀၀၀ လေးသော ဖျက်သင်္ဘော၏ ပဲ့ပိုင်းသည် ရေထဲသို့ စောလျင်စွာ ချော်ကျကာလဲသွားပြီး သင်္ဘောကိုယ်ထည်၏ အစိတ်အပိုင်းတချို့ကို ကြေမွသွားကာ သင်္ဘောဦးခေါင်းကို သင်္ဘောရေချလမ်းကြောင်း ပေါ်တွင် တင်နေစေခဲ့ကြောင်း KCNA က ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

စစ်သင်္ဘော၏ ပျက်စီးမှုသည် မြောက်ကိုရီးယား၏ ကနဦးခန့်မှန်းချက်ထက် နည်းပါးကြောင်း နိုင်ငံပိုင်မီဒီယာက သောကြာနေ့တွင် ဖော်ပြခဲ့ပြီး သင်္ဘောကိုယ်ထည်တွင် အပေါက်များ မရှိခဲ့ကြောင်း၊ ကိုယ်ထည်ဖက်ခြမ်းတွင် ခြစ်မိကြောင်း ပြောကြားခဲ့သည်။ “ပင်လယ်ရေများ ပဲ့ပိုင်းသို့ စီးဝင်လာသည်” ဟုလည်း ၎င်းက ဆိုသည်။

အကဲခတ်များက ပြုပြင်ရန် ၁၀ ရက်ခန့် ကြာနိုင်သည်ဟု အစီရင်ခံစာက ဆိုသည်။

ဇွန်လနှောင်းပိုင်း အာဏာရ အလုပ်သမားပါတီ မျက်နှာစုံညီ အစည်းအဝေး မတိုင်မီ ဖျက်သင်္ဘောကို ပြန်လည်ထိန်းသိမ်းရန် ကင်မ်က အမိန့်ပေးခဲ့ပြီး ယင်းကိစ္စကို နိုင်ငံတော်၏ ဂုဏ်ယူစရာတစ်ခုဟု ခေါ်ဆိုခဲ့သည်။

ရွက်ဖျင်အဖုံးအကာများ

ဂြိုလ်တုပုံရိပ်များသည်ရေချရာနေရာရှိ သင်္ဘောကိုယ်ထည်ကိုအပြာရောင် ရွက်ဖျင် အဖုံး အကာများဖြင့် ဖုံးအုပ်ထားသော စစ်သင်္ဘောနေရာအများစုကိုတွေ့ရှိရပြီး ကျွမ်းကျင်သူများ ကို ထိခိုက်ပျက်စီးမှု အတိုင်းအတာ အပြည့်အစုံကို ဆုံးဖြတ်ရန် ခက်ခဲစေသည်။

သို့သော် အမေရိကန်ရေတပ်ကပ္ပတိန်ဟောင်းဖြစ်သူ ကားလ် ရှုစတာ(Carl Schuster) က ပြုပြင်ရေးလုပ်ငန်းများသည် ကင်မ်၏ ဇွန်လပစ်မှတ်ထက် ကျော်လွန်ပြီး ခြောက်လအထိ ကြာနိုင်သည်ဟု ဆိုသည်။

“ သင်္ဘောကိုယ်ထည် ပျက်စီးသွားရင်တော့ သင်္ဘောဆိပ်ကမ်းဘက်ခြမ်းက ရွက်ဖျင် အဖုံးအကာများဖုံးထားတဲ့နေရာကို ပြုပြင်ဖို့ လေးလကနေ ခြောက်လလောက်အထိ စောင့်ရနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရှုစတာ (Schuster) ၏ အဆိုအရ စစ်သင်္ဘောထဲသို့ ဝင်ရောက်လာသော ပင်လယ်ရေ ပမာဏ ပေါ်မူတည်၍ ပြုပြင်မှုများသည် ရှုပ်ထွေးနိုင်သည်။

သင်္ဘောအတွင်းပိုင်းကို ရေချိုဖြင့် သေချာစွာဆေးကြောပြီး သတ္တုမျက်နှာပြင်များပေါ်တွင် ဆားငန်များဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန် အခြောက်ခံရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

ရှုစတာက “ ဒါဟာအဆစ်အပိုင်းများနှင့် အရာများထဲသို့ဝင်လျှင် ၎င်းသည်ပျက်စီးခြင်း ဖြစ်လာသည်” ဟု ဆိုသည်။

သို့သော်ပထမ သင်္ဘောကိုတည့်မတ်ရန်လိုပြီးနောက်မှ ပြုပြင်ရန်ရှိသည့် သင်္ဘောကိုယ်ထည်ရှိ အပေါက်များကို ဖာထေးသည့်အချိန်အထိ ရေစုပ်ထုတ် ခြင်းလုပ်ငန်းကို မစနိုင်သေးကြောင်း ၎င်းက ပြောသည်။

“စစ်သင်္ဘောရဲ့ ဟန်ချက်ညီမှုကို အပြည့်အဝ ပြန်လည်ရရှိရေး လုပ်ငန်းကို တက်ကြွစွာ လုပ်ဆောင်နေတယ်” ဟု KCNA က တနင်္လာနေ့တွင် ဖော်ပြခဲ့သော်လည်း အချိန်ဇယားကိုမူ မဖော်ပြခဲ့ပေ။

တနင်္ဂနွေနေ့က ရိုက်ကူးခဲ့သော Maxar Technologies မှ ဂြိုလ်တုပုံများ CNN သို့ ပေးပို့သော သင်္ဘောသည် ဘေးစောင်းအနေထားရှိနေပြီး ၎င်းအနီးတစ်ဝိုက်တွင် လှေငယ်များ ဝိုင်းအုံနေကာ အပြာရောင် ရွက်ဖျင်ရှည်များဖြင့် ဖုံးအုပ်ထားဆဲဖြစ်ကြောင်း ပြသခဲ့သည်။

သင်္ဘောကို အလျင်အမြန်ရေချခြင်းသည် ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ရသည့် ပြဿနာများကို ဖြစ်စေနိုင်ပြီး အလျင်အမြန် ပြုပြင်မှုများသည် ပြဿနာများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း တောင်ကိုရီးယား လွှတ်တော်အမတ်နှင့် ကာကွယ်ရေး လေ့လာသုံးသပ်သူ ယူယောင်းဝဲအွန် (Yu Yong-weon) က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။

ကင်မ်အစိုးရအတွက် စစ်ရေးတန်ဖိုးထက် အများအမြင်က ပိုအရေးကြီးတယ်လို့ တွေးခေါ်မှုမှာ ရှုစတာက မြင်ပါသည်။

ကင်ဂျုံအွန် က ‘ဒီသင်္ဘောကို ခြောက်လအတွင်း ပြီးစီးစေချင်တယ်’ လို့ ပြောရင် အဲဒါကို ဖြစ်မြောက်အောင်လုပ်ဖို့ ဖြတ်လမ်းနည်းတွေ သုံးကြလိမ့်မယ်။ ပြီးတော့ ပုံမှန်မဟုတ်တဲ့ နည်းနဲ့ သင်္ဘောကိုလိုက်လုပ်တဲ့အခါ၊ အမှန်တကယ် အလုပ်လုပ်မဲ့ အသင့်တော်ဆုံး ဖြစ်လာတဲ့သင်္ဘောလို့ ပြောလို့ရမလား။ ဒါပေမဲ့ ဒါဟာဝါဒဖြန့်ချီရေးမှာတော့ အသုံးဝင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ပို့ကုန်ဝင်ငွေများ မြင့်တက်နေချိန်တွင် ၎င်း၏ ရေနံလုပ်ငန်းအပေါ် ယူကရိန်းက တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 176 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မော်စကိုအစိုးရသည် ရေနံစိမ်းစျေးနှုန်း မြင့်တက်လာခြင်းနှင့် အချို့သော ပိတ်ဆို့ အရေးယူမှုများ လျှော့ချခံရခြင်းတို့ကြောင့် အကျိုးအမြတ်များ ရရှိနေစဉ်အတွင်း ယူကရိန်းစစ်တပ်သည် ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 274 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် သမ္မတ ဒေါ်နယ်ထရန့် မျှဝေခဲ့သည့် မကြာသေးမီက ဗီဒီယိုမှာ အီရန်နိုင်ငံ