နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိ ရာဖာ (Rafah) နယ်စပ်ဂိတ်သည် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ပြီးနောက် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

စစ်မီးတောက်နေသော ဂါဇာဒေသအတွင်းမှ ပါလက်စတိုင်း အရေအတွက် အနည်းငယ်ကို ပြန်လည်ထွက်ခွာခွင့်ပြုမည့် အစီအစဉ်နှင့် အမေရိကန်က ကြားဝင်စေ့စပ်ထားသည့် အပစ်အခတ်ရပ်စဲရေး ပထမအဆင့် အကောင်အထည်ဖော်မှု၏ အစိတ်အပိုင်းအဖြစ် ဂါဇာနှင့် အီဂျစ်ကြားရှိ ရာဖာနယ်စပ်ဂိတ်ကို တနင်္ဂနွေနေ့တွင် စမ်းသပ်ကာလအဖြစ် စတင်ဖွင့်လှစ် ခဲ့သည်။

၂၀၂၄ ခုနှစ် မေလတွင် အစ္စရေးက သိမ်းပိုက်ပြီးကတည်းက အများအားဖြင့် ပိတ်ထားခဲ့သည့် အဆိုပါ အရေးပါသော နယ်စပ်ဂိတ်ကို ပြန်လည်လည်ပတ်နိုင်ရန် ဥရောပသမဂ္ဂ၊ အီဂျစ်နှင့် အခြားပါဝင်ပတ်သက်သူများက ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ကြောင်း အစ္စရေး၏ နယ်မြေများ ဆိုင်ရာ အစိုးရလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (COGAT) အရ သိရသည်။

နယ်စပ်ဂိတ်ကို “ ဒေသခံများအနေနှင့် အကန့်အသတ်ဖြင့်သာ ဖြတ်သန်းသွားလာရန်” ဖွင့်လှစ် ပေးမည်ဖြစ်ကြောင်း COGAT က ရှင်းလင်းစွာ ပြောကြားခဲ့သော်လည်း ဒေသခံ များကို မည်သည့်နေ့မှစ၍ ဖြတ်သန်းခွင့်ပြုမည်ဆိုသည့် ရက်စွဲကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေး ပေ။ ဂါဇာကို စီမံခန့်ခွဲမည့် ပါလက်စတိုင်း နည်းပညာရှင်ကော်မတီ၏ အကြီးအကဲဖြစ်သူ အလီ ရှာ့သ် (Ali Shaath) ကမူ နယ်စပ်ဂိတ်ကို တနင်္လာနေ့တွင် နှစ်ဖက်စလုံးသို့ ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ဂါဇာမှ ထွက်ခွာမည့် ပါလက်စတိုင်း ၁၅၀ ဦးကို နေ့စဉ်ခွင့်ပြုပေးမည်ဖြစ်ပြီး ဝင်ရောက် လာမည့်သူ ၅၀ ဦးကိုသာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း အစ္စရေး လုံခြုံရေးအရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

ရာဖာနယ်စပ်ဂိတ်ကို အပြည့်အဝပြန်လည်ဖွင့်လှစ်ခြင်းသည် အောက်တိုဘာလလယ်တွင် စတင်ခဲ့သော အမေရိကန်ကြားဝင်စေ့စပ်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ပထမအဆင့်တွင် ပါဝင်သည်။ သို့သော် အစ္စရေးသည် အသက်ရှင်ကျန်ရစ်သူများနှင့် သေဆုံး သွားသူများ အပါအဝင် ဓားစာခံအားလုံးကို ပြန်လည်မရရှိမချင်း နယ်စပ်ဂိတ်ဖွင့်ရန် ငြင်းဆို ခဲ့သည်။ ပြီးခဲ့သည့်အပတ်က နောက်ဆုံးကျန်ရှိနေသည့် သေဆုံးသူဓားစာခံ ရန် ဂီဗီလီ (Ran Givili) ၏ ရုပ်အလောင်းကို အစ္စရေးသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။

ရာဖာနယ်စပ်ဂိတ်တွင်ဝင်ရန်တန်းစီစောင့်ဆိုင်းနေကြသောကုန်တင်ကားများ။(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယခင်က ငါးဖမ်းရန် အသုံးပြုခဲ့သော ဤပိုက်ကွန်များသည် ယခုအခါ ရုရှားဒရုန်းများကို ဖမ်းဆီးရန် ဖြစ်လာခဲ့သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နယ်သာလန်နိုင်ငံတွင် တူးလစ် (Tulip) ပန်းပင်များကို ကာကွယ်ရန်
နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဝန်ဆောင်မှု (ICE) အေးဂျင့်များကို စေလွှတ်ခြင်းအပေါ် အီတလီနိုင်ငံ၌ မကျေနပ်မှုများ မြင့်တက်နေသည်။
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 31 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 29 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊