နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

နွားထိုးကြီးမြို့တိုက်ပွဲ စစ်ကောင်စီဘက်က (၂၀)ကျော်သေဆုံးပြီး (၈)ဦးဖမ်းခံရ

ဇန်နဝါရီလ (၃၁)ရက်။

မနေ့က နံနက်ပိုင်းအချိန်က နွာထိုးကြီးမြို့ ပြင်စည်ရွာကထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ရင်း ပူးပေါင်းအင်အား (၅၀)ခန့်ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ပြင်စည်ရွာကနေထွက်လာတဲ့ စကစစစ်ကြောင်းကို မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြားမှာ ပူးပေါက်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲထဲ စကစဘက်က (၂၀)ကျော်သေဆုံးပြီး အရှင်ဖမ်းမိခဲ့တာရှိတယ်”လို့ ဆိုပါတယ်။

ပြင်စည်ရွာကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း အင်အား (၅၀)ခန့်ဟာ ဗိုလ်မှူး ရန်လင်းအောင်နဲ့ ဗိုလ်ကြီး အောင်ဇော်မင်းတို့ ဦးဆောင်တဲ့ တပ်မ(၉၉)လက်အောက်ခံ ခမရ(၁၄၊၁၅)နဲ့ ရဲတပ်ရင်းတို့ ပူးပေါင်းထားတာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းကို မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြားမှာ မြင်းခြံခရိုင်တပ်ရင်း(၄၊၁၀)ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က ဗိုလ်ကြီး အောင်ဇော်မင်းအပါအဝင် အလောင်း(၂၁)လောင်းရရှိခဲ့ပြီး ဗိုလ်မှူး ရန်လင်းအောင်ဟာ ထိခိုက်ဒဏ်ရာနဲ့ ဆုတ်ခွာရင်း သေဆုံးခဲ့သလို (၈)ဦးဖမ်းမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး စစ်ကောင်စီထံက MA-1 (၃)လက်၊ MA-2 (၄)လက်၊ MA-3 (၆)လက်၊ MA-4 (၂)လက်၊ MA-5 (၁)လက်၊ MA-11 (၆)လက်၊ G-3 (၁၂)လက်၊  G-4 (၂)လက်၊ BA-94 (၁)လက်၊ ၆၀ မမ ပြောင်းတို (၁)လက်၊ ပြောင်းရှည် (၁)လက်နဲ့ ၆၀ မမ ဗုံးသီး (၂၉)လုံး၊ အီနာဂါ (၅)လုံး၊ နာနတ်သီးဗုံး (၉)လုံး၊ ၉ မမ ကျည် (၃၀၅)တောင့်နဲ့ ဦးထုပ် (၁၀)လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီက တံတားဦးကနေထွက်လာတဲ့ Mi-35 တစ်စီးနဲ့ (၃)ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 51 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 49 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 46 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 51 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 51 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 48 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 37 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို