နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိ ရာဖာ (Rafah) နယ်စပ်ဂိတ်သည် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ပြီးနောက် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

စစ်မီးတောက်နေသော ဂါဇာဒေသအတွင်းမှ ပါလက်စတိုင်း အရေအတွက် အနည်းငယ်ကို ပြန်လည်ထွက်ခွာခွင့်ပြုမည့် အစီအစဉ်နှင့် အမေရိကန်က ကြားဝင်စေ့စပ်ထားသည့် အပစ်အခတ်ရပ်စဲရေး ပထမအဆင့် အကောင်အထည်ဖော်မှု၏ အစိတ်အပိုင်းအဖြစ် ဂါဇာနှင့် အီဂျစ်ကြားရှိ ရာဖာနယ်စပ်ဂိတ်ကို တနင်္ဂနွေနေ့တွင် စမ်းသပ်ကာလအဖြစ် စတင်ဖွင့်လှစ် ခဲ့သည်။

၂၀၂၄ ခုနှစ် မေလတွင် အစ္စရေးက သိမ်းပိုက်ပြီးကတည်းက အများအားဖြင့် ပိတ်ထားခဲ့သည့် အဆိုပါ အရေးပါသော နယ်စပ်ဂိတ်ကို ပြန်လည်လည်ပတ်နိုင်ရန် ဥရောပသမဂ္ဂ၊ အီဂျစ်နှင့် အခြားပါဝင်ပတ်သက်သူများက ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ကြောင်း အစ္စရေး၏ နယ်မြေများ ဆိုင်ရာ အစိုးရလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (COGAT) အရ သိရသည်။

နယ်စပ်ဂိတ်ကို “ ဒေသခံများအနေနှင့် အကန့်အသတ်ဖြင့်သာ ဖြတ်သန်းသွားလာရန်” ဖွင့်လှစ် ပေးမည်ဖြစ်ကြောင်း COGAT က ရှင်းလင်းစွာ ပြောကြားခဲ့သော်လည်း ဒေသခံ များကို မည်သည့်နေ့မှစ၍ ဖြတ်သန်းခွင့်ပြုမည်ဆိုသည့် ရက်စွဲကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေး ပေ။ ဂါဇာကို စီမံခန့်ခွဲမည့် ပါလက်စတိုင်း နည်းပညာရှင်ကော်မတီ၏ အကြီးအကဲဖြစ်သူ အလီ ရှာ့သ် (Ali Shaath) ကမူ နယ်စပ်ဂိတ်ကို တနင်္လာနေ့တွင် နှစ်ဖက်စလုံးသို့ ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ဂါဇာမှ ထွက်ခွာမည့် ပါလက်စတိုင်း ၁၅၀ ဦးကို နေ့စဉ်ခွင့်ပြုပေးမည်ဖြစ်ပြီး ဝင်ရောက် လာမည့်သူ ၅၀ ဦးကိုသာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း အစ္စရေး လုံခြုံရေးအရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

ရာဖာနယ်စပ်ဂိတ်ကို အပြည့်အဝပြန်လည်ဖွင့်လှစ်ခြင်းသည် အောက်တိုဘာလလယ်တွင် စတင်ခဲ့သော အမေရိကန်ကြားဝင်စေ့စပ်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ပထမအဆင့်တွင် ပါဝင်သည်။ သို့သော် အစ္စရေးသည် အသက်ရှင်ကျန်ရစ်သူများနှင့် သေဆုံး သွားသူများ အပါအဝင် ဓားစာခံအားလုံးကို ပြန်လည်မရရှိမချင်း နယ်စပ်ဂိတ်ဖွင့်ရန် ငြင်းဆို ခဲ့သည်။ ပြီးခဲ့သည့်အပတ်က နောက်ဆုံးကျန်ရှိနေသည့် သေဆုံးသူဓားစာခံ ရန် ဂီဗီလီ (Ran Givili) ၏ ရုပ်အလောင်းကို အစ္စရေးသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။

ရာဖာနယ်စပ်ဂိတ်တွင်ဝင်ရန်တန်းစီစောင့်ဆိုင်းနေကြသောကုန်တင်ကားများ။(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 23 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ F-15E ၏ လေယာဉ်မှူးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံအတွင်း ပျောက်ဆုံးနေသော အမေရိကန် လေယာဉ် အမှုထမ်းကို ရှာဖွေရာတွင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ‘ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော’ အခြေအနေများနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 24 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ရန်သူ့နယ်မြေအတွင်း ပျက်ကျသွားသော လေယာဉ်အမှုထမ်းများကို ပြန်လည်ကယ်တင်ရန် အမေရိကန်လေတပ်မှ Pararescue (လေထီးခုန်ကယ်ဆယ်ရေး) တပ်ဖွဲ့ဝင်များသည် အထူးလေ့ကျင့်ထားကြသူများဖြစ်သည်။ အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသည့် အမေရိကန် F-15
ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 24 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းဆိုမှု၏ အစိတ်အပိုင်းအဖြစ် ကာကွယ်ရေးအတွက် ခန့်မှန်းခြေ