နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဟားမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်၏အဆိုပြုချက်အသစ်ကို အစ္စရေးက လက်ခံလိုက်သည်ဟု အစ္စရေးပြော

မေလ (၂၉) ရက်။

အမေရိကန်သံတမန် စတိ့ဗ် ဝတ်ကော့ဗ် (Steve Witkoff) ထံမှ ဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်ကို အစ္စရေးက လက်ခံလိုက်ပြီဟု အစ္စရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ အဆိုပြုချက်တွင် အသက်ရှင်ကျန်ရစ်သော ဓားစာခံ ၁၀ ဦးနှင့် သေဆုံးသွားသော ဓားစာခံ ၁၈ ဦးတို့ကို လွှတ်ပေးရန်အပြင် ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားကြောင်း အစ္စရေးအရာရှိက CNN သို့ ပြောကြားခဲ့သည်။ အစ္စရေးက လက်ခံရန် ငြင်းဆိုထားသည့် အဓိကကျသော ဟားမတ်စ် တောင်းဆိုချက်ဖြစ်သည့် စစ်ပွဲကို အပြီးတိုင် အဆုံးသတ်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို အရာရှိက ပြောကြားခြင်းမရှိပေ။

တစ်ချိန်တည်းတွင် ဟားမတ်စ်က နောက်ဆုံးမူဘောင်သည် အစ္စရေးမှတင်ပြလာခြင်းဖြစ်ပြီးကျွန်ုပ်တို့၏ပြည်သူများ၏ တောင်းဆိုချက်များဖြစ်သည့် “အငတ်ဘေးနှင့် စစ်ပွဲကို ရပ်တန့်စေမည့် အဓိကအချက်များကို တုံ့ပြန်ခြင်းမရှိ” ဟု စစ်သွေးကြွအဖွဲ့၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဘာဆမ် နာအိမ် (Bassem Naim) မှ ပြောကြားခဲ့သည်။

“မည်သို့ပင်ဆိုစေကာမူ လှုပ်ရှားမှုတွင်ခေါင်းဆောင်မှုပေးနေသည့်ကျွန်ုပ်တို့သည် အမျိုးသားရေးတာဝန်အရ အဆိုပြုချက်အပေါ် တုံ့ပြန်ရန် စဥ်းစားနေပြီး ကျွန်ုပ်တို့၏ ပြည်သူလူထုအပေါ် ကျူးလွန်နေသည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်ခြင်းကိုလည်း လေ့လာနေပါသည်” ဟု Facebook တွင် ထည့်သွင်းပြောကြားခဲ့သည်။

ဟားမတ်စ်သည် ဝတ်ကော့ဗ် (Witkoff) ၏ နောက်ဆုံးအဆိုပြုချက်ကို တန်ပြန်အဆိုပြုချက် သုံးခုဖြင့် တုံ့ပြန်ခဲ့ကြောင်း ဟားမတ်စ်အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အမေရိကန် အဆိုပြုချက်တွင် ဖော်ပြထားသည့်အတိုင်း ဓားစာခံများကို လွှတ်ပေးရန်နှင့် ရက် ၆၀ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီမည်ဟု ဟားမတ်စ်က CNN သို့ ပြောကြား သော်လည်း အမြဲတမ်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက် လုပ်ဆောင်လိုပြီး ရက်ပေါင်း ၆၀ အကြာနောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည် စတင်မည် မဟုတ်ကြောင်း အမေရိကန်က အာမခံချက်စေပေးလိုကြောင်း ပြောကြားခဲ့သည်။

ဟားမတ်စ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ကုလသမဂ္ဂ လမ်းကြောင်းများမှတစ်ဆင့် ဆောင်ရွက်စေလိုသည်။ နောက်ဆုံးအနေနှင့် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) က ယခုနှစ် မတ်လ ၂ ရက်နေ့တွင် နောက်ဆုံးအခြေချခဲ့သည့်နေရာများသို့ ပြန်လည် ဆုတ်ခွာပေးစေလိုသည်ဟု အဆိုပြုထားသည်။

ဟားမတ်စ်ပြန်လည်တင်ပြသော အဆိုပြုချက်နှင့် ရင်းနှီးသိရှိသော အခြားသူတစ်ဦးမှ အချက်သုံးချက်ကို မှန်ကန်ကြောင်းအတည်ပြုခဲ့သည်။

ဓားစာခံများနှင့် ပျောက်ဆုံးနေသော မိသားစုများဖိုရမ်ထံမှပြောကြားချက်အရ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဝတ်ကော့ဗ် (Witkoff) ၏ အဆိုပြုချက်ကို သူက လက်ခံခဲ့ကြောင်း အဆိုပါနေ့အစောပိုင်းတွင် ဓားစာခံမိသားစုများအား ပြောကြားခဲ့သည်။

ကြာသပတေးနေ့တွင် သူမ၏ ရှင်းလင်းပွဲအတွင်း အိမ်ဖြူတော်သတင်းထောက် ကာရိုလိုင်းလဲဗစ် (Karoline Leavitt) က “အထူးသံတမန် ဝတ်ကော့ဗ်နှင့် သမ္မတသည် ဟားမတ်စ်ထံ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို တင်သွင်းခဲ့ပြီး ထိုအဆိုပြုချက်ကို အစ္စရေးက ထောက်ခံခဲ့ပြီး ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း” အတည်ပြုခဲ့သည်။

“ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးလုပ်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်၊ ဒါကြောင့် ဓားစာခံတွေအားလုံးကို အိမ်ပြန်နိုင်စေဖို့ဖြစ်ပြီး ဒါက အစကတည်းက ဒီအစိုးရရဲ့ ဦးစားပေးအလုပ်ဖြစ်ပါတယ်” ဟု လဲဗစ်က ပြောကြားခဲ့သည်။

‘ကျွန်တော်တို့ ဒါကို ရပ်လိုက်ချင်ပါတယ်’

ဒိုဟာရှိ ဟားမတ်စ်စေ့စပ်ညှိနှိုင်းရေးမှူးများနှင့် တိုက်ရိုက်ဆွေးနွေးနေသည့် ပါလက်စတိုင်း-အမေရိကန် စကားပြန် ဘာရှာရာ ဘာဘာ (Bishara Bahbah) မှတဆင့် ဝတ်ကော့ဗ်၏ အဆိုပြုချက်ကို တုံ့ပြန်ခဲ့ကြောင်း ဟားမတ်စ်အကြီးတန်းအရာရှိက CNN သို့ ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်က ၎င်းတို့သည် ဘာဘာနှင့် ဟားမတ်စ်၏အဆိုပြုချက်များကို ဆွေးနွေးခဲ့ပြီးနောက် ဝတ်ကော့ဗ်ဆီသို့ ပေးပို့ခဲ့ကြောင်း ဟားမတ်စ်အရာရှိက ပြောကြားခဲ့သည်။ ထို့နောက် ဝတ်ကော့ဗ်သည် ယခုအပတ် ဝါရှင်တန်တွင် အစ္စရေးအရာရှိ ရွန်ဒါမာ (Ron Dermer) နှင့် တွေ့ဆုံပြီးနောက် “အရာရာက ၁၀၀ ရာနှုန်း ပြောင်းလဲသွားခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ဟားမတ်တင်ပြခဲ့တဲ့ “အဆိုပြုချက်မှာ ဘာပြဿနာ မရှိဘူး” လို့ ၂ ကြိမ် ၃ ကြိမ် ဘစ်ရှာရာ (Bishara) [ဘာဘာ] က အတည်ပြုခဲ့ပြီး ဖြစ်သည့်အတွက် “ ကျွန်တော်တို့ တင်ပြသော အဆိုပြုချက်ကို “အစ္စရေးအဆိုပြုချက်” အဖြစ် ဝတ်ကော့ဗ်က ခေါ်ဆိုခဲ့ခြင်းကြောင့် အံ့အားသင့်ခဲ့ရပါတယ်” ဟု ဟားမတ်စ်အကြီးတန်းအရာရှိက ဆိုသည်။

“ဓားစာခံတွေအားလုံးကို တစ်နေ့တည်းပြန်ပို့ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ၊ အဲဒီနောက်ပိုင်း စစ်ပွဲတွေ ထပ်မဖြစ်တော့ဘူးဆိုတဲ့ အာမခံချက်တစ်ခု လိုချင်ပါတယ်” ဟု အရာရှိက ပြောကြားခဲ့သည်။ “အခု ဒီစာရွက်ထဲမှာ ဒါကို ကျွန်တော်တို့ မတွေ့ရတော့ဘူး” ဟု ဟားမတ်စ်အရာရှိက ပြောသည်။ “သူတို့က စစ်ပွဲကို ဆက်လုပ်ချင်တယ်၊ ဒါကို ကျွန်တော်တို့က ရပ်တန့်ချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ဟားမတ်စ်၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နာအင် (Naim) သည် ပြီးခဲ့သည့်အပတ်က ဝတ်ကော့ဗ်နှင့် သဘောတူညီခဲ့ပြီး အဆိုပြုချက်တစ်ခုကို အစ္စရေးမှ အဆိုပြုလာခဲ့ကာ ၎င်းအဆိုပြုချက်သည် “သိမ်းပိုက်ခြင်းကို ဆက်လက်တည်တံ့စေရန်နှင့် သတ်ဖြတ်ခြင်းနှင့် အစာငတ်မွတ်ခေါင်းပါးခြင်းများကို ဆက်လက်လုပ်ဆောင်ခြင်း ဖြစ်သည်” ဟု Facebook တွင် ရေးသားခဲ့သည်။

ယခုနောက်ဆုံး အဆိုပြုချက်အပြီးတွင် ကျန်ရှိသော ဓားစာခံ ၂၀ ဦး၏ တစ်ဝက်ကို လွှတ်ပေးရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သော်လည်း ထိုသဘောတူညီချက်ကို အစ္စရေးက လေးစားလိုက်နာမည်ဟူသော အာမခံချက် မရှိသောကြောင့် ဟားမတ်စ်အရာရှိက “ကြီးမားသောစွန့်စားလုပ်ဆောင်ရသည့်အန္တရာယ်” ဖြစ်သည်ဟု ဆိုခဲ့သည်။

“ ဝတ်ကော့ဗ်ဟာ တစ်ခုခုလုပ်နိုင်တဲ့ အင်အားရှိတဲ့သူတစ်ယောက်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူက အစ္စရေးကို လွှမ်းမိုးနိုင်တဲ့ တစ်ဦးတည်းသောသူတစ်ယောက်ပါ” ဟု တာဝန်ရှိသူက ပြောခဲ့သည်။

အစ္စရေး-အမေရိကန်နိုင်ငံသား အီဒန်အလက်ဇန်းဒါးကို လွှတ်ပေးပြီးနောက် ထရန့်အစိုးရသည် ဟားမတ်စ်ကို ကျေးဇူးတင်ကြောင်း ‌ပြောကြားခဲ့သော်လည်း လူသားချင်း စာနာထောက်ထားမှုအကူအညီများသည် ဂါဇာသို့ စတင်စီးဆင်းမှု ချက်ချင်းမဖြစ်ခဲ့ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။

“ဟားမတ်စ်ဟာ စစ်ပွဲကို အဆုံးသတ်ပြီး ဓားစာခံတွေကို ပြန်ပေးဖို့အတွက် သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အလွန်စိတ်ဝင်စားပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကြာသပတေးနေ့ အစောပိုင်းတွင် အစ္စရေး၏ လက်ယာစွန်း ဘဏ္ဍာရေးဝန်ကြီး ဘေဇယ်လဲလ် စမားထရစ် (Bezalal Smotrich) က အဆိုပါ အဆိုပြုချက်ကို လက်ခံခြင်းသည် “ရူးသွပ်မှု” ဖြစ်သည်ဟု ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြပြီး “ထိုကဲ့သို့သော ကိစ္စမျိုး ဖြစ်မြောက်လာစေရန် ခွင့်မပြုပါ” ဟု ပြတ်ပြတ်သားသား ပြောခဲ့သည်။

သို့သော် အစ္စရေး အတိုက်အခံခေါင်းဆောင် ယာရစ်လားပစ် (ဒ) (Yair Lapid) က ဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟုအား အဆိုပြုချက်ကို “လူသိရှင်ကြားနှင့် ချက်ချင်းလက်ခံရန်” တိုက်တွန်းခဲ့သည်။ လက်ယာစွန်းအဖွဲ့ဝင်များက စွန့်လွှတ်လိုက်လျှင်ပင် အစိုးရကို ထောက်ခံမည်ဟု ၎င်းက ဆိုသည်။

CNN သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်