နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငလျင်ကြောင့် အခုရက်သတ္တပတ်ကို နိုင်ငံအဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီသတ်မှတ်

မတ်လ (၃၁)ရက်။

အင်အားပြင်းငလျင်ဖြစ်စဉ်ကြောင့် အခုရက်သတ္တပတ်ကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အနေနဲ့ သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မတ်လ (၂၈)ရက်နေ့က အင်အားပြင်းငလျင် လှုတ်ခတ်ခဲ့တာကြောင့် အသက်ဆုံးရှုံးတာတွေနဲ့ ပျက်စီးဆုံးရှုံးတာတွေအတွက် စာနာနားလည်မှုတွေနဲ့အတူ ထပ်တူခံစားရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် နိုင်ငံတော်အဆင့် ဝမ်နည်းခြင်းအထိမ်းအမှတ်နေ့ကို မတ်လ (၃၁)ရက်နေ့ကစပြီး ဧပြီလ (၆)ရက်နေ့အထိ (၇)ရက်တာ သတ်မှတ်ကြေညာတာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီရက်တွေထဲ နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချပြီး လွှင့်ထူကြဖို့ စစ်ကောင်စီက ညွန်ကြားထားပါတယ်။

မြန်မာမှာ အလွန်ပြင်းထန်တဲ့ငလျင် လှုတ်ခတ်ခဲ့တဲ့ မတ်လ (၂၈)ရက်နေ့ကနေ ဒီကနေ့အထိ သေဆုံးသူ (၁၇၀၀)ကျော်နဲ့ ထိခိုက်သူ (၃၄၀၀)ကျော်ရှိပြီး ပျောက်ဆုံးသူ (၃၀၀)ကျော်ရှိကာ ထပ်တိုးနိုင်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဂျက်ဖရီအက်ဖ်ဖိုင်များထဲတွင် ဘာတွေပါဝင်သလဲ?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 14 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက် အမေရိကန် တရားရေးဌာန (DOJ) က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ
မြန်မာသတင်း

မင်းတပ်မြို့မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်မလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 19 Views
ဒီဇင်ဘာလ (၂၀)ရက်။ မင်းတပ်မြို့မှာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလထဲ လူစုလူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖက မနေ့က ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ဆိုပြီး အဖွဲ့အသီးသီးကို KSPP မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 18 Views
ဒီဇင်ဘာလ (၂၀)ရက်။ ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ဆိုပြီး အဖွဲ့အစည်းအသီးသီးကို ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)က မနေ့က မေတ္တာရပ်ခံ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ KSPP ဟာ ဒီမိုကရေစီစံနှုန်းနဲ့ ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်စဉ်တိုင်းမှာ အစဉ်အမြဲပါဝင်နေတဲ့ပါတီလို့
မြန်မာသတင်း

စဉ့်ကူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 17 Views
ဒီဇင်ဘာလ (၂၀)ရက်။ ‌မနေ့က တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ စဉ့်ကူးတမြို့လုံးကို ပြန်လည်းသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာတို့ကို ပြန်လည်သိမ်းပိုက်ရရှိဖို့ စစ်ကြောင်းတွေခွဲပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ
မြန်မာသတင်း

အခုနှစ်ကုန်ပိုင်းကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ကြောင်း KA သတိပေးချက်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 27 Views
ဒီဇင်ဘာလ (၁၉)ရက်။ ဒီကနေ့ကစပြီး ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့အထိ အရေးကြီးကာလအနေနဲ့ ကရင်နီပြည်‌တပ်‌မတော်(KA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က သတိပေးချက်ထုတ်ပြန်ထားတယ်လို သိရပါတယ်။ KA စစ်ဦးစီးချုပ်က အဲ့ဒီကာလကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ထားတာကို ကရင်နီပြည်သူ၊ ကရင်နီပြည်နယ်
မြန်မာသတင်း

NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့သူအချို လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 34 Views
ဒီဇင်ဘာလ (၁၉)ရက်။ တိုင်ရင်းသားလက်နက်ကိုင်အဖွဲတွေ NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့ပေမယ့် အချိုက လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိင်က ဒီကနေ့ ကရင်ပြည်နယ်နေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ စစ်တပ်အနေနဲ့ NCA ပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ
မြန်မာသတင်း

လူမျိုးစုအားလုံး တော်လှန်ရေးတိုက်ပွဲမှာ အတူလက်တွဲရပ်တည်ဖို KNU ဥက္ကဋ္ဌ တိုက်တွန်းဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 37 Views
ဒီဇင်ဘာလ (၁၉)ရက်။ ကရင်လူမျိုးတွေသာမက လူမျိုးစုအားလုံး တော်လှန်ရေးတိုက်ပွဲမှာ အတူရပ်တည်ပြီး အောင်မြင်မှုကို အတူရယူကြဖို KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့မှာကျရောက်တဲ့ ကရင်အမျိုးသားနေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ တိုက်တွန်းထားတယ်လို သိရပါတယ်။ လူမျိုးစုတွေအနေနဲ့ အခုအခြေအနေကို သဘောပေါက်နားလည်လက်ခံပြီး လက်တွေ့ရင်ဆိုင်ကာ
မြန်မာသတင်း

လက်ပံတန်းရှိ စစ်တပ်စခန်း တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် (၁၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 25 Views
ဒီဇင်ဘာလ (၁၉)ရက်။ ဒီဇင်ဘာလ (၁၆)ရက်နေ့ နံနက် (၆)နာရီအချိန်က လက်ပံတန်းမြို ဆင်တလင်းရွာရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို အရှိချင်းကာကွယ်ရေးတပ်(ACDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆင်တလင်းရွာရှိ စစ်တပ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရတာမှာ စခန်းမှာ ဦးစီးတဲ့ ဒုရဲအုပ်အပါအဝင်