နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အမေရိကန်မှာ ခရီးသည်တင်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်နှင့် တိုက်မိ

ဇန်နဝါရီလ (၃၀) ရက်။

ဇန်နဝါရီလ ၂၉ ရက် ဗုဒ္ဓဟူးနေ့ည ၉နာရီခန့်မှာ ဝါရှင်တန်၊ ရော်နယ်ရီဂင်လေဆိပ်ကို ခရီးသည်လေယာဉ်ဆင်းသက်စဉ် စစ်တရဟတ်ယာဉ်တစ်စီးနဲ့တိုက်မိပြီး နှစ်စီးစလုံး ပိုတိုမက်စ်မြစ်ထဲပျက်ကျသွားခဲ့ရပါတယ်။

အမေရိကန်လေကြောင်းလေယာဉ်နဲ့အတူ ခရီးသည် ၆၀ ဦးနှင့် လေယာဉ်အမှုထမ်းလေးဦး လိုက်ပါလာခဲ့ကြပြီး စစ်ရဟတ်ယာဉ်မှာတော့ စစ်သား ၃ ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ရေထဲကနေ အလောင်း အများအပြား ဆယ်ယူရရှိခဲ့ပေမယ့် အခုတိုင် အသက်ရှင်သူမတွေ့ရသေးဘူးလို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

အဲ့ဒီမတော်တဆဖြစ်ပွားမှုမှာ ခရီးသည်တင် လေယာဉ်ပေါ်မှာ အမေရိကန်နဲ့ ရုရှားစကိတ်စီး အားကစားသမားတွေ စီးနင်းလာတယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုရေခဲပြင်စကိတ်စီးအသင်းက “ ရဟတ်ယာဉ်နဲ့ တိုက်မှုမှာ ပါဝင်ခဲ့တဲ့ အမေရိကန်လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၅၃၄၂ မှာ စကိတ်စီးသူ အများအပြားပါဝင်သွားတယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။

ကန်းဆပ်ပြည်နယ် ဝီချီတာမြို့မှာ ကျင်းပတဲ့ အမေရိကန်ပြည်ထောင်စုရေခဲပြင်စကိတ်စီးပြိုင်ပွဲနဲ့အတူ ပြုလုပ်ခဲ့တဲ့ မွန်းမံလေ့ကျင့်ရေးကနေပြန်လာတာလို့ သိရပါတယ်။

“ ကျွန်ုပ်တို့ ဒီအဖြစ်ဆိုးကြောင့် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲခဲ့ရပြီး သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေအတွက် နှလုံးသားထဲကနေ ဆုတောင်းပေးနေပါတယ်။” လို့ အမေရိကန်ပြည်ထောင်စုရေခဲပြင်စကိတ်စီးအသင်းက မှတ်ချက်ပြုထားပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံ TASS သတင်းဌာနကလည်း စကိတ်သမားတွေနဲ့အတူ နည်းပြတွေဖြစ်တဲ့ Vadim Naumov နဲ့ Evgenia Shishkova တို့လည်း လေယာဉ်ပေါ်မှာ လိုက်ပါခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးဟာ အိမ်ထောင်ရှင်စုံတွဲဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ ကမ္ဘာ့ရေခဲပြင်စကိတ်စီးစုံတွဲပွဲစဉ်မှာ ချန်ပီယံဆုကိုရရှိခဲ့ပြီး မကြာသေးမီနှစ်တွေအတွင်း အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ရင်း လူငယ်စကိတ်သမားတွေကို လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။ သူတို့ရဲ့ သားနှစ်ယောက်လည်း လေယာဉ်ပေါ်ပါသွားနိုင်တယ်လို့ ရုရှားသတင်းမီဒီယာတွေက ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယခင်က ငါးဖမ်းရန် အသုံးပြုခဲ့သော ဤပိုက်ကွန်များသည် ယခုအခါ ရုရှားဒရုန်းများကို ဖမ်းဆီးရန် ဖြစ်လာခဲ့သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နယ်သာလန်နိုင်ငံတွင် တူးလစ် (Tulip) ပန်းပင်များကို ကာကွယ်ရန်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိ ရာဖာ (Rafah) နယ်စပ်ဂိတ်သည် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ပြီးနောက် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်မီးတောက်နေသော ဂါဇာဒေသအတွင်းမှ ပါလက်စတိုင်း အရေအတွက် အနည်းငယ်ကို
နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave ရပ်ကွက်တွင် နေထိုင်သော အသက် ၅၅ နှစ်အရွယ် ရာဗင်ဒါ ကူးမား (Ravinder
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဝန်ဆောင်မှု (ICE) အေးဂျင့်များကို စေလွှတ်ခြင်းအပေါ် အီတလီနိုင်ငံ၌ မကျေနပ်မှုများ မြင့်တက်နေသည်။
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 31 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 29 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း