နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အမေရိကန်မှာ ခရီးသည်တင်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်နှင့် တိုက်မိ

ဇန်နဝါရီလ (၃၀) ရက်။

ဇန်နဝါရီလ ၂၉ ရက် ဗုဒ္ဓဟူးနေ့ည ၉နာရီခန့်မှာ ဝါရှင်တန်၊ ရော်နယ်ရီဂင်လေဆိပ်ကို ခရီးသည်လေယာဉ်ဆင်းသက်စဉ် စစ်တရဟတ်ယာဉ်တစ်စီးနဲ့တိုက်မိပြီး နှစ်စီးစလုံး ပိုတိုမက်စ်မြစ်ထဲပျက်ကျသွားခဲ့ရပါတယ်။

အမေရိကန်လေကြောင်းလေယာဉ်နဲ့အတူ ခရီးသည် ၆၀ ဦးနှင့် လေယာဉ်အမှုထမ်းလေးဦး လိုက်ပါလာခဲ့ကြပြီး စစ်ရဟတ်ယာဉ်မှာတော့ စစ်သား ၃ ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ရေထဲကနေ အလောင်း အများအပြား ဆယ်ယူရရှိခဲ့ပေမယ့် အခုတိုင် အသက်ရှင်သူမတွေ့ရသေးဘူးလို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

အဲ့ဒီမတော်တဆဖြစ်ပွားမှုမှာ ခရီးသည်တင် လေယာဉ်ပေါ်မှာ အမေရိကန်နဲ့ ရုရှားစကိတ်စီး အားကစားသမားတွေ စီးနင်းလာတယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုရေခဲပြင်စကိတ်စီးအသင်းက “ ရဟတ်ယာဉ်နဲ့ တိုက်မှုမှာ ပါဝင်ခဲ့တဲ့ အမေရိကန်လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၅၃၄၂ မှာ စကိတ်စီးသူ အများအပြားပါဝင်သွားတယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။

ကန်းဆပ်ပြည်နယ် ဝီချီတာမြို့မှာ ကျင်းပတဲ့ အမေရိကန်ပြည်ထောင်စုရေခဲပြင်စကိတ်စီးပြိုင်ပွဲနဲ့အတူ ပြုလုပ်ခဲ့တဲ့ မွန်းမံလေ့ကျင့်ရေးကနေပြန်လာတာလို့ သိရပါတယ်။

“ ကျွန်ုပ်တို့ ဒီအဖြစ်ဆိုးကြောင့် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲခဲ့ရပြီး သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေအတွက် နှလုံးသားထဲကနေ ဆုတောင်းပေးနေပါတယ်။” လို့ အမေရိကန်ပြည်ထောင်စုရေခဲပြင်စကိတ်စီးအသင်းက မှတ်ချက်ပြုထားပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံ TASS သတင်းဌာနကလည်း စကိတ်သမားတွေနဲ့အတူ နည်းပြတွေဖြစ်တဲ့ Vadim Naumov နဲ့ Evgenia Shishkova တို့လည်း လေယာဉ်ပေါ်မှာ လိုက်ပါခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးဟာ အိမ်ထောင်ရှင်စုံတွဲဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ ကမ္ဘာ့ရေခဲပြင်စကိတ်စီးစုံတွဲပွဲစဉ်မှာ ချန်ပီယံဆုကိုရရှိခဲ့ပြီး မကြာသေးမီနှစ်တွေအတွင်း အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ရင်း လူငယ်စကိတ်သမားတွေကို လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။ သူတို့ရဲ့ သားနှစ်ယောက်လည်း လေယာဉ်ပေါ်ပါသွားနိုင်တယ်လို့ ရုရှားသတင်းမီဒီယာတွေက ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 35 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 41 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 43 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 49 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 54 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်