နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဟားမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်၏အဆိုပြုချက်အသစ်ကို အစ္စရေးက လက်ခံလိုက်သည်ဟု အစ္စရေးပြော

မေလ (၂၉) ရက်။

အမေရိကန်သံတမန် စတိ့ဗ် ဝတ်ကော့ဗ် (Steve Witkoff) ထံမှ ဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်ကို အစ္စရေးက လက်ခံလိုက်ပြီဟု အစ္စရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ အဆိုပြုချက်တွင် အသက်ရှင်ကျန်ရစ်သော ဓားစာခံ ၁၀ ဦးနှင့် သေဆုံးသွားသော ဓားစာခံ ၁၈ ဦးတို့ကို လွှတ်ပေးရန်အပြင် ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားကြောင်း အစ္စရေးအရာရှိက CNN သို့ ပြောကြားခဲ့သည်။ အစ္စရေးက လက်ခံရန် ငြင်းဆိုထားသည့် အဓိကကျသော ဟားမတ်စ် တောင်းဆိုချက်ဖြစ်သည့် စစ်ပွဲကို အပြီးတိုင် အဆုံးသတ်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို အရာရှိက ပြောကြားခြင်းမရှိပေ။

တစ်ချိန်တည်းတွင် ဟားမတ်စ်က နောက်ဆုံးမူဘောင်သည် အစ္စရေးမှတင်ပြလာခြင်းဖြစ်ပြီးကျွန်ုပ်တို့၏ပြည်သူများ၏ တောင်းဆိုချက်များဖြစ်သည့် “အငတ်ဘေးနှင့် စစ်ပွဲကို ရပ်တန့်စေမည့် အဓိကအချက်များကို တုံ့ပြန်ခြင်းမရှိ” ဟု စစ်သွေးကြွအဖွဲ့၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဘာဆမ် နာအိမ် (Bassem Naim) မှ ပြောကြားခဲ့သည်။

“မည်သို့ပင်ဆိုစေကာမူ လှုပ်ရှားမှုတွင်ခေါင်းဆောင်မှုပေးနေသည့်ကျွန်ုပ်တို့သည် အမျိုးသားရေးတာဝန်အရ အဆိုပြုချက်အပေါ် တုံ့ပြန်ရန် စဥ်းစားနေပြီး ကျွန်ုပ်တို့၏ ပြည်သူလူထုအပေါ် ကျူးလွန်နေသည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်ခြင်းကိုလည်း လေ့လာနေပါသည်” ဟု Facebook တွင် ထည့်သွင်းပြောကြားခဲ့သည်။

ဟားမတ်စ်သည် ဝတ်ကော့ဗ် (Witkoff) ၏ နောက်ဆုံးအဆိုပြုချက်ကို တန်ပြန်အဆိုပြုချက် သုံးခုဖြင့် တုံ့ပြန်ခဲ့ကြောင်း ဟားမတ်စ်အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အမေရိကန် အဆိုပြုချက်တွင် ဖော်ပြထားသည့်အတိုင်း ဓားစာခံများကို လွှတ်ပေးရန်နှင့် ရက် ၆၀ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီမည်ဟု ဟားမတ်စ်က CNN သို့ ပြောကြား သော်လည်း အမြဲတမ်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက် လုပ်ဆောင်လိုပြီး ရက်ပေါင်း ၆၀ အကြာနောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည် စတင်မည် မဟုတ်ကြောင်း အမေရိကန်က အာမခံချက်စေပေးလိုကြောင်း ပြောကြားခဲ့သည်။

ဟားမတ်စ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ကုလသမဂ္ဂ လမ်းကြောင်းများမှတစ်ဆင့် ဆောင်ရွက်စေလိုသည်။ နောက်ဆုံးအနေနှင့် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) က ယခုနှစ် မတ်လ ၂ ရက်နေ့တွင် နောက်ဆုံးအခြေချခဲ့သည့်နေရာများသို့ ပြန်လည် ဆုတ်ခွာပေးစေလိုသည်ဟု အဆိုပြုထားသည်။

ဟားမတ်စ်ပြန်လည်တင်ပြသော အဆိုပြုချက်နှင့် ရင်းနှီးသိရှိသော အခြားသူတစ်ဦးမှ အချက်သုံးချက်ကို မှန်ကန်ကြောင်းအတည်ပြုခဲ့သည်။

ဓားစာခံများနှင့် ပျောက်ဆုံးနေသော မိသားစုများဖိုရမ်ထံမှပြောကြားချက်အရ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဝတ်ကော့ဗ် (Witkoff) ၏ အဆိုပြုချက်ကို သူက လက်ခံခဲ့ကြောင်း အဆိုပါနေ့အစောပိုင်းတွင် ဓားစာခံမိသားစုများအား ပြောကြားခဲ့သည်။

ကြာသပတေးနေ့တွင် သူမ၏ ရှင်းလင်းပွဲအတွင်း အိမ်ဖြူတော်သတင်းထောက် ကာရိုလိုင်းလဲဗစ် (Karoline Leavitt) က “အထူးသံတမန် ဝတ်ကော့ဗ်နှင့် သမ္မတသည် ဟားမတ်စ်ထံ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို တင်သွင်းခဲ့ပြီး ထိုအဆိုပြုချက်ကို အစ္စရေးက ထောက်ခံခဲ့ပြီး ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း” အတည်ပြုခဲ့သည်။

“ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးလုပ်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်၊ ဒါကြောင့် ဓားစာခံတွေအားလုံးကို အိမ်ပြန်နိုင်စေဖို့ဖြစ်ပြီး ဒါက အစကတည်းက ဒီအစိုးရရဲ့ ဦးစားပေးအလုပ်ဖြစ်ပါတယ်” ဟု လဲဗစ်က ပြောကြားခဲ့သည်။

‘ကျွန်တော်တို့ ဒါကို ရပ်လိုက်ချင်ပါတယ်’

ဒိုဟာရှိ ဟားမတ်စ်စေ့စပ်ညှိနှိုင်းရေးမှူးများနှင့် တိုက်ရိုက်ဆွေးနွေးနေသည့် ပါလက်စတိုင်း-အမေရိကန် စကားပြန် ဘာရှာရာ ဘာဘာ (Bishara Bahbah) မှတဆင့် ဝတ်ကော့ဗ်၏ အဆိုပြုချက်ကို တုံ့ပြန်ခဲ့ကြောင်း ဟားမတ်စ်အကြီးတန်းအရာရှိက CNN သို့ ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်က ၎င်းတို့သည် ဘာဘာနှင့် ဟားမတ်စ်၏အဆိုပြုချက်များကို ဆွေးနွေးခဲ့ပြီးနောက် ဝတ်ကော့ဗ်ဆီသို့ ပေးပို့ခဲ့ကြောင်း ဟားမတ်စ်အရာရှိက ပြောကြားခဲ့သည်။ ထို့နောက် ဝတ်ကော့ဗ်သည် ယခုအပတ် ဝါရှင်တန်တွင် အစ္စရေးအရာရှိ ရွန်ဒါမာ (Ron Dermer) နှင့် တွေ့ဆုံပြီးနောက် “အရာရာက ၁၀၀ ရာနှုန်း ပြောင်းလဲသွားခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ဟားမတ်တင်ပြခဲ့တဲ့ “အဆိုပြုချက်မှာ ဘာပြဿနာ မရှိဘူး” လို့ ၂ ကြိမ် ၃ ကြိမ် ဘစ်ရှာရာ (Bishara) [ဘာဘာ] က အတည်ပြုခဲ့ပြီး ဖြစ်သည့်အတွက် “ ကျွန်တော်တို့ တင်ပြသော အဆိုပြုချက်ကို “အစ္စရေးအဆိုပြုချက်” အဖြစ် ဝတ်ကော့ဗ်က ခေါ်ဆိုခဲ့ခြင်းကြောင့် အံ့အားသင့်ခဲ့ရပါတယ်” ဟု ဟားမတ်စ်အကြီးတန်းအရာရှိက ဆိုသည်။

“ဓားစာခံတွေအားလုံးကို တစ်နေ့တည်းပြန်ပို့ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ၊ အဲဒီနောက်ပိုင်း စစ်ပွဲတွေ ထပ်မဖြစ်တော့ဘူးဆိုတဲ့ အာမခံချက်တစ်ခု လိုချင်ပါတယ်” ဟု အရာရှိက ပြောကြားခဲ့သည်။ “အခု ဒီစာရွက်ထဲမှာ ဒါကို ကျွန်တော်တို့ မတွေ့ရတော့ဘူး” ဟု ဟားမတ်စ်အရာရှိက ပြောသည်။ “သူတို့က စစ်ပွဲကို ဆက်လုပ်ချင်တယ်၊ ဒါကို ကျွန်တော်တို့က ရပ်တန့်ချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ဟားမတ်စ်၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နာအင် (Naim) သည် ပြီးခဲ့သည့်အပတ်က ဝတ်ကော့ဗ်နှင့် သဘောတူညီခဲ့ပြီး အဆိုပြုချက်တစ်ခုကို အစ္စရေးမှ အဆိုပြုလာခဲ့ကာ ၎င်းအဆိုပြုချက်သည် “သိမ်းပိုက်ခြင်းကို ဆက်လက်တည်တံ့စေရန်နှင့် သတ်ဖြတ်ခြင်းနှင့် အစာငတ်မွတ်ခေါင်းပါးခြင်းများကို ဆက်လက်လုပ်ဆောင်ခြင်း ဖြစ်သည်” ဟု Facebook တွင် ရေးသားခဲ့သည်။

ယခုနောက်ဆုံး အဆိုပြုချက်အပြီးတွင် ကျန်ရှိသော ဓားစာခံ ၂၀ ဦး၏ တစ်ဝက်ကို လွှတ်ပေးရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သော်လည်း ထိုသဘောတူညီချက်ကို အစ္စရေးက လေးစားလိုက်နာမည်ဟူသော အာမခံချက် မရှိသောကြောင့် ဟားမတ်စ်အရာရှိက “ကြီးမားသောစွန့်စားလုပ်ဆောင်ရသည့်အန္တရာယ်” ဖြစ်သည်ဟု ဆိုခဲ့သည်။

“ ဝတ်ကော့ဗ်ဟာ တစ်ခုခုလုပ်နိုင်တဲ့ အင်အားရှိတဲ့သူတစ်ယောက်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူက အစ္စရေးကို လွှမ်းမိုးနိုင်တဲ့ တစ်ဦးတည်းသောသူတစ်ယောက်ပါ” ဟု တာဝန်ရှိသူက ပြောခဲ့သည်။

အစ္စရေး-အမေရိကန်နိုင်ငံသား အီဒန်အလက်ဇန်းဒါးကို လွှတ်ပေးပြီးနောက် ထရန့်အစိုးရသည် ဟားမတ်စ်ကို ကျေးဇူးတင်ကြောင်း ‌ပြောကြားခဲ့သော်လည်း လူသားချင်း စာနာထောက်ထားမှုအကူအညီများသည် ဂါဇာသို့ စတင်စီးဆင်းမှု ချက်ချင်းမဖြစ်ခဲ့ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။

“ဟားမတ်စ်ဟာ စစ်ပွဲကို အဆုံးသတ်ပြီး ဓားစာခံတွေကို ပြန်ပေးဖို့အတွက် သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အလွန်စိတ်ဝင်စားပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကြာသပတေးနေ့ အစောပိုင်းတွင် အစ္စရေး၏ လက်ယာစွန်း ဘဏ္ဍာရေးဝန်ကြီး ဘေဇယ်လဲလ် စမားထရစ် (Bezalal Smotrich) က အဆိုပါ အဆိုပြုချက်ကို လက်ခံခြင်းသည် “ရူးသွပ်မှု” ဖြစ်သည်ဟု ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြပြီး “ထိုကဲ့သို့သော ကိစ္စမျိုး ဖြစ်မြောက်လာစေရန် ခွင့်မပြုပါ” ဟု ပြတ်ပြတ်သားသား ပြောခဲ့သည်။

သို့သော် အစ္စရေး အတိုက်အခံခေါင်းဆောင် ယာရစ်လားပစ် (ဒ) (Yair Lapid) က ဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟုအား အဆိုပြုချက်ကို “လူသိရှင်ကြားနှင့် ချက်ချင်းလက်ခံရန်” တိုက်တွန်းခဲ့သည်။ လက်ယာစွန်းအဖွဲ့ဝင်များက စွန့်လွှတ်လိုက်လျှင်ပင် အစိုးရကို ထောက်ခံမည်ဟု ၎င်းက ဆိုသည်။

CNN သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးအခြေချနေထိုင်သူ ဒါဇင်များစွာက အနောက်ဘက်ကမ်းတွင် မီးရှို့တိုက်ခိုက်မှု စတင်ပြုလုပ်၊ ပါလက်စတိုင်းများအား တိုက်ခိုက်မှုများ မြင့်တက်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 17 Views
CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) ရှိ စိုက်ပျိုးရေးနယ်မြေတစ်ခု၌ အစ္စရေးအခြေချနေထိုင်သူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက အမေရိကန်

ဗင်နီဇွဲလားက အမေရိကန်၏ အကြီးဆုံး စစ်သင်္ဘော ရောက်ရှိလာချိန်တွင် စစ်တပ်၏ ‘လှုပ်ရှားမှုကိုကြီးမားသည့်အတိုင်းအတာဖြင့်တပ်လှန့်’ ထားကြောင်းကို ကြေညာခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 14 Views
CNN- ၂၀၂၅ခုနှစ်၊  နိုဝင်ဘာလ ၁၃ရက် ဗင်နီဇွဲလားနိုင်ငံက ကာရစ်ဘီယန်ပင်လယ်အတွင်း အမေရိကန် စစ်သင်္ဘောများနှင့် တပ်ဖွဲ့ဝင်များ တိုးချဲ့ချထားမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် စစ်ဘက်ဆိုင်ရာ
နိုင်ငံတကာသတင်း အမေရိကန်

အစိုးရရပ်ဆိုင်းထားရမှုကျော်လွန်ပြီးနောက်ထရန့်အစိုးရရင်ဆိုင်ရမည့်အကြပ်အတည်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 15 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၂ရက် အမေရိကန်ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်းအတွက် ပြည့်စုံသော အစားထိုးမှု သို့မဟုတ် ဖြေရှင်းချက်ကို ပေးနိုင်ရန် ထပ်တလဲလဲ ပျက်ကွက်နေမှု အတွက် သမ္မတဟောင်း ထရမ့်ကို ဝေဖန်ထားသည်။ တိုးမြှင့်ထားသော ACA အထောက်အပံ့များ၏ လက်ရှိ
Asia ဂျပန် နိုင်ငံတကာသတင်း အာရှ

တရုတ်ကောင်စစ်ဝန်က ဂျပန်ဝန်ကြီးချုပ်ကို တိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး “အဲဒီ ညစ်ညမ်းတဲ့ ဦးခေါင်းကို တစ်စက်ကလေးမှ တွန့်ဆုတ်မနေဘဲ ခုတ်ပစ်လိုက်ရုံပဲ” ဟုဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 47 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက် ဂျပန်ပြည်တွင်းရေးနှင့် နိုင်ငံတကာရေးရာများ ပြီးခဲ့သည့်အပတ် ပါလီမန်တွင် ဂျပန်အမျိုးသမီး ဝန်ကြီးချုပ် တာကာအိချိက ထိုင်ဝမ်နိုင်ငံ တိုက်ခိုက်ခံရပါက ဂျပန်နိုင်ငံအနေနှင့် “အဖွဲ့လိုက် ခုခံကာကွယ်ခွင့် (Shūdanteki Jieiken – Collective self-defense)”
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာမှ မိုတက်ဇ်အာဇိုင်ဇာ (Motaz Azaiza) ၏ ဓာတ်ပုံများသည် စစ်ပွဲ၏ ကြေကွဲဖွယ်ရာများကို ပြသခဲ့သည်။ ယခု အမေရိကန်တွင် ရှေ့သို့သွားမည့်လမ်းကို ရှာဖွေနေသည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 50 Views
၂၀၂၅ ခုနှစ်၊ နိုဝင်လာလ (၁၀) ရက် မိုတက်ဇ်အာဇိုင်ဇာသည် စစ်ပွဲ၏ ထိတ်လန့်ဖွယ်ရာများကို မျက်မြင်တွေ့ရှိခဲ့ရသူဖြစ်သည်။ ယခုအခါ သူသည် လူသားမျိုးနွယ်အပေါ် ၎င်း၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် ကြိုးစားနေသည်။ ရက်ပေါင်း ၁၀၇ ရက်တာကာလပတ်လုံး သူသည်
ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဂျီဟတ်ဝါဒီအကြမ်းဖက်သမားဘဝမှ သမ္မတဖြစ်လာသူ ဆီးရီးယားခေါင်းဆောင်၏ အိမ်ဖြူတော်ခရီးစဉ်တွင် ထူးခြားသောအသွင်ကူးပြောင်းမှုဖြင့်အထွတ်အထိပ်သို့ ရောက်ရှိ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 56 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက် လျင်မြန်သော အာဏာသိမ်းယူမှု ပြုလုပ်ပြီး တစ်နှစ်မပြည့်မီ ကာလအတွင်း၊ ဆီးရီးယား သမ္မတသည် ဂျီဟတ်ဝါဒီဘဝမှ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်လာသည့် ၎င်း၏ အသွင်ကူးပြောင်းမှုကို အိမ်ဖြူတော်သို့ သမိုင်းဝင်ခရီးစဉ်ဖြင့် အဆုံးသတ်လိုက်သည်။
နိုင်ငံတကာသတင်း အမေရိကန်

ဆီးနိတ်အမတ်များ သဘောတူညီမှု အောင်မြင်ပြီးနောက် အစိုးရ ပြန်လည်ဖွင့်လှစ်ရန် လမ်းပွင့်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 31 Views
CNN- ၂၀၂၅ခုနှစ်၊နိုဝင်ဘာလ ၁၀ရက် ဒီမိုကရက်အလယ်အလတ်သမားများနှင့်အစိုးရရပ်ဆိုင်းထားမှု (shutdown)ကို အဆုံးသတ်ရန် အဓိက သဘောတူညီချက်ရရှိ ဆီးနိတ်မှ အဓိက ဒီမိုကရက်ပါတီ၏ အလယ်အလတ်သမား ရှစ်ဦးပါဝင်သည့် အုပ်စုသည် တနင်္ဂနွေနေ့တွင် အစိုးရအား ပြန်လည်ဖွင့်လှစ်ရန်အတွက် ရန်ပုံငွေဆိုင်ရာ သဘောတူညီမှု တစ်ရပ်ကို
တူရကီ နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

တူရကီနိုင်ငံက နေတင်ယာဟုနှင့် အခြားအစ္စရေးအရာရှိများကို ‘လူမျိုးတုံးသတ်ဖြတ်မှု’ ဖြင့် ဖမ်းဝရမ်းထုတ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 59 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၈)ရက် တူရကီနိုင်ငံသည် သောကြာနေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတင်ယာဟု (Benjamin Netanyahu) နှင့် အခြားသော အစ္စရေးအရာရှိ ဒါဇင်ပေါင်းများစွာကို “လူမျိုးတုံးသတ်ဖြတ်မှု” စွဲချက်ဖြင့် ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့သည်။ အစ္စတန်ဘူလ်