နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဒေါ်နယ်ထရန့်နှင့် ဇယ်လန်းစကီးတို့ ယုံကြည်မှုရှိနေပုံရသော်လည်း ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထူးခြားသည့် တိုးတက်မှုများ မရှိသေးပါ။

CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၉ရက်

သမ္မတ ဒေါ်နယ်ထရန့်သည် ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေအပေါ် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သော်လည်း၊ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီး နှင့် တွေ့ဆုံပြီးနောက် အဆိုပါဆွေးနွေးပွဲများသည် အလွန်ရှုပ်ထွေးနေဆဲဖြစ်ကြောင်းနှင့် မည်သည့်အချိန်တွင် အဖြေထွက်မည်ဆိုသည့် တိကျသော အချိန်ဇယားကို ထုတ်ဖော် ပြောဆိုရန် ငြင်းဆိုခဲ့သည်။ ဖလော်ရီဒါပြည်နယ်၊ West Palm Beach မှ CNN သတင်းထောက် ကဲဗင် လစ်ပ်တက်(Kevin Liptak) က သတင်းပေးပို့ထားခြင်း ဖြစ်သည်။

ယနေ့ သုံးနာရီကျော်ကြာ ဆွေးနွေးခဲ့ပြီးနောက် ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ နှစ်ဦးစလုံးသည် ရုရှားက စတင်ခဲ့သော ပဋိပက္ခကို အဆုံးသတ်ရန် ကြိုးပမ်းမှုတွင် မည်သည့် ထူးခြားသည့် တိုးတက်မှုကိုမျှ ကြေညာခြင်း မရှိခဲ့ကြပေ။ လုပ်ငန်းစဉ်မှာ ရှုပ်ထွေးပြီး အချိန်ယူရဦးမည်ဖြစ်ကြောင်း နှစ်ဦးစလုံးက အလေးပေးပြောကြားခဲ့သည်။

သို့သော် ယခင်တွေ့ဆုံမှုများနှင့်မတူဘဲ ထရန့်သည် ဇယ်လန်းစကီးကို ချီးမွမ်းခဲ့ပြီး ငြိမ်းချမ်းရေးရရှိရန် နီးကပ်နေပြီဟု ယုံကြည်မှုရှိနေခဲ့သည်။

ယနေ့ ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ တွေ့ဆုံပွဲမှ အဓိကအချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

စစ်ပွဲသည် ပြီးဆုံးသွားမည် သို့မဟုတ် အကန့်အသတ်မရှိ ဆက်ဖြစ်နေမည် – ထရန့်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် စိတ်ထဲတွင် သတ်မှတ်ထားသည့် အချိန်ကာလ မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သော်လည်း၊ ယခုအချိန်သည် ပဋိပက္ခကို အဆုံးသတ်ရန် အသင့်တော်ဆုံး အချိန် ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

ပူတင် မရှိသော်လည်း မေ့ထား၍မရ – ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် Palm Beach သို့ လာရောက်ခြင်း မရှိခဲ့ပါ။ သို့သော် ထရန့်သည် ဇယ်လန်းစကီးနှင့် မတွေ့ဆုံမီ ရုရှားခေါင်းဆောင် နှင့် ဖုန်းဖြင့် တစ်နာရီကျော်ကြာ စကားပြောဆိုခဲ့သည်။ ထို့အပြင် ဇယ်လန်းစကီးနှင့် တွေ့ဆုံပြီးနောက် ပူတင်နှင့် ထပ်မံစကားပြောဦးမည်ဟုလည်း ထရန့်က ဆိုသည်။

နောက်ဆုံး ကျန်ရှိနေသော ၁၀ ရာခိုင်နှုန်း – တွေ့ဆုံပွဲမစမီ ဇယ်လန်းစကီးက ငြိမ်းချမ်းရေး အစီအစဉ်၏ စည်းကမ်းချက် ၉၀ ရာခိုင်နှုန်းကို သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံမှုအပြီးတွင်လည်း ဇယ်လန်းစကီးက ထိုကိန်းဂဏန်းကိုပင် ထပ်မံသုံးနှုန်းခဲ့သော်လည်း၊ ထရန့်ကမူ သူသည် ရာခိုင်နှုန်းများ သုံးနှုန်းခြင်းကို မနှစ်သက် ကြောင်း ပြောဆိုခဲ့သည်။ အဓိက အကျပ်ရိုက်နေသည့် အချက်များထဲတွင် ဇာပိုရီရှား (Zaporizhzhia) နူကလီးယားစက်ရုံ၏ ကံကြမ္မာနှင့် နယ်မြေပေးအပ်ရမည့် ကိစ္စရပ်များ ပါဝင်နေသည်။

ရှုပ်ထွေးသော ဆက်ဆံရေး – ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပထမဆုံးအကြိမ် စိတ်ပျက်ဖွယ်ရာ တွေ့ဆုံမှု ဖြစ်ပွားခဲ့ပြီးနောက်၊ ထရန့်၏ ဒုတိယသက်တမ်းအတွင်း ၎င်းတို့နှစ်ဦး တွေ့ဆုံမှုတိုင်း၏ အမူအရာနှင့် လေယူလေသိမ်းကို လူအများက စောင့်ကြည့် နေကြသည်။ Palm Beach ရှိ နေအိမ်တွင် ဇယ်လန်းစကီးကို ကြိုဆိုစဉ် ထရန့်က ချီးကျူး စကားများ ပြောကြားခဲ့ပြီး၊ ဇယ်လန်းစကီးကလည်း ၎င်း၏ ပြောကြားချက်များကို ထရန့်အား ကျေးဇူးတင်စကားဖြင့် စတင်ပြီး ကျေးဇူးတင်စကားဖြင့်ပင် နိဂုံးချုပ်ခဲ့သည်။

ရုရှား၏ အပြင်းအထန် တိုက်ခိုက်မှု – အမေရိကန်၏ ယခု သံတမန်ရေးရာ လှုပ်ရှားမှုများသည် ကိဗ်မြို့ (Kyiv) အပေါ် ရုရှား၏ ယခုနှစ်အတွင်း အရှည်ကြာဆုံး တိုက်ခိုက်မှုအပြီးတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ပြီး၊ အေးခဲနေသော ရာသီဥတုကြားတွင် မြို့တော်ရှိ လူအများအပြား နေအိမ်များတွင် အပူပေးစနစ် မရရှိဘဲ ဖြစ်နေခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 33 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်
ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 36 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်၏
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 49 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

၂၀၂၅ ခုနှစ်အတွင်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသော နေရာများမှ ယူကရိန်းအရပ်သား ၂,၅၀၀ ကျော် သေဆုံးခဲ့ရသည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၅ရက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း၊ ၂၀၂၅ ခုနှစ်သည် ယူကရိန်းအရပ်သားများအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့ရပြီး လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် ထုတ်ဖော်ပြောကြားချက်အရ စစ်သည် ၂ သိန်း တပ်ပြေးနေပြီး ၂ သန်းခန့်မှာ စစ်မှုထမ်းရန် ရှောင်တိမ်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 36 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ယူကရိန်းနိုင်ငံ၏ စစ်သည်အင်အား ၂ သိန်းခန့်မှာ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာနေရာများမှ စွန့်ခွာသွားခြင်း (AWOL) သို့မဟုတ် တပ်ပြေးဖြစ်နေသည်ဟု ခန့်မှန်းရကြောင်း ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် မိုင်ခေလို ဖယ်ဒိုရော့ဗ် (Mykhailo Fedorov)